Entertainment

“ဂျင်းကောင်” ကားမှာ မြင့်မြတ်အဖေ နေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ အရိုင်း

Want create site? Find Free WordPress Themes and plugins.

ဟာသသရုပ်ဆောင် အရိုင်းက “ဂျင်းကောင်” ရုပ်ရှင်မှာ မြင့်မြတ်ရဲ့ အဖေနေရာကနေ သရုပ်ဆောင်ထားပြီး မြင့်မြတ်ကို ဂျင်းကောင်လို့ ပရိသတ်တွေက အသိအမှတ်ပြုကြတာ မြင့်မြတ်တော်လို့ပါလို့ ဆိုပါတယ်။

“ဂျင်းကောင်ကားထဲမှာ ကျနော်မြင့်မြတ်ရဲ့ အဖေနေရာကနေ သရုပ်ဆောင်ထားပါတယ်။ မြင့်မြတ်နဲ့ ကျနော်က အသံတသံတည်းပဲ သရုပ်ဆောင်ထားတာပေါ့။ ကျနော့် သူငယ်ချင်း ဂျော့စိန်ရဲ့ အသံကို ရူတင်မှာနောက်ရင်း ပြောစမတ် တွင်သွားခဲ့တယ်။ အရင်တုန်းက ဗီဒီယိုရိုက်ဖူးတယ်။ ဒွေးနဲ့ နန္ဒာလှိုင်နဲ့ပေါ့။ အဲ့ဒါလေးကို ပြန်ပြောပြရင်း ကိုပေါက်က မြင့်မြတ်ကို ရိုက်လိုက်တဲ့အခါ ဂျင်းကောင်ဆိုပြီး ပရိသတ်တွေက သဘောကျကြတယ်”

“မြင့်မြတ် ပထမကား “ဗိုလ်အောင်ဒင် ချစ်သောမိန်းမများ” ရိုက်တုန်းက မြင့်မြတ်နဲ့ သေချာ မတွေ့လိုက်ရဘူး။ ကိုပေါက် ဒါရိုက်တာ မလုပ်ခင် သရုပ်ဆောင်လုပ်တုန်းက သူငယ်ချင်းအကြောင်းကို ပြောပြောပြတယ်။ ဒီအကြောင်းပြောပြတာကို သူတို့က သိသလောက် မှတ်သားတာမျိုးပဲ ရှိတယ်။ ဒီကားရိုက်တော့ မြင့်မြတ်နဲ့ သေချာလေးတွေ့တော့ ကားမရိုက်ခင် ပြောပြဖြစ်တယ်”လို့ အရိုင်းက ပြောပါတယ်။

“မြင့်မြတ်ကို ဂျင်းကောင်လို့ ပရိသတ်တွေက အသိအမှတ်ပြုကြတာ မြင့်မြတ်တော်လို့သာပေါ့။ မြင့်မြတ်သာ မတော်ရင် ပရိသတ်က ဘယ်အသိအမှတ်ပြုမလဲ။ သူဒီလိုလေးလုပ်နိုင်တာ တော်တယ်လို့ ပြောရမယ်”လို့ အရိုင်းက ဆိုပါတယ်။

“သမ္မတကြီးထံပေးစာ” ရုပ်ရှင်ဇာတ်ကားက Star Award ကနေ နှုတ်ထွက်ခဲ့တာနဲ့ ပတ်သက်ပြီး ဒါရိုက်တာက သူ့စိတ်ထဲမှာ မကြိုက်လို့ ထွက်တာဖြစ်မှာလို့ အရိုင်းက ပြောပါတယ်။

“အကယ်ဒမီနဲ့ ပတ်သက်ရင် တခမ်းတနားပြောရမယ်။ သမ္မတကြီးထံပေးစာ ဇာတ်ကားက Star Award ကနေ ဝင်ကို မဝင်တာ ဒါရိုက်တာက သူ့စိတ်ထဲမှာ မကြိုက်လို့ ထွက်တာဖြစ်မှာပေါ့။ ထုတ်လုပ်ရေးက ကိုဝင်းကြည်ကြီးကတော့ ပါစေချင်တယ်။ နိုင်ငံတော်က ချီးမြှင့်တဲ့ဆုပြီးရင် နိုင်ငံတော်ထက် အနည်းငယ် နိမ့်တဲ့ ဆုတွေပေးကြတာ နိုင်ငံတကာမှာ ရှိတယ်။ Star Sward ပေးတယ်။ နိုင်ငံတော်က ပေးတော့ ယှဉ်ပြိုင်လာကြမှာ။ အဲ့နှစ်ခု ယှဉ်ပြိုင်လာရင် အနုပညာသမားတွေလဲ တိုးတက်လာကြမှာ။ ကျနော်ကတော့ အဲ့လိုတွေရှိတာကြိုက်တယ်”

“အကယ်ဒမီ ရင်ခုန်သံကတော့ ပေးရင်တော့ ရမှာပါပဲ။ သိပ်ပြီးတော့ အကယ်ဒမီအတွက် မပြောလည်း မပြောတတ်ပါဘူး။ အကယ်ဒမီဆိုတွေရလို့ အိုကေတယ်ဆိုတာ မဖြစ်စေချင်ဘူး။ ဆုတွေလည်း ရရင်ရမယ်။ ရွေးချယ်တဲ့ ပုံစံမှာလည်း အများသူငှာ နှစ်ခြိုက်တာကို ရွေးချယ်တာလည်း ဖြစ်ရမယ်။ အနုပညာသမားတွေက ရင်ခုန်ပြီး ရင်တလှပ်လှပ်ဖြစ်အောင် လုပ်ရမယ်။ အဲ့လိုတွေ အများကြီးရှိတဲ့အခါကျတော့ ပြောရတာ အရမ်းခက်ပါတယ်” လို့ အရိုင်းကပြောပါတယ်။

လတ်တလော အနုပညာလှုပ်ရှားမှုတွေ အကြောင်းကိုလည်း အရိုင်းက အခုလို ဆိုပါတယ်။

“လတ်တလောမှာတော့ မိုရီဆာကီဝင်းနဲ့ ငပလီမှာ သွားရိုက်ဖို့ ရှိပါမယ်။ ဇာတ်ကားတွေလည်း ရိုက်ကူးဖို့ ရှိပါတယ်။ ကျနော် ရိုက်ခဲ့တဲ့ ကိုတင့်ကားတော့ ဆက်ရိုက်ဖို့ မရှိပါဘူး။ ကျနော် ဇာတ်လမ်းတွဲတွေ ရိုက်ဖို့ ရှိပါတယ်။ ကျနော် လူရွှင်တော်တွေ အများကြီး ရိုက်ထားတဲ့ ကာတွန်းဓာတ်ရှင် ဇာတ်ကား မကြာခင်လာပါလိမ့်မယ်” လို့ အရိုင်းက ပြောပါတယ်။

ဟာသ သရုပ်ဆောင် အရိုင်း ပါဝင်ထားတဲ့ “ဂျင်းကောင်”ဇာတ်ကားဟာ မကြာခင် ရုံတင်တော့မှာဖြစ်ပြီး ဂျင်းကောင် ဇာတ်ကားကိုတော့ ဒါရိုက်တာ ကိုပေါက် ရိုက်ကူးကာ မြင့်မြတ်အဓိက ပါဝင်သရုပ်ဆောင်ထားပြီး အခြားသော အနုပညာရှင်များစွာ ပါဝင်ထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading