Entertainment

ကမ္ဘာပေါ်က ရှေးအကျဆုံး ပစ္စည်း ၃ ခု

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာကြီးရဲ့ သက်တမ်းဟာ လေး ဒဿမ ငါး ဘီလီယံ ရှိပြီလို့ ခန့်မှန်းထားကြပါတယ်။ လောလောဆယ်မှာတော့ အရမ်းရှေးကျတဲ့ နေရာတွေ နဲ့ အသုံးအဆောင်ပစ္စည်းတွေကို ရှာဖွေတွေ့ရှိနေဆဲပဲ ဖြစ်ပါတယ်။

ရှေးဟောင်းပစ္စည်းတွေဟာ အမြဲ လှပနေတယ်လို့ တင်စားသူတွေကလည်း ထုနဲ့ဒေးပါပဲ။ ဒါကြောင့် ဒီတခါမှာ ကမ္ဘာပေါ်က ရှေးအကျဆုံးပစ္စည်းတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) နေကာမျက်မှန်

ယနေ့ခေတ်နေကာမျက်မှန်တွေကို တပ်သလို နေကိုကာဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ တီထွင်ထားတဲ့ မျက်မှန်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် ကွာခြားတာကတော့ မှန်နဲ့ ပြုလုပ်ထားတာ မဟုတ်ပါဘူး။ သားရေနဲ့ ပြုလုပ်ထားတဲ့ မျက်မှန်ပုံစံမှာ မျက်လုံးအတွက် အပေါက်ကျဉ်းလေးတခုကို ဖောက်ထားပေးပါတယ်။ ဒီမျက်မှန်တွေကိ ကနေဒါနိုင်ငံနဲ့ အာတိတ်ဒေသတွေမှာ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

(၂) ရေဆွဲအိမ်သာ

ယနေ့ခေတ်မှာ သုံးနေတဲ့ မြန်မာအခေါ်အဝေါ် ဘိုထိုင်အိမ်သာလို အိမ်သာမျိုးကို အေဒီ ၁ ရာစုလောက်က တူရကီနိုင်ငံမှာ စတင်အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ အိမ်သာမှာ အပေါက်တပေါက်ဖောက်ထားပြီး အဲဒီအပေါက်မှာ အပေါ့အလေးစွန့် ရတာ ဖြစ်ပါတယ်။ စွန့်ပစ်ပြီးသား အညစ်အကြေးတွေ ရှင်းသွားဖို့ အတွက် အောက်မှာ ရေမြောင်းပုံစံပြုလုပ်ထားပေးပြီး ရေစီးအမြဲရှိအောင် ပြုလုပ်ထားပေးပါတယ်။

(၃) ခြေတု

လွန်ခဲ့တဲ့ နှစ် သုံးထောင်ခန့်က ပြုလုပ်ခဲ့တဲ့ ဆေးစိမ်ရုပ်အလောင်း(မံမီ) တခုကို ထူးဖော်ရရှိတဲ့ အခါ အဲဒီရုပ်အလောင်းမှာ ခြေတုတခု ပါနေတာကို တွေ့ခဲ့ရပါတယ်။ ခြေမနေရာကို သစ်သားနဲ့ အစားထိုးထားတဲ့ ခြေတုဖြစ်တယ်လို့ သိရပါတယ်။ ခြေထောက်ပိုင်ရှင်ဟာ အမျိုးသမီးတဦးဖြစ်တယ်လို့ ခန့်မှန်းထားပြီး အဲဒီအမျိုးသမီးဟာ ဘီစီ ၉၅၀ လောက်က အသက်ရှင်နေထိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Ref;mmn

Did you find apk for android? You can find new Free Android Games and apps.
Loading