Entertainment

၁၀ နှစ်အကြာမှာ ဇာတ်လမ်းတွဲ ပြန်လည်ရိုက်ကူးနိုင်ချေရှိနေတဲ့ မင်းသား လီဂျွန်ဂျယ်

ကိုရီးယားနာမည်ကြီး မင်းသား လီဂျွန်ဂျယ်ကို စောင့်မျှော်နေတဲ့ ပရိသတ်တွေအတွက် သတင်းကောင်းပါပဲ။ မင်းသားဟာ မကြာမီရိုက်ကူးတော့မယ့် “Advisor” လို့ ယာယီနာမည်ပေးထားတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ် ဆောင်နိုင်ချေရှိတယ်လို့ သတင်းတွေထွက်နေပါတယ်။

“Advisor” ဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်းရေးဆရာကတော့ လီဒါဟီဖြစ်ပြီး OCN ရုပ်သံကထုတ်လွှင့်ခဲ့တဲ့ “Life On Mars” ဇာတ်လမ်းတွဲကို ရေးသားခဲ့သူတယောက်ပါ။

မင်းသား လီဂျွန်ဂျယ်ရဲ့ အေဂျင်စီက ထုတ်ပြန်ချက်မှာတော့ “ဇာတ်လမ်းတွဲအသစ်မှာ ကမ်းလှမ်းခံထားရတာ မှန်ပါတယ်။ ဒါပေမယ့် သေချာတော့ မဆုံးဖြတ်ရသေးပါဘူး။ လောလောဆယ် သူဇာတ်ညွှန်းဖတ်ကြည့်နေတယ်” လို့ဆိုပါတယ်။

တကယ်လို့ မင်းသားလီဂျွန်ဂျယ်တယောက် ဒီဇာတ်လမ်းတွဲကို လက်ခံဖြစ်ခဲ့မယ်ဆိုရင် ဇာတ်လမ်းတွဲတွေနဲ့ ၁၀ နှစ်ကြာ ကင်းကွာနေရာကနေ ပထမဆုံးပြန်လည်ရိုက်ကူးမယ့် ဇာတ်လမ်းတွဲဖြစ်လာမှာပါ။ သူနောက်ဆုံးသရုပ် ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲကတော့ ၂၀၀၉ ခုနှစ်က MBC ရုပ်သံကထုတ်လွှင့်ခဲ့တဲ့ “Triple” ဇာတ်လမ်းတွဲမှာပါ။

မင်းသားဟာ ၂၀၁၇ခုနှစ် နဲ့ ၂၀၁၈ခုနှစ် မှာ ရုပ်ရှင်ချစ်သူတွေကြား ရေပန်းစားခဲ့ “Along with the Gods” ရုပ်ရှင်တွေမှာ သေမင်း King Yeomra အဖြစ်ပါဝင်ခဲ့ပြီး လူကြိုက်များခဲ့သလို ၂၀၁၉ခုနှစ် မှာ ထွက်ရှိတော့မယ့်လျှိူ့ဝှက်သည်းဖို ဇာတ်ကားအသစ် “Sabaha” မှာလည်း ခရစ်ယာန်ဘုန်းကြီး ပါ့ခ်အဖြစ်ပါဝင်ထားပြီး ဘုရားရှိခိုးကျောင်းမှာ ပေါ်ပေါက်ခဲ့တဲ့ သံသယဖြစ်ဖွယ် မတော်တဆမှုတွေအကြောင်း ရိုက်ကူးထားတာပါ။

“Sabaha” ဇာတ်ကားအပြင် မင်းသားလီဂျွန်ဂျယ်ဟာ “Wiretap” ၊ “Namsan” ဇာတ်ကားတွေမှာလည်း ပါဝင် သွားဖို့ရှိနေပါတယ်။

လီဂျွန်ဂျယ်ဟာ ၂၀၁၆ ခုနှစ်၊ မေလမှာ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သူ ဂျွန်ဝူဆောင်းနဲ့အတူ ဖျော်ဖြေရေး အေဂျင်စီ တခုဖြစ်တဲ့ “Artist Company” ကို ထူထောင်ခဲ့ပြီး ပူးတွဲတည်ထောင်သူ CEO တ ယောက်လည်းဖြစ်ပါတယ်။

Ref: Soompi

Loading