ကမ္ဘာကျော်မင်းသမီး Michelle Yeoh ဟာ “Crouching Tiger, Hidden Dragon” ရုပ်ရှင်ရဲ့ ပထမဆုံး အက်ရှင်ရိုက်ကွင်း ပြီးတဲ့နောက် ဒူးခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး နာကျင်မှုခံစားနေရတဲ့အချိန်မှာပဲ အလုပ်ဆက်လုပ်ခဲ့ရတယ်လု့ိ ပြောဆိုလိုက် ပါတယ်။
မင်းသမီးဟာ ဒါရိုက်တာ အန်းလီရိုက်ကူးခဲ့တဲ့ အဲ့ဒီရုပ်ရှင်မှာ ခြေထောက်ကျောက်ပတ်တီးစည်းထားခဲ့ရပြီး ရိုက်ကူးရေး မှာလည်း တချက်မှ မနားခဲ့ရဘူးလို့ ဆိုလိုက်ပါတယ်။ မင်းသမီးက “ကျမက နောက်ဆုံးအက်ရှင်ဇာတ်ဝင်ခန်းတွေ ပြန်လုပ်လို့ရတဲ့အချိန်အထိ ကျောက်ပတ်တီးနဲ့ အလုပ်လုပ်ခဲ့ရပါတယ်” လို့ အင်တာဗျူးတခုအတွင်းမှာ ပြောဆိုခဲ့ပါတယ်။
အဲဒီ့ရုပ်ရှင်ရိုက်ကွင်းမှာ အောက်ကခြေထောက်ကို သစ်သားလေးချောင်းထောက်နဲ့ ထောက်ထားခဲ့ရပြီး ရုပ်ရှင်ထဲမှာတော့ ပရိသတ်တွေဟာ အပေါ်ပိုင်းလှုပ်ရှားမှုတွေကိုပဲ မြင်တွေ့ခဲ့ကြရတာလို့ ဆိုပါတယ်။ သူအဲဒီလို ဒဏ်ရာရခဲ့တာတောင် အပင်ပန်းရိုက်ကူးခဲ့ရတယ်ဆိုတဲ့ ကိစ္စကို ဒါရိုက်တာ အန်းလီက အခြားနောက်ထပ် ခေါင်းဆောင်မင်းသမီးတွေအပေါ် အဲဒီလိုကျင့်သုံးမှာကိုတော့ စိုးရိမ်မိတယ်လို့ ဆိုပါတယ်။
‘Brokeback Mountain’ ရုပ်ရှင်ထဲက မင်းသမီး Michelle Williams ကို ဒါရိုက်တာ အန်းလီရဲ့ ပြောကြားချက်ကိုလည်း ပြန်ပြောင်းပြောပြခဲ့ပါတယ်။
မင်းသမီး Michelle က “သူ(အန်းလီ) က မင်းသမီး Michelle Williams ဆီကို လှည့်ပြီးပြောလိုက်တယ်။ Michelle တောင် ဒဏ်ရာရနေတာကို အက်ရှင်ဇာတ်ဝင်ခန်းရိုက်ခဲ့ရတယ်။ မင်းက ဘာလို့ မရိုက်နိုင်ရတာလဲ တဲ့” လို့ ဆိုပါတယ်။
မင်းသမီး Michelle Yeoh ဟာ နှစ်ပေါင်းများစွာကြာ စတန့်ပြန်ကွက်တွေကို လုပ်ဆောင်ခဲ့ပြီး အခုလိုမျိုး စတန့်ပြကွက်တွေ လုပ်နိုင်ခဲ့တာဟာ ငယ်စဉ်ကလေးဘဝက ဘဲလေးအကကို ကခဲ့လို့ ဆိုပြီး ပြောပါတယ်။ ဒါပေမယ့် မင်းသားကြီး ဂျက်ကီချန်းနဲ့ ရိုက်ကူးခဲ့တဲ့ “Supercop” ရုပ်ရှင်မှာတော့ သူ့ရဲ့ဘဝအဆုံးသတ်လုနီးပါး ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
မင်းသမီးက “ကျမက ဗင်ကားထဲမှာ လိမ့်သွားခဲ့ပြီး ဂျက်ကီပါလာတဲ့ ကားကို သွားတိုက်မိတယ်။ အဲဒီ့နောက် မြဲမြဲ ကိုင်ထားခဲ့ရတယ်။ ဗင်ကားထဲကနေ ဂျက်ကီရဲ့ ကားဆီကို ၇ ပေလောက် လွင့်ထွက်သွားတယ်။ သွားပြီ။ အကုန်လွဲကုန်ပြီလို့ သိလိုက်တယ်။ ကားထဲမှာ ထရပ်လိုက်တယ်။ မှန်ကွဲစတွေကလည်း ရှတယ်။ အဲဒါနဲ့ ကားထဲကနေ ဘေးတစောင်းလေးလျောပြီး ထွက်ခဲ့ရတယ်”
“တခြားစတန့်သမားတယောက်က ကျမကို ဖမ်းဖို့ လုပ်ခဲ့ရတယ်။ သူမောင်းလာတဲ့အချိန်က အရမ်းမြန်လွန်းတော့ ဆေးရုံကို တန်းရောက်သွားတော့တာပါပဲ။ အဲဒီ့အချိန်မှာ ဘယ်သူကမှ ကဒ် လို့မအော်ကြဘူး။ သူတို့တွေ ဆက်ရိုက်နေကြတယ်။ ကျမကို ကာကွယ်ပေးတဲ့ ဂျက်ကီပြောနေတာကိုကြားလိုက်ရတယ်။ ကဒ် ကဒ် ကဒ်တဲ့။ ဒီနေ့အတွက်တော့ ဒီလောက်ပဲတဲ့။ ကျမက ပြေးလမ်းပေါ်မှာ ခေါင်းနဲ့ မထွက်လာရဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ခဲ့လို့ ကံကောင်းတယ်လို့ ဆိုရမယ်” လို့ ပြောဆိုခဲ့ပါတယ်။
Ref: aceshowbiz