Entertainment

အချစ်ဇာတ်လမ်း တခန်းရပ်သွားပြီဖြစ်တဲ့ Kai နဲ့ Jennie

၂၀၁၉ ခုနှစ် ပထမဆုံးရက်မှာပဲ ပရိသတ်တွေကြား Dating သတင်းနဲ့ လှုပ်ခတ်အောင်လုပ်ခဲ့တဲ့ EXO အဖွဲ့ဝင် Kai နဲ့ BlackPink အဖွဲ့ဝင် Jennie တို့နှစ်ယောက်ဟာ ချစ်သူတွေဖြစ်နေတဲ့အကြောင်း ပရိသတ်ကိုချပြပြီး ၁ လ အကြာမှာပဲ ပြတ်စဲသွားကြပြီလို့ သတင်းတွေထွက်ပေါ်လာပါတယ်။

ထွက်ပေါ်လာတဲ့သတင်းအရ Kai နဲ့ Jennie တို့ ချစ်သူအဖြစ်ကနေ ပြတ်စွဲသွားပြီလို့ ဇန်နဝါရီ ၂၅ ရက် SBS funE က ထုတ်ပြန်တဲ့ သတင်းမှာဖော်ပြထားတဲ့အပြင် ကိုရီးယားနိုင်ငံရဲ့ တခြားသတင်းဆိုဒ်တွေမှာပါ ဖော်ပြနေ ကြတာမလို့ မှန်ကန်နိုင်တယ်လို့ ပရိသတ်တွေက ထင်ကြေးပေးနေပါတယ်။

သတင်းမှာတော့ Kai နဲ့ Jennie တို့နှစ်ယောက် ပြတ်စဲသွားပါပြီ။ ကိုယ့်အလုပ်တွေအပေါ်မှာပဲ စိတ်နှစ်ပြီး အ ကောင်းဆုံးကြိုးစားသွားကြမှာပါ။ တယောက်နဲ့တယောက် စီနီယာ၊ ဂျူနီယာဆက်ဆံရေးနဲ့ လိုအပ်တာ ကူညီ ပေးသွားမှာပါလို့ ဖော်ပြထားပါတယ်။ ဆက်လက်ပြီး သူတို့နှစ်ယောက်ရဲ့ ဆုံးဖြတ်ချက်က သက်ဆိုင်ရာအဖွဲ့တွေ ရဲ့ အဖွဲ့ဝင်တွေနဲ့ ပရိသတ်တွေအတွက် ရွေးချယ်ခဲ့တာလို့ ဆိုပါသေးတယ်။

နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရ Kai ရဲ့အေဂျင်စီ SM Entertainment ဘက်က ဒီသတင်းကို မှန် ကန်တဲ့အကြောင်း အတည်ပြုပေးလိုက်ပြီမလို့ Kai နဲ့ Jennie တို့နှစ်ယောက်ဇာတ်လမ်း အမှန်တကယ် တခန်းရပ်သွားခဲ့ပါပြီ။

သူတို့နှစ်ယောက်တွဲနေကြတဲ့ Dating သတင်းတုန်းကလည်း SM Entertainment တဘက်တည်းကပဲ အတည်ပြုပေးခဲ့ပြီး Jennie ရဲ့အေဂျင်စီ YG Entertainment ဘက်က ယခုချိန်ထိ ဘာမှ တုန့်ပြန်ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။

သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ဇန်နဝါရီလ ၁ ရက်က Dispatch က ထုတ်ပြန်တဲ့ စုံတွဲပုံတွေကြောင့် ပရိသတ်တွေ သိရှိသွားခဲ့ကြတာပါ။

Kai နဲ့ Jennie တို့နှစ်ယောက် dating သတင်းထွက်ခဲ့တုန်းကလည်း လက် ခံပေးတဲ့သူရော၊ လက်မခံနိုင်သူတွေ ပါရှိခဲ့သလို အခုလို ပြတ်စွဲသွားတဲ့သတင်းထွက်ပေါ်လာတော့လဲ ပရိသတ်တွေကြားမှာ မှတ်ချက်အမျိုးမျိုးပေး နေတာမျိုးတွေ့ရပါတယ်။

Ref: Soompi

Loading