Entertainment

ရဲလေးနဲ့ အလုပ်တွဲလုပ်ရတာ ပျော်တယ်ဆိုတဲ့ အဆိုတော် နင်ဇီမေ

Want create site? Find Free WordPress Themes and plugins.

Myanmar Idol Season 1 ကနေ ပရိသတ် အားပေးမှု ရရှိလာတဲ့ အဆိုတော် နင်ဇီမေက ရဲလေးရဲ့ “အသည်းကွဲတယ်ဆိုတာ” သီချင်းကို ပြန်လည် သီဆိုတဲ့အပေါ် ပရိသတ်များက လက်ခံအားပေးတဲ့အတွက် ဝမ်းသာတယ်လို့ ဆိုပါတယ်။

“လတ်တလောတော့ ကိုရဲလေးနဲ့ သီချင်းဆိုဖို့ရယ်။ ရှိုးပွဲလေးတွေ ဆိုဖြစ်တယ်။ YLJK First Mini Concert ရဲ့ “Crowd On Cloud” ရှိုးလေး မတ်လ၂ ရက်နေ့မှာ လုပ်မှာပါ။ ကိုရဲလေးနဲ့က ဟိုအရင်ကလို သီချင်းကနေ ပရိသတ်တွေ လက်ခံတဲ့အခါ တောက်လျှောက် လုပ်ဖြစ်သွားတယ်”

“ကိုရဲလေး သီချင်းလေးတွေက နင်ဇီနဲ့ လိုက်သွားတော့ ဝမ်းသာပါတယ်။ နင်ဇီကတော့ ကျေနပ်တယ်။ ကိုရဲလေးနဲ့ အလုပ်တွဲလုပ်ရတာ အရမ်းပျော်ဖို့ ကောင်းတယ်။ အရမ်း ပေါ့ပါးတယ်။ နင်ဇီတို့လို လူငယ်တွေကို အမြဲ တွဲခေါ်တယ်။ ကိုရဲလေး ရေးပေးတဲ့ သီချင်းတိုင်း ပေါက်တယ်ဆိုတာလည်း မှန်ပါတယ်။ အနုပညာအလုပ်မှာ ရေစက်ရှိလို့ အဆင်ပြေသွားတယ်ပဲ ပြောရမှာပေါ့” လို့ အဆိုတော် နင်ဇီမေက ပြောပါတယ်။

နင်ဇီမေက ဒုတိယ တကိုယ်တော် တေးစီးရီး ထွက်နိုင်ဖို့ ကြိုးစားနေပြီး နောက်နှစ်ထဲ ထွက်ဖြစ်မယ်လို့ ဆိုပါတယ်။ အချစ်ရေးနဲ့ ပတ်သက်လို့လည်း နင်ဇီမေက အခုလို ဆိုပါတယ်။

“အချစ်ရေးက တယောက်တည်းပါပဲ။ ဘယ်သူမှ မရှိဘူး။ အချစ်ရေးကတော့ မရှိလို့ ဝမ်းမနည်းဘူး။ ရှိရင်လည်း အကောင်းဆုံး အဆင်ပြေပြေဖြစ်အောင် ကြိုးစားမယ်။ အပူတွေ မကြိုက်ဘူး။ နင်ဇီ့ကို သရုပ်ဆောင်လုပ်ဖို့ ကမ်းလှမ်းလာပေမယ့် ကိုယ်ယုံကြည်ချက်ရှိမှ လုပ်ချင်တယ်။ ကိုယ်ပိုင်တဲ့ကဏ္ဍ မဟုတ်တဲ့အတွက် ကိုယ်ကျွမ်းကျင်ပြီ၊ ကိုယ်ယုံကြည်ချက်ရှိပြီး ပိုင်နိုင်တယ်ထင်ရင် ဝိတ်လေးဘာလေးချပြီး လုပ်ဖြစ်မယ်။ အခုတော့ လုပ်ဖို့ မရှိသေးပါဘူး။ ဝိတ်ချမယ်ဆိုပြီး အချိန်ဆွဲနေတာ နောက်ပိုင်းတော့ ကျန်းမာဖို့ အတွက်ပဲ လုပ်တော့မယ်”လို့ နင်ဇီမေက ပြောပါတယ်။

နင်ဇီမေဟာ Myanmar Idol Season 1 သီချင်းဆို ပြိုင်ပွဲပြီးကတည်းက ဂီတအလုပ်တွေ ဆက်တိုက် လုပ်နေရတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ပြိုင်ပွဲကြီး ပြီးသွားတဲ့ နောက်မှာလည်း ဖျော်ဖြေရေးတွေမှာ ပါဝင်သီဆိုနေရသလို တကိုယ်တော်ခွေ “NIN ZI MAY” ဆိုတဲ့ တေးစီးရီးလည်း ထွက်ရှိထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading