(၉၁) ကြိမ်မြောက် အော်စကာဆုပေးပွဲကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ အမေရိကန် ပြည်ထောင်စု၊ ဒေသစံတော်ချိန် ညနေ ၅ နာရီကစလို့ လော့စ်အင်ဂျလိစ်မြို့မှာရှိတဲ့ Dolby Theatre မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီနှစ်တော့ ထူးထူးခြားခြား ပွဲအခမ်းအနားမှူး မပါဘဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
မက္ကဆီကို ဒါရိုက်တာ Alfonso Cuaron က ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ “Roma” ရုပ်ရှင်နဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပါတယ်။ အသက် ၅၇ နှစ်အရွယ် ဒါရိုက်တာကြီးဟာ ၂၀၁၄ ခုနှစ်တုန်းက “Gravity” ရုပ်ရှင်နဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
မက္ကဆီကိုမြို့မှာ ၁၉၇၀ ပြည့်လွန်နှစ်တွေတုန်းက လူလတ်တန်းစာ မိသားစုတခုကို စောင့်ရှောက်ခဲ့ရတဲ့ အလုပ်သမားတဦးရဲ့ အဖြူ၊ အမည်း ဆေးခြယ်ရုပ်ရှင်ဟာ အခြားဆုပေးပွဲတွေမှာလည်း ဆုတွေ အသီးသီး ရရှိခဲ့ပြီး ဖြစ်ပါတယ်။
ပြည်တွင်းမှ လူ့အခွင့်အရေးအကြောင်း ရိုက်ကူးထားတဲ့ ဒရာမာရုပ်ရှင် “Green Book” က အကောင်းဆုံး ဇာတ်ကားဆုကို ရရှိခဲ့ပါတယ်။ ၁၉၆၀ ပြည့်လွန်နှစ်တွေတုန်းက အမေရိကန်တောင်းပိုင်းမှာ လူဖြူယာဉ်မောင်းတဦးနဲ့ သူငယ်ချင်းဖြစ်ခဲ့တဲ့ လူမည်း စန္ဒယားပညာရှင်တယောက်ရဲ့ အကြောင်း ဖြစ်ပါတယ်။ အဲဒီ ရုပ်ရှင်ဟာ “Black Panther”,”BlacKkKlansman”, “Bohemian Rhapsody”, “The Favourite”, “Roma”, “A Star Is Born” နဲ့ “Vice” ရုပ်ရှင်တွေကို ကျော်တက်ပြီး အကောင်းဆုံး ဇာတ်ကားဆုကို ရရှိ ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဆုရရှိသူတွေထဲမှာ ထူးခြားတာက “Black Panther” ရုပ်ရှင်နဲ့ ဆုရရှိသူခဲ့သူတွေ ဖြစ်ပါတယ်။ အကောင်းဆုံး ဝတ်စုံဒီဇိုင်းဆုကို Ruth Carter က ရရှိပြီး အကောင်းဆုံး ထုတ်လုပ်ရေး ဒီဇိုင်းဆုကို Hannah Beachler က Jay Hart နဲ့အတူ တွဲဖက် ရရှိပါတယ်။ Ruth နဲ့ Hannah တို့ဟာ လူမည်းအမျိုးသမီးတွေဖြစ်တဲ့အတွက် အော်စကာသမိုင်းမှာ မှတ်တမ်း တခုစီ တင်သွားပါတယ်။ သူတို့ ရရှိခဲ့တဲ့ ဆုအမျိုးအစားကို လူမည်းတွေထဲကနေ ပထမဆုံး ရရှိတဲ့သူတွေ ဖြစ်လာကြပါတယ်။
အကောင်းဆုံး မင်းသားဆုကို အများက ထင်မှတ်ထားကြတဲ့အတိုင်း “Bohemian Rhapsody” ရုပ်ရှင်မှ မင်းသား Rami Malek က ရရှိပါတယ်။ အကောင်းဆုံး မင်းသမီးဆုကိုတော့ “The Favourite”ရုပ်ရှင်မှ မင်းသမီး Olivia Colman က Lady Gaga ကို ကျော်တက်ပြီး ရရှိသွားခဲ့ပါတယ်။ (၉၁) ကြိမ်မြောက် အော်စကာဆုပေးပွဲ မှာ ဆုရရှိခဲ့သူများစာရင်းကို ဖော်ပြပေးလိုက်ပါတယ်။
အကောင်းဆုံး ဇာတ်ကားဆု : “Green Book”
ဒါရိုက်တာဆု : Alfonso Cuarón (“Roma”)
မင်းသား: Rami Malek (Bohemian Rhapsody)
မင်းသမီး :Olivia Colman (The Favourite)
ဇာတ်ပို့မင်းသား : Mahershala Ali (Green Book)
ဇာတ်ပို့မင်းသမီး: Regina King (If Beale Street Could Talk)
Original Screenplay: “Green Book”
Adapted Screenplay: “BlackKklansman”
နိုင်ငံခြားစကားပြောရုပ်ရှင် : “Roma”
အန်နီမေးရှင်း ရုပ်ရှင် : “Spider-Man: Into the Spider-Verse”
Sound Editing: “Bohemian Rhapsody”
Visual Effects: “First Man”
Animated Short: “Bao”
Live Action Short: “Skin”
Documentary Short: “Period. End of Sentence.”
Original Score: “Black Panther”
Original Song: “Shallow” from “A Star Is Born”
Production Design: “Black Panther”
Cinematography: “Roma”
Costume Design: “Black Panther”
Makeup and Hairstyling: “Vice”
Documentary Feature: “Free Solo”
Sound Mixing: “Bohemian Rhapsody”
Ref : asiaone