• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ပိုက်ဆံ မရရင် နေပါစေ၊ ပွဲတွေမှာ ပြက်လုံးတွေ ပြက်ချင်သေးတဲ့ လူရွှင်တော် မန်းဝင်း

by ယုဖြူဟန်
28 January 2019
in Entertainment
A A
လူရွှင်တော်ကြီး ဦးမန်းဝင်း  / ဧရာဝတီ

လူရွှင်တော်ကြီး ဦးမန်းဝင်း / ဧရာဝတီ

37.9k
VIEWS
Share on FacebookShare on Twitter

ဆီးချိုသွေးချိုရောဂါနဲ့ ကျောက်ကပ်ရောဂါများကြောင့် မျက်လုံးကွယ်နေပြီး အနုပညာအလုပ်များကိုမလုပ်နိုင်တော့တဲ့ လူရွှင်တော်ကြီး မန်းဝင်းကတော့ ကျန်းမာရေးမကောင်းတဲ့ အချိန်များမှာ တချိန်ကပြက်လုံးများနဲ့ ပျော်မွေ့ခဲ့တဲ့ လူရွှင်တော် ဘဝကို အောက်မေ့သတိရကာ တချို့သော ပွဲများမှာ ထိုင်ပြီးပြက်လုံးပြက်လို့ရပါသေးတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ဦးမန်းက ပိုက်ဆံမရရင် နေပါစေ။ အငြိမ့်တွေ ကချင်တယ်။ ပြက်လုံးတွေ ပြက်လိုက်ချင်တယ်။ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ ရိုက်လိုက်ချင်တယ်။ ကျန်းမာရေးမကောင်းတော့ ဘယ်သူကမှ လာမခေါ်တော့ ကိုယ်က ငေါင်နေရော။ ဟိုတုန်းကဟာတွေ စဉ်းစား၊ ကခဲ့တာတွေ စဉ်းစားနဲ့ပဲ တနေကုန် တနေကုန်ရင်းနဲ့ပဲ အသက် ၇၅ နှစ်ကျော်လာပြီ။ အလှူပဲဖြစ်ဖြစ် မင်္ဂလာဆောင်ပဲဖြစ်ဖြစ် ဆွမ်းကျွေးပဲဖြစ်ဖြစ်ပျော်ပွဲရွှင်ပွဲတွေမှာ ဦးမန်းထိုင်ပြီး ပြက်လုံးပြက်လို့ရပါတယ်။ ပိုက်ဆံကို ပေးချင်လည်းပေး မပေးချင်လည်းရပါတယ်” လို့ လူရွှင်တော် ဦးမန်းဝင်းက ပြောပါတယ်။

RelatedPosts

မြိတ်မြို့

မြိတ်မြို့

11 May 2025
486
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
215
ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

7 May 2025
756

မျက်လုံး ၂ ဖက်လုံးကလည်း ဆိးချိုသွေးချိုဖြစ်ခဲ့တဲ့ ဒဏ်တွေကြောင့် သဲသဲကွဲကွဲ မမြင်ရတော့ဘဲကျောက်ကပ်ကိုလည်း ၂ ရက်ကို တခါဆေးနေရတယ်လို့ သိရပါတယ်။

“ဆီးချိုသွေးချိုက ၂၂ နှစ်ဖြစ်တယ်။ အဲဒီဆီးချိုသွေးချိုကို နင်းကုတာ။ ဆိုးကျိုးက ဘာမှမရှိဘူးလို့ထင်တာလေ။ ဆီးချိုသွေးချို ဆေးတွေစားရင်းနဲ့ ကျောက်ကပ်ကို သွားထိတာ။ ဆီးချိုက ၄၄၄ ထိတက်သွားပြီးတော့ သွေးကြောတွေ ပေါက်ထွက်ကုန်တာ။ လင်းတော့ လင်းတယ်။ အဖြူပလိန်းကြီးတော့။ မင်တော့မြင်တယ်။ မိန်းမယောကျာ်း ခွဲမရဘူး” လို့ ဦးမန်းဝင်းက ပြောပါတယ်။

လက်ရှိမှာတော့ ကျန်းမာရေးအခြေအနေမှာ အလှူရှင်များကြောင့် သက်သာလျက်ရှိပြီး အစားလည်းပုံမှန်စားဖြစ်တယ်လို့ သိရပါတယ်။

“အခုတလောကျန်းမာရေးကတော့ အလှူရှင်တွေကြောင့် ကောင်းနေတယ်။ ကျောက်ကပ်ဆေးတာတလကို ၁၀ သိန်းကုန်တယ်။ ၂ ရက်ကို တခါဆေးနေရတယ်။ အလှူရှင်တွေကတော့ ကြိုက်သလောက်စား၊ ကြိုက်သလောက်လှူ ဘာမှမပူနဲ့။ အဲဒါတွေကြောင့် ကျန်းမာပြီး အောင်မြင်လာတယ်။ အရင်ကဆို အစားမစားချင်ဘူး။ အခုဆို မနက်ဘာစားမလဲ ဆိုတာကို ညကတည်းက ပြောထားပြီးသားပဲ” လို့ ဦးမန်းဝင်းက ပြောပါတယ်။

ယခင်က လူရွှင်တော်တယောက်ဖြစ်တဲ့အတွက် အခုချိန်မှာတော့ အိမ်မှာစကားပြောဖော် မရှိဘဲနေ့စဉ်ဖြတ်သန်းနေရတဲ့ အခက်အခဲမှာတော့ အထီးကျန်ပြီး တခါတခါ သေချင်စိတ်ဖြစ်မိတယ်လို့ဦးမန်းဝင်းက ပြောပါတယ်။

“နေ့တိုင်းကို ဘယ်လိုဖြတ်သန်းလဲဆိုရင် ကိုယ့်ကိုယ်ကိုယ် သေတောင်သေချင်တယ်။ ဘာလို့သေချင်လဲဆိုရင် ကိုယ်လုပ်ချင်တာလည်း မလုပ်ရဘူး။ ပရိသတ်ကိုလည်း ဟာဒယရွှင်ဆေးလည်း မတိုက်ကျွေးရဘူး။ အိမ်မှာလည်း ကိုယ်က တလမှ မဟုတ်တာ နှစ်နဲ့ချီပြီး ကျန်းမာရေးက ချို့တဲ့နေတော့သားသမီးတွေကလည်း သူ့အလုပ်နဲ့သူ ကိုယ့်ကိုလည်း စကားပြောနိုင်တဲ့အချိန် မရှိတာက များနေတော့ စကားပြောမယ့်သူ ဘယ်ကနေဘ ယ်လိုလာမလဲဆိုတာ ထိုင်ပြီး အိပ်ငိုက်ပြီး အိပ်ရတာလည်းငြီးငွေ့နေတော့ စကားပြောမယ့်သူပဲရှာပြီး အထီးကျန်ကြီးဖြစ်နေတာ”လို့ ဦးမန်းဝင်းက ပြောပါတယ်။

လူရွှင်တော်ကြီး မန်းဝင်းကတော့ လက်ရှိမှာ ဆီးချိုသွေးချိုရောဂါကြောင့် အမြင်အာရုံချို့တဲ့သွားပြီး ကျောက်ကပ်မကောင်းတော့တဲ့အတွက်း ၂ ရက်ကို တကြိမ် ကျောက်ကပ်ဆေးနေရတယ်လို့ သိရပါတယ်။

Your Thoughts …
Tags: ပြက်လုံးမန်းဝင်းလူရွှင်တော်
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

လူရွှင်တော် ငြိမ်းချမ်း  / Nyein Chan's Facebook

လူရွှင်တော် ငြိမ်းချမ်းကို တပ်ကြပ်ကြီးလို့ ပြောနေကြတဲ့အပေါ် ပြန်ဖြေရှင်း

by ဧရာဝတီ
31 May 2021
15.2k

“ရှုမဝက အငြိမ့်ကနေစပြီး အောင်မြင်မှုတွေ စခဲ့ကြတယ်ဆိုတာတော့ အမှန်တရားတခု၊ တပ်ကြပ်ကြီးတဦးဆိုတာ လုံးဝ အမှားပါ။

ဝါရင့် လူရွှင်တော်ကြီး မေတ္တာ  / U Aung Myo Shein

သံချပ်များဖြင့် ပရိသတ်ကို ရယ်မောစေခဲ့သူ လူရွှင်တော်ကြီး မေတ္တာ

by ဧရာဝတီ
4 August 2021
31.9k

မေတ္တာ ကွယ်လွန်ခြင်းသည် ရုပ်ရှင်၊ သဘင်၊ စာပေနယ်ပယ်များတွင်သာမက သင်္ကြန်သံချပ်သမားတို့၏ အစားထိုးမရသော ဆုံးရှုံးမှုဖြစ်သည်

လူရွှင်တော် “ဟား ၅ ကောင်” အဖွဲ့  / Taing Kyaw's Facebook

“ဟား ၅ ကောင်” ရဲ့ တော်လှန်ရေးအငြိမ့် မကြာခင် ကြည့်ရှုနိုင်မည်

by ဧရာဝတီ
9 July 2021
8.6k

ဟာသသပိတ် "ဟား ၅ ကောင်ရဲ့ တော်လှန်ရေးအငြိမ့်" စီစဉ်သူတွေ၊ ဒါရိုက်တာတွေက နိုင်ငံရေးရော အနုပညာမှာပါ တော်လွန်းကြသူတွေဆိုတော့ သေချာတယ်။

“5 Stars” လူရွှင်တော် အဖွဲ့  / 5 Stars Entertainment Page

“5 Stars ပွဲတွေ အွန်လိုင်းကနေ ကြည့်နိုင်အောင် စီစဉ်နေတယ်”

by ချစ်ပိုး
30 November 2020
18k

“ကျနော်တို့ စနစ်တကျနဲ့ စည်းကမ်းတကျလေး လုပ်သွားပါမယ်။ ပြက်လုံးတွေလည်း အသစ်တွေနဲ့ တပတ်တရက် လွှင့်ပေးမယ်။

ဒါရိုက်တာ ပြည်ဟိန်းသီဟ    / ဧရာဝတီ

အခက်အခဲဖြစ်နေတဲ့ လူရွှင်တော်တွေကို ကူညီမယ့် ဒါရိုက်တာ ပြည်ဟိန်းသီဟ

by ဧရာဝတီ
6 December 2020
4.1k

“ကျနော်သည် ဆန်ဝေ၊ ဆီဝေဖို့ မချမ်းသာပါ။ ကျနော့်မှာ ချမ်းသာတာဆိုလို့ စေတနာနဲ့ ပညာပဲ ရှိပါတယ်။ ပြေလည်တဲ့သူများလည်း အလုပ်လုပ်ချင်စိတ်ရှိရင် ဆက်သွယ်လို့ရပါသည်။

လူရွှင်တော်ကြီး မန်းဝင်း / Joker Man Win's Facebook

လူရွှင်တော်ကြီး မန်းဝင်းအတွက် ဝမ်းနည်းကြေကွဲမှု

by ယုဖြူဟန်
14 July 2020
2.9k

ဦးမန်းဝင်းဆိုတာလည်း တကယ်ကိုတော်တဲ့ အရည်အချင်းရှိတဲ့ အနုပညာရှင်ပါ။ လူရွှင်တော်ကြီးပါ။ ကျနော်တို့လည်း သူတို့ဆီက သင်ဆရာ၊ မြင်ဆရာတွေထဲက တယောက်ပါပဲ။

Next Post
ဆင်များရှင် စာသင်တိုက်အတွင်း ဖမ်းဆီးရမိသည့် တရားမဝင်သစ်များ / Forest Department

မန္တလေး ဆင်များရှင် စာသင်တိုက်အတွင်း တရားမဝင်သစ် ၁၇ တန်ကျော်ဖမ်းမိ

လက်နက်ကြီး ကျည်စ ထိမှန်သည့် မောင်နိုင်စိုး စစ်တွေ ဆေးရုံတွင် ကုသမှုခံယူနေသည်ကို တွေ့ရစဉ် / မင်းအောင်ခိုင် / ဧရာဝတီ

လက်နက်ကြီး အစမှန်သည့် သမီးလှရွာ ကလေးငယ် စိုးရိမ်ရသဖြင့် ရန်ကုန်သို့ ပို့ဆောင်

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
5.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate