တချို့သောရုပ်ရှင်တွေမှာ ချစ်ခြင်းမေတ္တာတရားဟာ ကြည့်ရှုသူအတွက် နှစ်လိုဖွယ်ရာ အတုယူစရာတွေ ရှိတတ်ပေမယ့် တချို့သော ရုပ်ရှင်တွေမှာတော့ ကြည်နူးစရာကောင်းတဲ့ စိတ်ခံစားချက်တွေကို ရရှိနိုင်မှာ မဟုတ်ပါဘူး။ အခုဖော်ပြပေးမယ့် ရုပ်ရှင်တွေကတော့ သမီးရည်းစား ဆက်ဆံရေးအတွက် ကောင်းကျိုး တစုံတခုမှ မရရှိနိုင်မယ့် ရုပ်ရှင်တွေပဲ ဖြစ်ပါတယ်။
(၁) Harley Quinn and The Joker
Sucide Squad ရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ ဇာတ်ကောင်တွေအဖြစ် Harley Quinn နဲ့ Joker ကို လူသိများကြပါတယ်။ အဲဒီဇာတ်ကားမှာ Joker ဟာ Harley Quinn ကို ကိုယ်ထိလက်ရောက် စော်ကားတာတွေ ပါဝင်သလို သူမရဲ့ ကိုယ်ပိုင် ကံတရားဆီကနေ ဝေးကွာစေခဲ့တာတွေကိုလည်း ထည့်သွင်း ရိုက်ကူးထားပါတယ်။
(၂) Edward Cullen and Bella Swan
Twilight Saga ရဲ့ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ Edward နဲ့ Bella တို့ဟာ ချစ်ကြိုက်ခဲ့ကြပြီး တကယ့်အပြင်လောက အနေနဲ့ နှိုင်းယှဉ်ကြည့်ရမယ်ဆိုရင်တော့ Edward ဟာ Bella အသက်များစွာ ကြီးရင့်သူဖြစ်ပြီး Bella ကိုယ်တိုင်ဟာလည်း အသက် ၁၈ နှစ်မှာ ကိုယ်ဝန်ဆောင်နေရပြီပဲ ဖြစ်ပါတယ်။
(၃) Jaime and Cersei Lannister
Game of Thrones ရုပ်ရှင်ရဲ့ Lannister မောင်နှမ နှစ်ဦးဖြစ်သူ Jaime နဲ့ Cersei တို့ဟာလည်း အချင်းချင်း ပြန်လည် ချစ်ကြိုက်ခဲ့ကြတာဖြစ်ပြီး Cersei အလိုရှိရာ မှန်သမျှကို ကျိုးကြောင်းဆင်ခြင်ခြင်း မရှိဘဲ ဘယ်ကိစ္စမျိုးကိုမဆို Jaime ဟာ ပြုလုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
(၄) Ted Mosby and Robin Scherbatsky
How I Met You Mother ရုပ်ရှင်ထဲမှာတော့ Robin ဟာ ဘယ်တော့မှ အခြေတကျနေထိုင်ချင်တဲ့ အမျိုးသမီးတဦး မဟုတ်တဲ့အပြင် Ted ရဲ့ဆန္ဒအလျောက် ကလေးယူဖို့လည်း စိတ်ခံစားချက် မရှိသူတဦးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့နှစ်ဦးလုံံးဟာ တခြားသူတွေနဲ့လည်း ချိန်းတွေ့လေ့ရှိတာကြောင့် တကယ့်အပြင်လောက သမီးရည်းစား ဆက်ဆံရေးအတွက်တော့ ကောင်းမွန်တဲ့ စရိုက်တခု မဟုတ်တာ အသေအချာပါပဲ။
(၅) Matt Murdock and Elektra Natchios
Daredevil စီးရီးထဲမှာတော့ Matt နဲ့ Elektra တို့ဟာ တယောက်ကိုတယောက် ရူးရူးမူးမူးချစ်ကြတဲ့ ချစ်သူတွေ ဖြစ်ကြပေမယ့် တယောက်ကိုတယောက် ဒုက္ခတွေပေးပြီး တယောက်အသက်ကို တယောက်ထိခိုက်စေတာတွေကလည်း ကောင်းမွန်တဲ့ ဆက်ဆံရေးတခု မဟုတ်တာ အသေအချာပဲ ဖြစ်ပါတယ်။
Ref : www.scoopwhoop.com