Entertainment

ဂျွန်ဟာအင်နဲ့အတူ ဇာတ်လမ်းတွဲအသစ်မှာ ပါဝင် သရုပ်ဆောင်တော့မယ့် ဟာဂျီမင်

Want create site? Find Free WordPress Themes and plugins.

အသစ်ရိုက်ကူးမယ့် ဇာတ်လမ်းတွဲအသစ်မှာ မင်းသား ဂျွန်ဟာအင်နဲ့ မင်းသမီး ဟာဂျီမင်တို့ ခေါင်းဆောင်ပါဝင် ဖို့ သေချာသွားတဲ့အကြောင်းကို MBC ရုပ်သံဌာနက ဇန်နဝါရီလ ၂၉ ရက်နေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲကို မင်းသမီး ဟာဂျီမင် လက်မခံခင်တုန်းကတော့ ဂျွန်ဟာအင်နဲ့ အတွဲညီခဲ့တဲ့ မင်းသမီး ဆိုယဲဂျင်းတို့ ကို ပြန်လည်မြင်တွေ့နိုင်တဲ့အကြောင်း သတင်းတွေထွက်ခဲ့ပါသေးတယ်။

“Spring Night” လို့ အမည်ပေးထားတဲ့ ဇာတ်လမ်းတွဲအသစ်ရဲ့ ထုတ်လုပ်သူနဲ့ စာရေးဆရာတွေက မင်းသား ဂျွန်ဟာအင်နဲ့ အတူတူ လက်တွဲညီခဲ့တဲ့ “Pretty Noona Who Buys Me Food” ရဲ့ ထုတ်လုပ်သူနဲ့ စာရေး ဆရာတွေပါပဲ။

“Spring Night” ဇာတ်လမ်းတွဲမှာ ဂျွန်ဟာအင်ကို ဆေးအရောင်းဆိုင်ဝန်ထမ်းအဖြစ် မြင်တွေ့ရမှာပါ။ “Pretty Noona Who Buys Me Food ဇာတ်လမ်းတွဲပြီးကတည်းက ပရိသတ်ရှေ့ကို ခပ်မြန်မြန်လေး ပြန်လာချင်ခဲ့တာပါ။ ဒါရိုက်တာကြီးကလည်း ကျနော့်ကို ကမ်းလှမ်းလာတော့ ဇာတ်ညွှန်း ဖတ်ကြည့်ပြီး သဘောကျသွားတာနဲ့ လက်ခံလိုက်ခဲ့တာပါ” လို့ ဂျွန်ဟာအင်က ဆိုပါတယ်။

“ဒီကားထဲက ကာရိုက်တာက ကျနော် အရင်သရုပ်ဆောင်ဖူးခဲ့တဲ့ ဇာတ်ရုပ်တွေနဲ့ ကွဲလွဲလို့ လုပ်ကြည့်ချင်တာ လည်းပါတယ်”လို့ ဆိုပါတယ်။ ဒါ့ပြင် ဂျွန်ဟာအင်ဟာ လတ်တလောမှာ “Yoo Yeol’s Music Album” လို့ အမည်ပေးထားတဲ့ ရုပ်ရှင် ရိုက်ကူးပြီးစီးသွားပြီး အခုဇာတ်လမ်းတွဲ အသစ်အတွက် ပြင်ဆင်မှုတွေ လုပ်နေပြီလို့ သိရပါတယ်။

မင်းသမီး ဟာဂျီမင်ကတော့ ၂၀၁၉ ခု၊ ဖေဖော်ဝါရီလထဲမှာ JTBC ရုပ်သံလိုင်းက ပြသတော့မယ့် “The Light in Your Eyes” ဇာတ်လမ်းတွဲမှာ မင်းသမီးကြီး ကင်ဟဲဂျာ၊ မင်းသား နမ်ဂျူယော့တို့နဲ့ အတူတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။

“Spring Night” ဇာတ်လမ်းတွဲအသစ်ကို MBC ရုပ်သံလိုင်းကနေ မေလအတွင်း ထုတ်လွှင့်ပြသဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကာလရှည်ကြာ ချစ်ခဲ့ကြတဲ့ ချစ်သူနှစ်ဦး လမ်းခွဲပြီးနောက် သူတို့နှစ်ယောက် ဆက်ဆံရေး ပြန်လည်ပေါင်းစည်းဖို့ ကြိုးစားတဲ့အကြောင်းကို ဇာတ်အိမ်တည်ထားတဲ့ Melodrama အချစ် ဇာတ်လမ်းလေးပါ။

Ref: Soompi

Did you find apk for android? You can find new Free Android Games and apps.
Loading