Entertainment

ချစ်သူအဆိုတော်ဖြိုးလေးနဲ့ သီချင်းတွေတူတူဆိုထားတဲ့ ဝါဆိုမိုးဦး

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် အပြင် သီချင်းတွေကိုပါ သီဆိုနေတဲ့ ဝါဆိုမိုးဦးက ချစ်သူဖြစ်သူအဆိုတော်ဖြိုးလေးနဲ့ အတူတူ သီချင်းတွေသီဆိုဖို့ ရှိတယ်လို့ မီဒီယာတွေကို ဆိုပါတယ်။

“လက်ရှိ နှစ်ယောက်တွဲ သီချင်းလေးတွေ လုပ်ဖြစ်နေတယ်။ ပရိသတ်တွေအတွက် အကောင်းဆုံး ဖြစ်ချင်တယ်။ ပရိသတ်တွေလည်း အားပေးကြတယ်။ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေတာကြောင့် အချိန်ကြာနေတာပါ။ သီချင်းက လည်းထွက်တော့မှာ မတ်လ ၉ရက်ထွက်မယ်။ ကိုဖြိုးလေးကလည်း Road to Album ဆိုပြီးလည်း သီချင်းတောက်လျှောက် လုပ်လာတာတွေကို သူ့ Page ကနေ တင်နေပါတယ်။ အဲ့ဒါလေးကိုလည်း အားပေးကြပါဦး။ ဝါဆိုအခုသီချင်းတွေပဲ လုပ်ဖြစ်နေတယ်”

“သြင်္ကန်လည်းနီးပြီဆိုတော့ သြင်္ကန်နဲ့ ပတ်သတ်တဲ့ သီချင်းလည်းလုပ်နေတယ်။ အခုတော့ သီချင်းနဲ့ ပတ်သက်တာတွေ ပဲလုပ်ဖြစ်နေတယ်။ အွန်လိုင်းကနေလည်း သီချင်းတွေ တင်ပေးဖို့ရှိတယ်”လို့ ဝါဆိုမိုးဦးက ဆိုပါတယ်။

သရုပ်ဆောင် ဝါဆိုမိုးဦး (ဓာတ်ပုံ – ချစ်ပိုး/ဧရာဝတီ)

ဝါဆိုမိုးဦးက လတ်တလောမှာ ကြော်ငြာတွေရိုက်ဖြစ်နေပြီး ချစ်သူနဲ့အတူ သြစတြေးလျမှာ အဆိုတော် Eminem ရဲ့ Show ကို သွားကြည့်ဖို့ လက်မှတ်ဝယ်ထားပေမယ့် ချစ်သူဖြိုးလေးရဲ့ တကိုယ်တော်သီချင်းခွေထွက်ဖို့ရှိတာကြောင့် မသွားဖြစ်တော့ဘူးလို့ ဆိုပါတယ်ယ။

“ကိုဖြိုးလေးနဲ့ နှစ်ယောက်တူတူ ရှိုးသွားကြည့်မလို့ သြစတြေးလျမှာ Ticket တွေ ဝယ်ပြီးသွားပြီ၊ အခွေစီစဉ်နေလို့ ဘယ်လိုမှသွားလို့ အဆင်မပြေတော့ဘူး။ အဆင်မပြေတော့ Ticket တွေ ဒီတိုင်းထားရတယ်။ အခွေထွက်ပြီးမှပဲ တခြားနိုင်ငံတွေကို သွားကြည့်တော့မယ်ပေါ့။ ကိုဖြိုးလေး အရမ်းကြိုးစားထားတဲ့ အခွေလေးကို အားပေးကြဖို့လည်း ပြောချင်ပါတယ်”လို့ ဝါဆိုမိုးဦးက ပြောပါတယ်။

ဝါဆိုမိုးဦးကတော့ ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်ဘဝနဲ့ အနုပညာလောကထဲကို ရောက်ရှိလာသူ တဦးဖြစ် ပါတယ်။ အခုချိန်မှာလည်း ပရိသတ်အားပေးမှု ရရှိနေတဲ့ သူမဟာ ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့ ဇာတ်ကားတွေ ရိုက်ကူးနေ တသလို ညီမဖြစ်သူ သင်ဇာကိုလည်း အနုပညာအလုပ်လုပ်ဖို့ လက်တွဲခေါ်လျက်ရှိပါတယ်။

သရုပ်ဆောင်ပိုင်းမှာရော ဂီတပိုင်းမှာပါ ပရိသတ်အားပေးမှု ရရှိထားတဲ့ သူမက “မိုက်လား ပြောကြည့်” စီးရီးခွေကို ထွက်ရှိထားသူလည်း ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading