Entertainment

ဗယ်လင်တိုင်းဒေး မတိုင်ခင် ကံဆိုးလေ့ရှိတဲ့ အလှမယ် ရွှေအိမ်စည်

Want create site? Find Free WordPress Themes and plugins.

ချစ်သူများ ရင်ခုန်ကြရတဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ဟာတော့ မကြာခင် ရောက်ရှိလာတော့မှာဖြစ်ပြီး အလှမယ် ရွှေအိမ်စည်ကတော့ ချစ်သူများနေ့မတိုင်ခင်မှာ ကံဆိုးလေ့ရှိတယ်လို့ ပြောပါတယ်။

“ဗယ်လင်တိုင်းဒေး မတိုင်ခင်မှာ အိမ်စည်က ကံဆိုးလေ့ ရှိတယ်။ အသက် ၁၃၊ ၁၄ နှစ်လောက်ကတည်းကနေ အခုချိန်ထိ ဗယ်လင်တိုင်းဒေး မတိုင်ခင် တရက် ဗိုလ်ချုပ်မွေးနေ့မှာ ဂယက်ထတယ်။ ရှိတဲ့ ဘဲနဲ့လည်းပြတ်၊ အဆင်မပြေမှုပေါင်း သောင်းခြောက်ထောင် အမြဲတမ်း ကံမကောင်းဘူး။ ၁၃ ရက်နေ့ကတော့ ကံမကောင်းတဲ့ ရက်တရက်လို ဖြစ်နေတာပေါ့”လို့ အလှမယ် ရွှေအိမ်စည်က ပြောပါတယ်။

“ရည်းစားနဲ့ ပြတ်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ ဖေဖော်ဝါရီလ အစမှာကတည်းက ဒီနှစ်တော့ မဆိုးပါဘူးပေါ့။ ကံကောင်းလောက်တယ်ပေါ့။ ဘဲရှိတယ် ဒါမှမဟုတ် အီစီကလီလေးတွေ ရှိတယ် ဆိုရင်တောင် အဲဒါတွေ အကုန်ပြတ်ပဲ” လို့ အလှမယ် ရွှေအိမ်စည်က ဆိုပါတယ်။

ဒီနှစ်ချစ်သူများနေ့မှာတော့ ဘာအစီအစဉ်မှ မရှိသေးဘဲ အလုပ်လည်း မရှိတဲ့အတွက် တယောက်တည်း အနားယူရင်း ဖြတ်သန်းဖြစ်မယ်လို့ ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်က ကားရိုက်နဲ့ အိမ်စည် ငွေဆောင်ရောက်နေတာ။ သူငယ်ချင်းတွေနဲ့ပဲ ဖြတ်သန်းတယ်။ ဒီနှစ်ကကျတော့ ဘာအစီအစဉ်မှ မရှိသေးဘူး။ အလုပ်လည်း မရှိဘူးဆိုတော့ လူကနည်းနည်း ဘူနေတယ်။ ဒါပေမဲ့ ပုံမှန်တိုင်းလေးပဲပေါ့။ ကိုယ့်ရဲ့ပိတ်ရက် ပုံစံမျိုးလေး Spa သွားမယ်။ အနား ယူမယ်။ ကိုယ့်အတွက်ပျော်ပျော်ရွှင်ရွှင် ရက်တရက်အနေနဲ့ ဖြတ်သန်းသွားဖို့ ရှိတယ်”လို့ ရွှေအိမ်စည်က ပြောပါတယ်။

ရွှေအိမ်စည်ကတော့ ချစ်သူရှိရှိ၊ မရှိ ချစ်သူများနေ့မှာတော့ တယောက်တည်းဖြစ်နေတတ်ပြီး ယခုနှစ်မှာတော့ ချစ်သူ မရှိတဲ့အတွက် ဘာမှမျှော်လင့်စရာ မရှိတာကြောင့် စိတ်ချမ်းသာရမယ့်နှစ်လို့ ပြောပါတယ်။

“အိမ်စည့်အတွက်ကတော့ ချစ်သူရှိရှိ၊ မရှိရှိ ဗယ်လင်တိုင်းဒေးမှာတော့ အမြဲတမ်း Single ပဲ။ ဒီနှစ်ကတော့ စိတ်ချမ်းသာရမယ့်နှစ်လို့ မြင်တယ်။ ဘာလို့လဲဆိုတော့ မျှော်လင့်စရာ မလိုဘူးလေ။ ချစ်သူရှိရင်တောင်မှ မျှော်လင့်ချက် ထားနေဦးမယ်။ မဖြစ်လာတဲ့အခါမှာ ကိုယ်က စိတ်ဆိုးရတာတွေ ရှိတယ်လေ။ မရှိတဲ့အခါကျတော့ တခုခုရှိလာခဲ့ရင် Surprise ပေါ့။ ကိုယ့်ဘာသာ အဆင်ပြေတယ်”လို့ ရွှေအိမ်စည်က ပြောပါတယ်။

ချစ်သူများနေ့မှာတော့ ချစ်သူ ရည်းစားမှ မဟုတ်ဘဲ ချစ်ခင်ရသူ အချင်းချင်း လက်ဆောင်ပေးလို့ ရတဲ့ အတွက် သူငယ်ချင်းတွေဆီက လက်ဆောင်ရမယ်လို့ ထင်ကြောင်း ပြောပါတယ်။

“သူငယ်ချင်းတွေဆီက ရမယ်လို့တော့ ထင်တာပါပဲ။ ဒါပေမဲ့ ဒီမှာက အဲဒီလိုမျိုးတွေ အရမ်းခေတ်စားတာ မဟုတ်တော့ သူတို့ဘဲတွေ စော်တွေပဲ ပေးကြတာဆိုတော့ ၊ လက်ဆောင်က မမျှော်လင့်ထားပါဘူး။ မျှော်လင့်ထားတဲ့သူလည်း မရှိပါဘူး” လို့ ရွှေအိမ်စည်က ပြောပါတယ်။

ရွှေအိမ်စည်ကတော့ ပရိသတ်အများသိကြတဲ့ သူ့ရဲ့ချစ်သူနဲ့ လမ်းခွဲထားခဲ့ပြီး ယခုအချိန်မှာတော့ တယောက်တည်း ဖြတ်သန်းနေတယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading