Entertainment

ဖျော်ဖြေရေး အေဂျင်စီထူထောင်လိုက်တဲ့ အဆိုတော် Psy

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာကျော် တောင်ကိုရီးယားအဆိုတော် Psy ဟာ ဂီတလုပ်ငန်းမှာ သူကျင်လည်ခဲ့တဲ့ ၁၉ နှစ်တာ အတွေ့ အကြုံတွေကို ဝေမျှဖို့ ဖျော်ဖြေရေးအေဂျင်စီတစ်ခုကို ထူထောင်လိုက်ပြီဆိုတဲ့ အကြောင်းကို ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

Psy ဟာ အဲဒီ့သတင်းကို သူ့ရဲ့ Instagram အကောင့်ကနေ တဆင့် ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။ သူက “ကျနော် ကုမ္ပဏီတခုကို ထူထောင်လိုက်ပါပြီ။ ကုမ္ပဏီနာမည်ကတော့ P Nation ဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

အခုလိုမျိုး ကုမ္ပဏီထူထောင်လိုက်ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သူက “ကျနော်ဟာ အဆိုတော်၊ ထုတ်လုပ်သူ၊ မန်နေဂျာ၊ အခြားလူတွေနဲ့အတူ စီစဉ်သူတယောက်အနေနဲ့ တွေ့ကြုံခဲ့တဲ့ ၁၉ နှစ်အတွေ့အကြုံကို ဝေမျှချင်ပါတယ်။ သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတဲ့ စိတ်အားထက်သန်တဲ့ ပရောဖက်ရှင်နယ်တွေအတွက် လေ့ကျင့်နေရာတခုကို ကြိုးစားပေးသွားမှာပါ” လို့ဆိုပါတယ်။

“Gangnam Style” သီချင်းနဲ့ တကမ္ဘာလုံးမှာပေါက်ခဲ့တဲ့ အဆိုတော် Psy ဟာ ဆိုးလ်မှာ အခြေစိုက်တဲ့ YG ဖျော်ဖြေရေး ကုမ္ပဏီကနေ ပြီးခဲ့တဲ့နှစ် မေလမှာ နုတ်ထွက်ခဲ့ပြီး ကုမ္ပဏီနဲ့ ၈ နှစ်စာချုပ်ကို အဆုံးသတ်ခဲ့ပါတယ်။

သူက “P Nation ကို ပရော်ဖက်ရှင်နယ် မန်နေဂျာတယောက်က ဦးဆောင်မှာပါ” ဟု ပြောကြားခဲ့ပြီး အသေးစိတ် အချက်အလက်များကို မကြာမီအနာဂတ်မှာ ချပြသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Park Jae Sang လို့ခေးတဲ့ Psy ဟာ အသက် ၄၁ နှစ်ရှိနေပြီဖြစ်ပြီး အခုနောက်ပိုင်း ဂီတလုပ်ငန်းတွေနဲ့ အလှမ်းဝေးနေသူ ဖြစ်ပါတယ်။

Ref:Yonhap

Did you find apk for android? You can find new Free Android Games and apps.
Loading