Entertainment

ဝိုင်ချစ်သူတွေ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းများ

ရုပ်ရှင် ရိုက်ကူးထုတ်လုပ်သူတွေဟာ အမြဲတမ်း ကောင်းမွန်တဲ့ ကုန်ပစ္စည်းတွေကို အခြေခံတဲ့ ဇာတ်လမ်းတွေ ရိုက်လေ့ ရှိပါတယ်။ ဝိုင်ဟာ အရသာ ကောင်းရုံတင်မကဘဲ ဝိုင်ထုတ်လုပ်တဲ့ နေရာတွေကလည်း အရမ်းကို လှပတဲ့ နေရာတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဝိုင်သောက်ရတာကို ကြိုက်နှစ်သက်သူတွေ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) A Good Year

Russell Crowe က ဝိုင်နဲ့ ပတ်သက်တဲ့ ရုပ်ရှင်ကို ရိုက်ကူးချင်တာကြောင့် ၂၀၀၆ ခုနှစ်မှာ “A Good Year” ဆိုတဲ့ ရုပ်ရှင်ကို ဒါရိုက်တာ Ridley Scott နဲ့ရိုက်ကူးခဲ့ပြီး ကြည့်ရှုထိုက်တဲ့ ဇာတ်ကားတကားဖြစ်ပါတယ်။ Ridley Scott ဟာ “Max Skinner” လို့ ခေါ်တဲ့ အင်္ဂလန်ရင်းနှီးမြုပ်နှံရေး ဘဏ်ပိုင်ရှင်တယောက် ဖြစ်ပါတယ်။ သူ့ဦးလေး သေဆုံးသွားပြီးတဲ့နောက်မှာ သူဟာ သူတို့ မိသားစုရဲ့ ဝိုင်ခြံကို အမွေရဖို့ ဖြစ်လာပါတယ်။ ဝိုင်ခြံရှိရာကို သွားတဲ့ မြင်ကွင်းတွေနဲ့ သူရုန်းကန်ရတာတွေကို လှလှပပ ရိုက်ကူးထားတဲ့ ဇာတ်ကားတကားလည်း ဖြစ်ပါတယ်။

(၂) Sideways

၂၀၀၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားဟာ ပျော်စရာနဲ့ ဒရာမာ ရောထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ နာမည် မကြီးတော့တဲ့ မင်းသားတဦးနဲ့ ကြိုးစားနေရတဲ့ စာရေးဆရာတို့ရဲ့ သူငယ်ချင်းဘဝကို ရိုက်ကူးထားတာဖြစ်ပါတယ်။ မင်းသားဖြစ်သူက သူ့သူငယ်ချင်းရဲ့ ထူးဆန်းတဲ့ မင်္ဂလာဆောင်ကို သွားဖို့အတွက် ဝိုင်ခြံတွေ ရှိရာကို ခရီးထွက်တဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။ မိတ်ဆွေဘဝ၊ စိတ်ဓာတ်ကျခြင်း၊ အရက်သောက်ခြင်းရဲ့ ဆိုးကျိုး စတာတွေကို ရိုက်ကူးထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

(၃) A Walk in the Clouds

၁၉၉၅ ခုနှစ်မှာ ထွက်ရှိထားပြီး မင်းသား Keanu Reeves က အဓိက သရုပ်ဆောင်ထားပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ တိုက်ပွဲက ပြန်လာတဲ့ စစ်သား Keanu Reeves ဟာ စစ်ပွဲမှာ ရရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေနဲ့ နေထိုင်နေရသူ တဦးဖြစ်ပါတယ်။ စစ်ပွဲက ပြန်လာပြီး ဝိုင်ခြံမှာ အလုပ်လုပ်ရာကနေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ရိုက်ကူးပြသထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ကျန်တာကိုတော့ သင်ကိုယ်တိုင် ဆက်ပြီး ကြည့်လိုက်ဖို့ပဲ တိုက်တွန်းလိုက်ပါတယ်။

Ref; Brightside

Loading