Entertainment

ကမ္ဘာကျော် အနုပညာရှင်တွေရဲ့ အော်စကာပွဲတက် ပုံရိပ်များ

Want create site? Find Free WordPress Themes and plugins.

နှစ်စဉ်ကျင်းပနေကျ ရုပ်ရှင်ဆုပေးပွဲ အခမ်းအနားတခုဖြစ်တဲ့ အော်စကာဆုပေးပွဲရဲ့ (၉၁) ကြိမ်မြောက် ဆုချီးမြင့်ပွဲကို အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလစ်မြို့မှာရှိတဲ့ Dolby ပြဇာတ်ရုံမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲကို တက်ရောက်ခဲ့တဲ့ အနုပညာရှင်တွေရဲ့ ဖက်ရှင်တွေကို ဖော်ပြပေးချင်ပါတယ်။

ဒီနှစ်မှာတော့ ထူးထူးခြားခြားအနေနဲ့ ဆန်ကျင်ဖက်လိင်လို ဝတ်ဆင်ပြီး တက်ရောက်ခဲ့တဲ့ အနုပညာရှင်တွေလည်း ရှိခဲ့ပါတယ်။

(၁) “Ocean 8” ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Sarah Paulson ဝတ်လာတဲ့ ဂါဝန်ကတော့ လူပြောအများဆုံးဖြစ်နေပါတယ်။ သူမရဲ့ ဖက်ရှင်ကို ပရိသတ်တွေက “ပန်းရောင်ငရဲခန်း” လို့ ခေါ်နေကြပြီး အင်တာနက်စာမျက်နှာတွေပေါ်မှာလည်း လှောင်ပြောင်မှုတွေ ရှိနေပါတယ်။

(၂) “A star Is Born” ဇာတ်ကားရဲ့ အဓိက မင်းသမီးဖြစ်တဲ့ လေဒီဂါဂါက ခါးရိုးတွေ ပိုမိုပေါ်လွင်အောင် အထူးချုပ်ထားတဲ့ အမည်းရောင် ဂါဝန်ကို ဝတ်ဆင်ခဲ့ပါတယ်။

(၃) အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆု ဆန်ခါတင်စာရင်းမှာ ပါဝင်တဲ့ မင်းသမီး Rachel Weisz ဝတ်လာတဲ့ ဂါဝန်ကတော့ အနီရောင် မိုးကာကို ဟိုညှပ်ဒီညှပ်လုပ်ထားသလိုပဲ လို့ ပရိသတ်တွေက ဝေဖန်ခဲ့ပါတယ်။

(၄) အလားတူပဲ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု ဆန်ခါတင် စာရင်းဝင် မင်းသမီး Emma Stone က ပျားအုံပုံစံ ဂါဝန်ကို ဝတ်လာခဲ့ပါတယ်။

(၅) အကောင်းဆုံးအမျိုးသမီး ဆန်ခါတင်စာရင်းမှာ ပါဝင်ပေမယ့် ဆုရခဲ့ခြင်းမရှိတဲ့ မင်းသမီး Marina de Tavira ကတော့ အနီရောင် ဂါဝန်ကို ဝတ်ဆင်ခဲ့ပြီး ကောဇောနီပေါ်မှာ အထင်းသား လှပနေခဲ့လို့ အားလုံးက သဘောကျနေကြပါတယ်။

(၆) ပန်းရောင်ဟာ ဒီနှစ် အော်စကာမှာ ဝတ်ဆင်မှုအများဆုံးဖြစ်ပြီး မင်းသမီးကြီးတွေကအစ အပန်းရောင်ကိုပဲ ဝတ်ဆင်ခဲ့ကြပါတယ်။ အစီအစဉ် တင်ဆက်သူတဦးဖြစ်တဲ့ မင်းသမီးကြီး Helen Mirren ကလည်း ပန်းရောင်ဂါဝန်ကို ဝတ်ဆင်ခဲ့ပေမယ့် သူမနဲ့ သိပ်ပြီး လိုက်ဖက်မှုမရှိတာကို တွေ့ရပါတယ်။

(၇) အထူးခြားဆုံးကတော့ အမျိုးသားဝတ်စုံဖြစ်တဲ့ Tuxedo ကို အောက်မှာ ဂါဝန်နဲ့ တွဲပြီး ဝတ်ခဲ့တဲ့ မင်းသား Billy Porterရဲ့ ဝတ်စုံပဲ ဖြစ်ပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ Pose ဇာတ်လမ်းတွဲကို အသားပေးတဲ့ ဖက်ရှင်ကို ဝတ်ဆင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

(၈) Eight Grade ရဲ့ မင်းသမီး Elsie Fishe က အမျိးသားဝတ်စုံဖြစ်တဲ့ Tuxedo ကို ဝတ်ဆင်ခဲ့ပြီး ဆံပင်ကို ချထားပါတယ်။ အောက်မှာတော့ အမျိုးသမီးစီး Patent Boots ကို စီးထားတာကို မြင်တွေ့ရပါတယ်။

Ref: news.com.au

Did you find apk for android? You can find new Free Android Games and apps.
Loading