“Wonder Woman” ရဲ့ ဒုတိယမြောက်နောက်ဆက်တွဲ ရုပ်ရှင်ဖြစ်တဲ့ “Wonder Woman 1984” ရုပ်ရှင်ကို လာမယ့် ၂၀၂၀ ခုနှစ်၊ ဇွန်လမှာ ရုံတင်မှာဖြစ်ပါတယ်။
ဒါပေမယ့် အသစ်ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာတော့ ဒါရိုက်တာ Patty Jenkins က တတိယမြောက်ရုပ်ရှင်ကို ဘယ်လိုအိုင်ဒီယာနဲ့ ပုံဖော်မယ်ဆိုတာကို စဉ်းစားပြီး ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Vanity Fair မီဒီယာနဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးတခုမှာ အမျိုးသမီး ဒါရိုက်တာ Jenkins က သူဟာ “Wonder Woman 3” ရုပ်ရှင်ကို ဘယ်အချိန်မှာ ချပြရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း စီစဉ်ထားပြီးဖြစ်တယ်လို့ ပြောဆိုလိုက်တာဖြစ်ပါတယ်။
ဒါပေမယ့် သူက အဲဒီ့ရုပ်ရှင်ကို ရိုက်ကူးဖြစ်မလားဆိုတာ မကျိန်းသေပေမယ့် Wonder Woman ရဲ့ ဘဝကို ဘယ်လို အဆုံးသတ်ရမယ်ဆိုတဲ့ အကြံဉာဏ် သူ့မှာရှိပြီးသားလို့ဆိုပါတယ်။ ဒါရိုက်တာ Jenkins ကတော့ အဲဒီ့ရုပ်ရှင်ကို ရိုက်ကူးချင်နေပြီး အရင်ရိုက်ကူးပြီးဖြစ်တဲ့ “Wonder Woman 1984” ဇာတ်လမ်းရဲ့ အနောက်ကနေ ဆက်လက် ဇာတ်အိမ်တည်မှာဖြစ်တယ်လို့ဆိုပါတယ်။
“Wonder Woman 1984” ရုပ်ရှင်မှာတော့ မင်းသမီး Gal Gadot, မင်းသား Chris Pine နဲ့ မင်းသား Robin Wright တို့က ဦးဆောင်ပါဝင်ထားကြပါတယ်။
ပြီးတော့ အမျိုးသမီးဇာတ်ကောင်ဦးဆောင်တဲ့ ရုပ်ရှင်ရိုက်ဖို့အတွက် အခုလက်ရှိ ဒါရိုက်တာ Jenkins ကလွဲရင် တခြားသူတွေနဲ့ဆို အဆင်သိပ်မပြေနိုင်ဘူး။ ပြီးတော့ ဒါရိုက်တာအနေနဲ့ အခက်အခဲတွေကိုပေးခဲ့တဲ့ သူ့အမေ အကြောင်းကို ပြောဆိုဖူးပေမယ့် အခုလိုမျိုး သူဒုက္ခတွေကြုံရတာဟာ အမျိုးသမီးတွေအနေနဲ့ ခွန်အားတွေ ရှိတယ်ဆိုတာကို ပြသနိုင်ဆိုတာကို ခံစားရစေတယ်လို့လည်း ဆိုပါတယ်။
သူ့ကိုသူ အမျိုးသမီး ဒါရိုက်တာအနေနဲ့ နာမည်မတပ်လိုဘူးလို့ ဆိုပါတယ်။ ဘာကြေင့်လဲဆိုတော့ အမျိုးသားတွေဦးစီးတဲ့ အရာတွေကို ဖန်တီးဖို့ အမျိုးသမီးဒါရိုက်တာတွေကို ငှားကြရအောင်ဆိုတဲ့ စကားကို မကြားချင်လို့ ဆိုပါတယ်။ ပြီးတော့ ရုပ်ရှင်လုပ်ငန်းထဲမှာ အမျိုးသမီး ဒါရိုက်တာတွေအတွက် တချို့ကိစ္စတွေ ပြောင်းလဲလာပြီလို့ ယုံကြည်ထားတယ်လို့ ဆိုပါတယ်။
Ref: etcanada