Entertainment

အမျိုးသားတွေအနေနဲ့ စိတ်ပျော်ရွှင်အောင် ပြုလုပ်သင့်တဲ့ အရာများ

အမျိုးသားတွေဟာလည်း တခါတရံ စိတ်ဓာတ်ကျလွယ်ပြီး သူတို့ကို စိတ်ပျော်ရွှင်အောင် တွန်းအားပေးမယ့် အရာတခု လိုအပ်ပါတယ်။ သာမန် ငွေရှာတဲ့ အလုပ်အပြင် ထူးဆန်းပြီး ပျော်စရာကောင်းမယ့် အရာတွေကိုလည်း အမျိုးသားတွေ အနေနဲ့ စမ်းသပ်ကြည့်သင့်ပါတယ်။

သင်ဟာ ဘာကို ဝါသနာပါတာလဲ ဆိုတာ မသိတဲ့သူဆိုရင် အခုဖော်ပြပေးမယ့် အချက်တွေကို စမ်းသပ်ကြည့်ရင်း သင့်အကြောင်းသင် ပိုပြီး သိလာပါလိမ့်မယ်။

(၁) တူရိယာ တခုခု တီးခတ်ခြင်း

အစပိုင်းမှာတော့ တူရိယာတွေကို တီးခတ်ဖို့ သင်ကြားရတာ သင့်အတွက်ရော သင့်အိမ်နားနီးချင်းတွေ အတွက်ပါ စိတ်ပျက်စရာ ဖြစ်နေမှာပါ။ အထူးသဖြင့် သင်က Drum တို့၊ တယောတို့ကို သင်မယ်ဆိုရင် ပိုဆိုးပါတယ်။ ဒါပေမယ့် ဆက်ပြီး အောင်မြင်တဲ့အထိ သင်ကြားလိုက်ရင် သင့်စိတ်ထဲမှာ ပျော်ရွှင်မှုပုံ စံအသစ်တခုကို ရရှိမှာ သေချာပါတယ်။

(၂) ဓာတ်ပုံ ရိုက်ပါ

အမျိုးသားတွေနဲ့ သင့်လျော်တဲ့ အခြား ပျော်စရာတခုကတော့ ဓာတ်ပုံရိုက်တာပါပဲ။ သဘာဝပတ်ဝန်းကျင်ကို စူးစမ်းလေ့လာပြီး ဓာတ်ပုံရိုက်ခြင်းက သင့်ကို ပျော်ရွှင်စေမယ့်အပြင် ဓာတ်ပုံရိုက်တဲ့ လက်ရည်ကိုလည်း တိုးတက်လာစေနိုင်ပါတယ်။ ယနေ့ခေတ်မှာ လူတိုင်း အပြင်သွားရင် ဖုန်းကိုင်နေကြပြီဖြစ်လို့ ဖုန်းကင်မရာနဲ့လည်း တွေ့ရာမြင်ရာကို ဓာတ်ပုံလျှောက်ရိုက်နေလို့ ရပါတယ်။

(၃) ဟင်းချက်ကြည့်ပါ

မီးဖိုချောင်ဝင်ရတာဟာ အမျိုးသမီးတွေရဲ့ အလုပ်ဆိုတဲ့ အစွဲကြီးကို ဖျောက်ပြီး ကိုယ်တိုင် မီးဖိုချောင်ဝင်ကြည့်ပါ။ ယနေ့ခေတ်မှာ ဟင်းချက်နည်းတွေကို Youtube, Facebook စတဲ့ လူမှုကွန်ရက်တွေက လေ့လာလို့ ရနေပြီး ရုပ်သံလိုင်းတွေမှာလည်း ဟင်းချက်နည်းတွေကို လွှင့်နေတာ အမြဲလိုလို မြင်တွေ့ရပါတယ်။

မိသားစုနဲ့ ဝေးနေတဲ့ အမျိုးသားတွေအဖို့ အိမ်မှာ စားနေကျလက်ရာကို တမ်းတမိတယ်ဆိုရင် ကိုယ်တိုင်ချက်စားနိုင်အောင် မီးဖိုချောင်ဝင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ သင်ကိုယ်တိုင်ချက်ထားတဲ့ ဟင်းကို စားရတဲ့အခါ ရတဲ့ ပျော်ရွှင်မှုက ဘာနဲ့မှ မတူတာကို သင်တွေ့ကြုံရပါလိမ့်မယ်။ စိတ်ဝင်စားရင် အင်တာနက်က ဘီယာချက်နည်းတွေပါ လေ့လာနိုင်ပါသေးတယ်။

(၄) အားကစား လုပ်ပါ

အိမ်မှာနေပြီး နေ့တိုင်း ဂိမ်းဆော့နေတာထက်စာရင် အပြင်ထွက်ပြီး ခြင်းခတ်၊ ဘောလုံးကန်၊ စက်ဘီးစီး၊ စကိတ်စီးခြင်း စတာတွေကို ပြုလုပ်ကြည့်ပါ။ ပြင်ပလောကမှာ လူတွေနဲ့ ထိတွေ့ဆက်ဆံပြီး မိတ်ဆွေအသစ်တွေ ရှာဖွေပါ။ ဘဝက တိုတောင်းလွန်းပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့ဖို့ မမေ့ပါနဲ့။

Ref ; brightside

Loading