• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“ရုပ်ရှင်ပွဲတော်တွေမှာ မြန်မာနိုင်ငံ ရုပ်ရှင်နယ်ပယ်ကလူတွေ လာကြည့်ကြတာ နည်းတယ်”

by ယုဖြူဟန်
18 January 2019
in Entertainment
A A
အကယ်ဒမီ ဆွေဇင်ထိုက် / ယုဖြူဟန် / ဧရာဝတီ

အကယ်ဒမီ ဆွေဇင်ထိုက် / ယုဖြူဟန် / ဧရာဝတီ

4.8k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံမှာ နိုင်ငံတကာမှ ရုပ်ရှင်ပွဲတော်များစွာ လာရောက်ပြသမှုများ ရှိနေပေမယ့် မြန်မာ့ရုပ်ရှင်လောကရဲ့ Main Stream က လူတွေ လာရောက်ကြည့်ရှုတာ နည်းပါးနေတယ်လို့ အကယ်ဒမီ ဆွေဇင်ထိုက်က သုံးသပ်ပြောခဲ့ပါတယ်။

“ကျမတို့ တိုင်းပြည်မှာက ထူးခြားတာက ရုပ်ရှင်ပွဲတော်တွေမှာ ဘယ်တော့မှ ပိုက်ဆံမယူဘူး။ အလကားပြတယ်။ အလကားပြတာကို လာကြည့်တဲ့ ပရိသတ်တွေကို ကြည့်မယ်ဆိုရင်တော့ များသောအားဖြင့် ရုပ်ရှင်ထုတ်လုပ်တဲ့ထဲ Main Stream ထဲက လူကအရမ်းနည်းတယ်။ သူတို့မှာ အချိန် မရှိဘူးနဲ့ တူပါတယ်။ ဒါမှမဟုတ် တတ်ပြီးသားမို့လို့ ထပ်ပြီးတော့ သင်ယူစရာမလိုလို့လည်း ဖြစ်ချင်ဖြစ်နေမှာ။ ဒါပေမဲ့ ရုပ်ရှင်ကြည့်တဲ့သူတွေက တော်တော်များများ လာကြည့်တာကို တွေ့ရပါတယ်”လို့ အကယ်ဒမီ ဆွေဇင်ထိုက်က ပြောပါတယ်။

RelatedPosts

မြိတ်မြို့

မြိတ်မြို့

11 May 2025
542
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
238
ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

7 May 2025
779

မြန်မာနိုင်ငံမှာ လာရောက်ပြသကြတဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်များမှာ များသောအားဖြင့် သက်ဆိုင်ရာသံရုံးများနဲ့ ပူးပေါင်းကာ အခမဲ့ပြသကြပြီး နိုင်ငံတကာမှာတော့ အခကြေးငွေများဖြင့် ပြသကြတာဖြစ်တယ်လို့ သိရပါတယ်။

“နိုင်ငံတကာမှာဆိုရင် ရုပ်ရှင်ပွဲတော်မှာ ရုပ်ရှင်ကြည့်ဖို့ဆို လက်မှတ်က ဝယ်ရပါတယ်။ ကြိုပြီးတော့ ဝယ်ရပါတယ်။ ကျမတို့လို ဧည့်သည် သင်တန်းသားအနေနဲ့ သွားတဲ့သူတွေတောင် တခါတလေကြည့်ချင်တဲ့ကား လက်မှတ်ကုန်သွားလို့ မကြည့်ရတာတွေတောင် ရှိတယ်။ ဒါကို အခွင့်အလမ်းတခု အနေနဲ့ မြင်မယ်ဆိုရင် သိပ်ကောင်းပါတယ်”လို့ အကယ်ဒမီ ဆွေဇင်ထိုက်က ပြောပါတယ်။

နိုင်ငံတကာမှ ရုပ်ရှင်များ လာရောက်ပြသတဲ့ အပေါ်မှာလည်း အကယ်ဒမီ ဆွေဇင်ထိုက်က သူမရဲ့အမြင်ကို အခုလိုပြောပြခဲ့ပါတယ်။

“ရုပ်ရှင်ပွဲတော်တွေကို ပြပေးတာဟာ ရုပ်ရှင်သမားတွေအနေနဲ့ ဘယ်လိုရုပ်ရှင်တွေကို ရိုက်သွားသလဲ။ ရွေးသွားသလဲ။ တွေးသွားသလဲဆိုတာကို သိစေချင်ပါတယ်။ ပြီးတော့ ရုပ်ရှင်ကြည့်တဲ့သူတွေကလည်း ဒီတိုင်းပဲ။ ပြည်တွင်းထုတ်တဲ့ ရုပ်ရှင်တွေရဲ့ ပေးနေတဲ့ Message တွေရယ်။ ရလာခဲ့တဲ့ ရသတွေနဲ့ ဗဟုသုတတွေနဲ့ ပြည်ပမှာရှိတဲ့ ရသတွေနဲ့ ဗဟုသုတတွေကို တွေ့ဖို့အတွက် အခွင့်အလမ်းလို့ ကျမကတော့ ယုံကြည်ပါတယ်” လို့ အကယ်ဒမီ ဆွေဇင်ထိုက်က ပြောပါတယ်။

မကြာမီမှာလည်း ဂျပန်ရုပ်ရှင်ပွဲတော်ကို ရန်ကုန်နဲ့ မန္တလေးမှာ ပြုလုပ်သွားမှာဖြစ်ပြီး အဆိုပါ ပွဲတော်မှာ ပြသမယ့် ရုပ်ရှင်ဇာတ်ကားများကိုလည်း အကယ်ဒမီ ဆွေဇင်ထိုက် ပါဝင်တဲ့ ဆင်ဆာအဖွဲ့မှ ရွေးချယ်ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။

“ရုပ်ရှင်ဆိုတာက ကြည့်ပေးရပါတယ်။ နောက်ပြီး ၃၆၀ ဒီဂရီကလည်း တွေးကြည့်ရပါတယ်။ မြင်ရုံနဲ့တင်မဟုတ်ဘူး။ အမြင်ရဲ့နောက်က ပေးချင်တဲ့ Message တွေကို တွေးယူရတာ ဖြစ်ပါတယ်။ ဒီလိုတွေးယူခြင်းအားဖြင့် ကိုယ့်ရဲ့အတွေးမှာလည်း အာဟာရ ပြည့်တယ်။ ကိုယ့်ရဲ့အတွေးတွေနဲ့ အရွေးတွေမှာလည်း အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်”လို့ အကယ်ဒမီ ဆွေဇင်ထိုက်က ပြောပါတယ်။

Your Thoughts …
Tags: ရုပ်ရှင်ပွဲတော်အကယ်ဒမီ ဆွေဇင်ထိုက်
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

ပြည်ပရောက်နေလည်း ရုပ်ရှင်တွေနဲ့ လွတ်မြောက်ရေး တိုက်ပွဲကို ဆက်ပံ့ပိုးနေ

ပြည်ပရောက်နေလည်း ရုပ်ရှင်တွေနဲ့ လွတ်မြောက်ရေး တိုက်ပွဲကို ဆက်ပံ့ပိုးနေ

by Scott Roxborough
16 September 2024
1.5k

မြန်မာရုပ်ရှင်သမားများဖြစ်သည့် ဒါရိုက်တာ ဏကြီးနှင့် ပိုင်ဖြိုးသုတို့သည် နိုင်ငံလွတ်မြောက်ရေး အတွက် လွန်ခဲ့သော သုံးနှစ်အတွင်း ပြည်ပမှ ဆက်လက် တိုက်ပွဲဝင်နေသည်။

“မီ” ရုပ်ရှင်နဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကား

“မီ” နဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ကား လာအို ရုပ်ရှင်ပွဲတော်မှာ ပြသရန် ရွေးချယ်ခံရ

by ယုဖြူဟန်
24 November 2020
7.2k

လာအိုနိုင်ငံမှာ ကျင်းပတဲ့ အရှေ့တောင်အာရှ ရုပ်ရှင်ပွဲတော် "လွမ်ပရာဗန်" ရုပ်ရှင်ပွဲတော်မှာ ၁၀ ရက်ကြာ ပြသမယ့် အစီအစဉ်ထဲ ပါဝင်တာဖြစ်တယ်လို့ သိရပါတယ်။

သရုပ်ဆောင် မွန်းဆိုရီ

ဗင်းနစ်နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် အကဲဖြတ်ဒိုင်အဖြစ် မွန်းဆိုရီ ပါ၀င်ဆောင်ရွက်မည်

by နန္ဒာနွယ်ဦး
1 August 2016
1.8k

ရုပ်ရှင်ပွဲတော်ကော်မတီရဲ့ ပြောကြားချက်အရ မွန်းဆိုရီအား အကဲဖြတ်ဒိုင်အဖြစ် ဖိတ်ကြားရခြင်းမှာ သူ့ရဲ့ ထူးခြားတဲ့ သရုပ်ဆောင်မှုစွမ်းရည်များကြောင့်လို့ ဆိုခဲ့ပြီး ကိုရီးယားရုပ်ရှင်များတွင် သူ့ရဲ့ ထူးခြားတဲ့ သရုပ်ဆောင် စွမ်းရည်များကို တွေ့မြင်ရခြင်းကြောင့်ဖြစ်ပါတယ်။

အကယ်ဒမီ ဆွေဇင်ထိုက်  / ယုဖြူဟန် / ဧရာဝတီ

“ဒီက အနုပညာရှင်တွေက ထမင်းစားဖို့အတွက် လုပ်ကြတဲ့ပုံစံက များတယ်”

by ယုဖြူဟန်
16 November 2020
7.7k

အခုအချိန်မှာ ရုပ်ရှင်ရိုက်ရတဲ့ ကာလတွေထက် ကြော်ငြာတွေ ရိုက်ကူးရမှုက ပို၍ လှုပ်လှုပ်ခတ်ခတ်ရှိနေပြီး ကြောငြာကဏ္ဍဟာ Zero ဖြစ်မသွားဘူးလို့ ဆိုပါတယ်။

Next Post
နေ့သစ် စီအီးအို ကိုနော်စမစ်နှင့် လုပ်ငန်းခွင် တာဝန်ခံ ကိုစိုပြေဦးတို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်း ဘန်ကောက်မြို့ Seedstars အာရှထိပ်သီး အစည်းအဝေးသို့ တက်ခဲ့ကြသည် /  Seedstars / Facebook

နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန် ကြိုးပမ်းနေသည့် ပြည်တွင်း နည်းပညာ ပွင့်သစ်စလုပ်ငန်း

ဒါရိုက်တာ သားညီ

"ကျနော့်ထက် သိပြီး၊ တော်တဲ့ တတ်တဲ့သူတွေဆီက အမြဲ တပည့်ခံတယ်"

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5.2k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate