ကိုရီးယားမင်းသား Choi Jin Hyuk ဟာ SBS ရုပ်သံကနေ ထုတ်လွှင့်နေတဲ့ “The Last Empress” ဇာတ်လမ်းတွဲရဲ့ ထိပ်တိုးပြမယ့် အပိုင်းသစ်တွေမှာ အချိန်ဇယား အကျပ်အတည်းကြောင်း ပါဝင်လာနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
အခုသီတင်းပတ်အစောပိုင်းမှာ အခုတလော နာမည်ကြီးနေတဲ့ “The Last Empress” ဇာတ်လမ်းတွဲကို မိနစ် ၂၀ ကြာမြင့်တဲ့ အပိုင်း ၄ ပိုင်းထပ်တိုးမှာဖြစ်ပြီး မူရင်းမှာ ၄၈ ပိုင်း အထိ ပြဖို့စီစဉ်ထားခဲ့ပေမယ့် အခုတော့ အပိုင်း ၅၂ ပိုင်းအထိရှိလာမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကြောင့် နောက်ဆုံးအပိုင်းကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ထုတ်လွှင့်သွားမှာပါ။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ SBS ရဲ့ သတင်းရင်းမြစ်တွေရဲ့အဆိုအရ ” ဇာတ်လမ်းတွဲထဲမှာ ဝန်ရှစ်နဲ့ ဝူဘင် အဖြစ် ပါဝင်နေတဲ့ Choi Jin Hyuk ဟာ အပိုင်း ၄၈ မှာ သူပါဝင်ရမယ့် အပိုင်းတွေ အားလုံးကို ရိုက်ကူးပြီးစီးခဲ့ပြီး ဖြစ်ပါတယ်။ သူ့ရဲ့ အချိန်ဇယားကြောင့် လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့တို့မှာ ထုတ်လွှင့်မယ့် အပိုင်းတွေမှာတော့ ပါဝင်လာမှာ မဟုတ်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။
သတင်းရင်းမြစ်တခုရဲ့ အဆိုအရကတော့ “ဇာတ်ကောင်မှာ အကောင်းဆုံး သရုပ်ဆောင်သွားတဲ့ Choi Jin Hyuk ကို စိတ်ရင်းနဲ့ ကျေးဇူးတင်ပြီး ကျန်ရှိတဲ့ သရုပ်ဆောင်တွေနဲ့ ဝန်ထမ်းတွေဟာ သူတို့ရဲ့ အကောင်းဆုံးကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” လို့ သိရပါတယ်။ ဆိုလိုချင်တာကတော့ ထပ်တိုးမယ့် အပိုင်း ၄ ပိုင်းမှာ မင်းသား Choi မပါဘဲ ကျန်ရှိတဲ့ သရုပ်ဆောင်တွေနဲ့သာ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။
မင်းသား Choi Jin Hyuk ရဲ့ အေဂျင်စီ G-Tree Creative ကတော့ ကြေညာချက်တခု ထုတ်ပြန်ထားပါတယ်။ အဲဒီ ကြေညာချက်ထဲမှာ ဖော်ပြချက်အရဆိုရင် အချိန်ဇယား အကျပ်အတည်းကြောင့် မင်းသား Choi ဟာ ‘The Last Empress’ ဇာတ်လမ်းတွဲမှာ ပါဝင်နိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။
ထိုင်ဝမ်မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ပရိသတ်တွေ့ဆုံပွဲတခုကြောင့် ရိုက်ကူးရေးကို အဆုံးသတ်ဖို့ မလွှဲသာ မရှောင်သာ ဆုံးဖြတ်လိုက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ ဇာတ်လမ်းတွဲဟာ မင်းသမီး Jang Na Ra နဲ့မင်းသား Shin Sung Rok တို့လည်း အဓိကပါဝင်ထားကြပါတယ်။ ကိုရီးယားမှာရှိတဲ့ စည်းမျဉ်းခံဘုရင် စနစ်ရဲ့ မင်းကြီးနဲ့ အသစ်တင် မြှောက်လိုက်တဲ့ မိဖုရားတို့ရဲ့ ကြားကို ရောက်ခဲ့ရတဲ့ သက်တော်စောင့်တယောက်အကြောင်း ဇာတ်အိမ်တည်ရိုက်ကူး ထားပါတယ်။
Ref : soompi