• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“ကြာတော့သည်လည်း မောင့်စကား” ရုပ်ရှင်ဇာတ်ညွှန်းရေးခဲ့ရတာ နောင်တမရတဲ့ မိုးနီလွင်

by မန်းသူ
26 January 2019
in Entertainment
A A
"ကြာတော့သည်လည်း မောင့်စကား" ရုပ်ရှင်ပိုစတာနဲ့ ဇာတ်ညွန်းမိုးနီလွင်

"ကြာတော့သည်လည်း မောင့်စကား" ရုပ်ရှင်ပိုစတာနဲ့ ဇာတ်ညွန်းမိုးနီလွင်

23.9k
VIEWS
Share on FacebookShare on Twitter

စာရေးဆရာမ ဂျူးရဲ့ နာမည်ကျော် ဝတ္ထုတပုဒ်ဖြစ်ခဲ့ပြီး ရုပ်ရှင်အနေနဲ့လည်း ဖန်တီးထားခဲ့ဖူးတဲ့ ‘ကြာတော့သည်လည်း မောင့်စကား’ကို သရုပ်ဆောင်အသစ်၊ ထုတ်ဝေသူအသစ်၊ ဇာတ်ညွှန်းအသစ်တွေနဲ့ ထပ်မံဖန်တီးထားပြီး မကြာခင်ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် ‘ကြာတော့သည်လည်း မောင့်စကား’ ရုပ်ရှင်ကားကြီးကို ဒါရိုက်တာမီးပွားက သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ ဖွေးဖွေးတို့နဲ့ ရိုက်ကူးပြီး ဇာတ်ညွှန်းအသစ်အဖြစ် မိုးနီလွင်ကရေးသားပေးခဲ့တာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ မိုးနီလွင်က ဧရာဝတီကို အခုလိုဆိုပါတယ်။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
249
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
797
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.5k

“ဒီဝတ္ထုကိုဇာတ်လမ်းခွဲရတဲ့အခါ သူများတွေကတော့ တာဝန်ကြီးတယ်လို့ထင်တယ်ပေါ့။ ဆရာမဂျုးရဲ့ဝတ္ထုကို ခွဲရတာ တာဝန်ကြီးတယ်ပေါ့နော်။ နောက်ပြီးလူကြိုက်လည်း အရမ်းများတဲ့ ဇာတ်ကောင်တွေလည်း ဖန်တီးရတယ်။ ပရိသတ်တွေ စွဲနေတဲ့ Plot တွေကိုသရုပ်ဖော်ရတယ် ။ ဒါပေမယ့်ကျနော်အနေနဲ့ အဲဒါတွေလုံးဝမရှိခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင်က ဆရာမဂျူးရဲ့ပရိသတ်ဖြစ်နေလို့” လို့ ဇာတ်ညွှန်းမိုးနီလွင်က ဧရာဝတီကိုပြောပါတယ်။

ဆရာမဂျူးရဲ့ နာမည်ကြီးဝတ္ထုကို ခွဲရတဲ့ဇာတ်ညွှန်းအတွက်စိတ်ဖိစီးမှုရှိ၊ မရှိဆိုတာနဲ့ပတ်သက်ပြီးလည်း အခုလိုဆိုပါတယ်။

“အဲဒီလိုတော့ မရှိဘူး။တခုပဲ။ ကျနော် ဒီကားကို စရိုက်တဲ့အချိန်မှာလည်းပါတယ်။ ရေးတဲ့အချိန်ကတည်းကပေါ့နော်။ ဝတ္ထုဖတ်တယ်၊ ရေးတယ်၊ ရိုက်ပြီးတော့လည်း Edit လုပ်တော့ အကြိမ်ကြိမ်ပြန်ကြည့်ရတယ်။ ပြန်ကြည့်ရတဲ့အခါမှာလည်း ခံစားရတဲ့ပုံစံတွေက မတူဘူး။ ရေးပြီးသွားတုန်းကတော့ ဇာတ်ညွန်းကို တအားသဘောကျတယ်။ ရိုက်တဲ့အချိန်မှာ ကျတော့ အခက်အခဲတွေအများကြီးပဲ။ ကိုယ်မကြိုက်ခဲ့တဲ့အပိုင်းတွေလည်း အများကြီးပဲ”

“ ကိုယ်ကဇာတ်ညွန်းရေး ဆရာတယောက်အနေနဲ့ဒီထက်ဖြစ်ချင်တာ၊ လိုချင်တာတွေရှိခဲ့တယ်။ ကားဆက်ပြီးတော့ ကြည့်လိုက်တဲ့အခါမှာလည်း အမှန်အတိုင်းပြောရရင် သိပ်ပြီးတော့သဘောမကျဘူး။ ကျနော်ဆိုတော်တော်ပြောတယ်။ ဟေ့ ဒီကားကို ငါပရိသတ်နဲ့အတူရုံမှာ ကြည့်ရမှာကြောက်တယ်လို့”

“ဒါပေမယ့် Editတွေပြန်ပြင်တယ်။ သီချင်းတွေထည့်တယ်။ လိုအပ်တဲ့အပိုင်းတွေပြန်ဖြည့်တယ်ပေါ့။ နောက်ဆုံးEditကို ပြန်ကြည့်တော့ ကျနော်တော်တော်ကြီးကြွေသွားတယ်။ ဒီကားကိုရေးခဲ့၊ ရိုက်ခဲ့တဲ့အတွက် နောင်တမရတဲ့ အထဲမှာ ပါတယ်ပေါ့။ ကိုယ်ကြိုက်ခဲ့တဲ့ဝတ္ထု ဒါကြီးကရုပ်ရှင်ကားကြီးတကားဖြစ်သွားတယ်။ ဒီဇာတ်ညွန်းကိုရေးတယ် ။ အကြိမ်ကြိမ်အခါခါလည်း ပြန်ပြင်တာတွေလည်းရှိပါတယ်”

“ဒါပေမယ့် First Draft ပေါ့ထွက်လာတော့.. ပထမဆုံး ဇာတ်ညွန်းကို ပရိုဂျုဆာ မခိုင်မာဝင်း(ရွှေစည်တော်)နဲ့ ဦးမီးပွားကိုပေးလိုက်တဲ့အခါသူတို့က အားသဘောကျတယ်ပေါ့။ မခိုင်မာရော၊ ဦးမီးပွားရောက ကိုမိုးနီရေးတဲ့ဇာတ်ညွန်းထဲမှာ ဒီဇာတ်ညွန်းကကကောင်းဆုံးပဲတဲ့”လို့ မိုးနီလွင်က ဆိုပါတယ်။

“ကြာတော့သည်လမ်း မောင့်စကား” ဇာတ်ဝင်ခန်း

“ကြာတော့သည်လမ်း မောင့်စကား”ကို ရုံမတင်ခင်ကတည်းက ပရိသတ်များကြားမှာ ပါဝင်ကြတဲ့ သရုပ်ဆောင်များကို ဝေဖန်မှုများ ရှိနေခဲ့တာ ဖြစ်ပါတယ်။

“ဝတ္ထုကတအားရှည်တယ်။ ပြီးတော့နှစ်အုပ်တွဲလည်းဖြစ်နေတယ် ။ဒါကြောင့် ကျနော်ကအကုန်ကိုပြလို့မရဘူး။ အဲဒါကြောင့်ကျနော်တို့က ၂နာရီကြာတဲ့ ရုပ်ရှင်ဖြစ်တဲ့အတွက် ချန်ခဲ့ရတာတွေအများကြီးရှိပါတယ် ။ကျနော်တို့ဒီရုပ်ရှင်မှာ ဘာကိုပြချင်တာလဲပေါ့။ ပြချင်တာကအချစ်ပါဆိုတော့ အချစ်နဲ့ပတ်သက်ပြီးတော့ Plot တွေ ဇာတ်ရုပ်တွေဇာတ်ကောင် တွေ အဲဒီသုံးပွင့်ဆိုင်ဇာတ်လမ်းလေးကိုပဲ ဦးစားပေးပြီး ကျနော်သရုပ်ဖော်ခဲ့တယ်”လို့ဆိုပါတယ်။

“ကြာတော့သည်လမ်း မောင့်စကား” မှာပါဝင်ကြတဲ့ ဇာတ်ကောင်များရဲ့ ကာရိုက်တာအပိုင်းနဲ့လည်း ပတ်သက်လို့ မိုးနီလွင်က သူရဲ့ခံစားချက်ကို အခုလိုဆိုပါတယ်။

“ဆရာမရေးခဲ့တဲ့ ဇာတ်ကောင်သုံးယောက်စလုံးက လူသားအရမ်းဆန်တယ်။သူတို့သုံးယောက်သည် သုံးယောက်လုံးမှာ အကောင်းတွေချည်းပဲရှိမနေဘူး။ အဆိုးတွေပဲလည်း မဟုတ်ဘူး။ အကုန်လုံးက အကောင်းနဲ့အဆိုးမျှပြီးတော့ အချိန်တချိန်စီမှာ လှည့်ပြီးတော့ဖြစ်နေကြတယ် ။ ဒီဇာတ်ညွန်းကိုရေးနေတဲ့အချိန်မှာပဲ ကိုယ်ဝင်သွားခဲ့တဲ့ Mood က ဒီအချိန်မှာ “တင်တင်ဇော်” ဖြစ်သွားတယ် ။ဒီအချိန်မှာ “ဖြိုးကျော်” ဖြစ်သွားတယ် ။ဒီတချိန်မှာ “နန္ဒ” ဖြစ်သွားတဒီတချိန်မှာ နန္ဒဖြစ်သွားတယ် ။တလှည့်စီပါပဲ။ တစ်ယောက်တည်းကိုဦးတည်ပြီး ရေးသွားတယ်လို့တော့မရှိပါဘူး”

“ ဒါပေမယ့် အဓိကပြန်ပြောရရင် တင်တင်ဇော်သည် မိန်းကလေးဇာတ်ကောင်မလို့ အဲဒီအပိုင်းမှာတော့ နည်းပါလိမ့်မယ်။ နန္ဒ နဲ့ဖြိုးကျော်နေရာမှာတော့ ကျနော်ကယောကျာ်းလေးတယောက်ဖြစ်တဲ့အတွက် ပိုချစ်သွားတယ်လို့ ပြောလို့ ရမယ်။ သူတို့နှစ်ယောက်စလုံးနေရာမှာ ခံစားပေးနားလည်ပေးလို့ရတယ်။ ကျနော်နားမလည်နိုင်ဆုံးကတော့ တင်တင်ဇော်ပေါ့။ ခုထက်ထိ သူ့ကိုကျွန်တော်နားမလည်နိုင်သေးဘူး”လို့ ဧရာဝတီကို ဖြေပါတယ်။

ဒီဇာတ်ကားမှာ နန္ဒအဖြစ် စိုင်းစိုင်းခမ်းလှိုင်၊ ဖြိုးကျော်အဖြစ် ထွန်းထွန်းနဲ့ တင်တင်ဇော်အဖြစ် ဖွေးဖွေးတို့က ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ဇာတ်ညွှန်းမိုးနီလွင်က လတ်တလော ‘ဒဏ္ဍာရီမိုး’ ရုပ်ရှင်နဲ့ ‘ကိုယ်ပွား’ရုပ်ရှင်ကားကြီးများအတွက် ဇာတ်ညွှန်းရေးထားပြီး ထပ်ထွက်လာမယ့် ရုပ်ရှင်ဇာတ်ညွှန်းတွေလည်းရှိတယ်လို့ သိရပါတယ်။

Your Thoughts …
Tags: ကြာတော့သည်လည်း မောင့်စကားမိုးနီလွင်ရုပ်ရှင်ဇာတ်ညွှန်း
မန်းသူ

မန်းသူ

Similar Picks:

"မြက်နု" ရုပ်ရှင် ဇာတ်ညွှန်း ရေးသားသူ မိုးနီလွင်

“မြက်နု” ဇာတ်ကားရဲ့ အဓိပ္ပာယ်ကို ရှင်းပြတဲ့ ဇာတ်ညွှန်း ရေးသားသူ မိုးနီလွင်

by ယုဖြူဟန်
21 January 2020
16.3k

ဒီကားထဲမှာတော့ နေတိုးကို အသက်ကြီးကြီး ပညာတတ် လူတယောက်အနေနဲ့ တွေ့ရမှာဖြစ်ပြီး ဝတ်မှုံရွှေရည်ကတော့ မိဘမေတ္တာ ငတ်ကာ ဆိုးနေတဲ့ ကောင်မလေးတယောက်အနေနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။

ဇာတ်ညွှန်းရေးသားသူ မိုးနီလွင် / မိုးနီလွင် Facebook

“ဧည့်သည်” နဲ့ “စရိုက်” တပြိုင်တည်း ရုံတင်တာ မကြိုက်ဘူးလို့ ဇာတ်ညွှန်း မိုးနီလွင် ပြော

by ချစ်ပိုး
29 May 2019
4.1k

စရိုက်မှာက အရင် အန်တီဝါ ကားကိုလည်း ကြည့်ဖူးတယ်။ ကြိုက်လည်း ကြိုက်တယ်။ ဒီခေတ်မှာ ဒီကားကို ဘာလို့ ပြန်မရိုက်ကြသေးတာလဲလို့ စောင့်နေတာ။

စာရေးဆရာမ ဂျူး  / ယုဖြူဟန် / ဧရာဝတီ

“တင်တင်ဇော်က ဘယ်မြို့သူပဲဖြစ်ဖြစ် မပြောင်းလဲဘူးလို့ ယူဆတယ်”လို့ စာရေးဆရာမ ဂျူးပြော

by ယုဖြူဟန်
30 January 2019
10.5k

“ရေနံချောင်းကကျတော့ မြို့အစွဲလည်း ကြီးတယ်။ ဖတ်ထားတာက ရေနံချောင်းသူအနေနဲ့ ဖတ်ထားတယ်။ မကြီးစိုး သရုပ်ဆောင်တာကလည်း ရေနံချောင်းသူအနေနဲ့ သရုပ်ဆောင်ထားတယ်။

"ကြာတော့သည်လည်း မောင့်စကား"ရုပ်ရှင်

“ကြာတော့သည်လည်း မောင့်စကား”ရုပ်ရှင်ကို ခံစား ကြည့်ရှုခြင်း

by မန်းသူ
3 February 2019
52.5k

သုံးယောက်စလုံး ပြန်ဆုံတဲ့အချိန်၊ အဓိက နန္ဒနဲ့ တင်တင်ဇော် ပြန်ဆုံတွေ့ချိန်မှာတော့ ဆရာမဂျူးရဲ့ အတွေးရဲရဲ၊ အရေးရဲရဲ ဇာတ်ဝင်ခန်းတွေကို စိုင်းစိုင်းနဲ့ ဖွေးဖွေးကလည်း ခပ်သွက်သွက် သရုပ်ဆောင်ပြ နိုင်ခဲ့ပါတယ်။

Next Post
ကမ်းခြေစောင့်တပ်ကို အရပ်ဖက်ဌာနအဖြစ် တည်ဆောက်ဖို့ ဆန္ဒရှိနေ (ရုပ်/သံ)

ကမ်းခြေစောင့်တပ်ကို အရပ်ဖက်ဌာနအဖြစ် တည်ဆောက်ဖို့ ဆန္ဒရှိနေ (ရုပ်/သံ)

ကမ်းခြေစောင့်တပ် ဖွဲ့စည်းမည့်ကိစ္စ ကာကွယ်ရေးဝန်ကြီးဌာန ပူးပေါင်းဆောင်ရွက်မည် / တပ်မတော်ရေ

ကမ်းခြေစောင့်တပ်ကို အရပ်ဖက်အဖွဲ့ အဖြစ် သမ္မတရုံး တည်ဆောက်လို

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

19 hours ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate