ကမ္ဘာကျော်ရုပ်ရှင်တွေမှာ သေချာကြည့်မှ မြင်ရမယ့် အလွဲများ
ရုပ်ရှင်ချစ်သူတွေ အနေနဲ့ အမှတ်တမဲ့ ဖြစ်သွားပြီး သတိမထားမိတဲ့ အလွဲလေးတွေကတော့ ရုပ်ရှင်တိုင်းမှာ ရှိစမြဲပါပဲ။ ဒီတခါဖော်ပြပေးမယ့် အကြောင်းအရာကတော့ ကမ္ဘာကျော်ရုပ်ရှင်တွေရဲ့ အလွဲတွေပဲ ဖြစ်ပါတယ်။ တချို့အမှားတွေက ရယ်စရာကောင်းလွန်းနေတာကိုလည်း တွေ့ရပါတယ်။
(၁) Iron Man 2
Marvel ရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားတွေထဲက တကားဖြစ်တဲ့ Iron Man 2 ရုပ်ရှင်မှာ မင်းသားဖြစ်တဲ့ Tony Stark က ပွဲတခုမှာ စကားပြောတဲ့ အခန်းပဲ ဖြစ်ပါတယ်။ အဲဒီအခန်းမှာ မင်းသားဟာ အဖြူရောင် အင်္ကျီကို ဝတ်ထားပေမယ့် နောက် တကဒ်မှာတော့ အင်္ကျီက အမည်းရောင် ပြောင်းနေတာကို တွေ့ရမှာပါ။ သူစကားပြောတဲ့ ပွဲက တူပေမယ့် အင်္ကျီအရောင်ပြောင်းသွားတာကို မြင်ရပါတယ်။
(၂) Deadpool
Marvel ရဲ့ နောက်ထပ် ဝင်ငွေအကောင်းဆုံးဖြစ်တဲ့ Deadpool ရဲ့ အဖွင့်အခန်းမှာ မင်းသားက လူဆိုးတွေကို ချတဲ့အချိန် အနောက်မှာ ဓားထိုးထားခြင်း မရှိပေမယ့် လျှပ်တပြက် အတွင်းမှာပဲ သူ့ရဲ့ ကျောမှာ သူကိုင်နေကျ ဓားရောက်လာတာကို မြင်ရပါတယ်။
နောက်ထပ်တခုကတော့ Deadpool ရဲ့ ချစ်သူကို ဘားမှာ တွေ့တဲ့အခန်းဖြစ်ပါတယ်။ မြင်ခါစမှာ တက်တူးမပါပေမယ့် တမိနစ်အတွင်းမှာပဲ မင်းသမီးရဲ့ နားရွက်နောက်မှာ တက်တူးပေါ်လာပါတယ်။
(၃) Forrest Gump
မင်းသားကြီး Tom Hank သရုပ်ဆောင်ထားတဲ့ Forrest Gump ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတခုမှာ စကားပြောနေရင်း နောက်ခံ Background မှာ ရှိတဲ့ မီးပူက သူ့ဟာသူ ပုံစံပြောင်းနေတာကို ဟာသဆန်စွာ မြင်တွေ့ရပါတယ်။
(၄) Harry Potter and the Philosopher’s Stone
နာမည်ကျော်ရုပ်ရှင်တကားဖြစ်တဲ့ ဟယ်ရီပေါ်တာဇာတ်ကားမှာလည်း အလွှဲတွေက အများကြီးရှိနေပါတယ်။ ဟယ်ရီပေါ်တာရဲ့ အဒေါ်ဖြစ်သူ စကားပြောတဲ့ အခန်းတခုမှာ မိုက်ခရိုဖုန်းကို သူမရဲ့ အင်္ကျီက တဆင့် မြင်နေရတာပဲ ဖြစ်ပါတယ်။
နောက်တခုကတော့ ဟယ်ရီပေါ်တာကျောင်းကို ရောက်ပြီး အဆောင်ရွေးပီးတဲ့ ဇာတ်ဝင်ခန်းမှာ ဟယ်ရီပေါ်တာက Ron ရဲ့ ဘေးမှာ ထိုင်ပေမယ့် စက္ကန့်ပိုင်းအတွင်းမှာပဲ Hermione နဲ့ Percy တို့ ဘေးကို ရောက်နေတာကို မြင်ရပါတယ်။
(၅) Titanic
Titanic ရုပ်ရှင်မှာတော့ မင်းသမီးဖြစ်တဲ့ Rose ရဲ့ မှဲ့က ဟိုရောက်၊ ဒီရောက် ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ မှဲ့ရှင်ရှိနေလို့ နေမှာဆိုပြီး လှောင်ပြောင်ပြောဆိုလေ့ရှိကြပါတယ်။
ဒါ့အပြင် သဘောင်္ပျက်ပြီး ရေနစ်စပြုတဲ့ အခန်းတွေမှာ မင်းသမီးက ပုစိန်ကို သွားယူတဲ့ ဇာတ်ဝင်ခန်းကို မှတ်မိဦးမယ် ထင်ပါတယ်။ ပုစိန်ကို ယူမယ့် အချိန်မှာ မှန်က အားလုံးကွဲပြီးသား ဖြစ်နေပေမယ့် နောက်တကဒ်မှာတော့ မှန်တွေ ရှိနေပြန်ပါတယ်။
Ref ; brightside