• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

သြဂုတ်လမှာ ထပ်မံထွက်ရှိလာတော့မယ့် “The Angry Birds Movie 2”

by ဟယ်လ်သင်
25 February 2019
in Entertainment
A A
"The Angry Birds Movie 2" ရုပ်ရှင်

"The Angry Birds Movie 2" ရုပ်ရှင်

6.8k
VIEWS
Share on FacebookShare on Twitter

Angry Bird Game ရဲ့ ဇာတ်ကောင်တွေနဲ့ အခြေခံပြီးရိုက်ကူးထားတဲ့ “The Angry Birds Movie” ဟာ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး နောက်ဆက်တွဲရုပ်ရှင်အနေနဲ့ လာမယ့် သြဂုတ်လမှာဆိုရင်တော့ “The Angry Birds Movie 2” ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Columbia Pictures , Rovio Animation နဲ့ Sony Pictures စတဲ့ Animation ကုမ္ပဏီတွေကနေ ပူးတွဲ ထုတ်လုပ်မှာဖြစ်ပြီး Sony ကနေ တကမ္ဘာလုံးအတိုင်းအတာနဲ့ တရားဝင် ဖြန့်ချိသွားမှာလည်း ဖြစ်ပါတယ်။

RelatedPosts

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
749
တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
332
သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
407

၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Angry Birds Movie ကို ဒါရိုက်တာ Thurop Van Orman က ရိုက်ကူးခဲ့တာဖြစ်ပြီး ထပ်မံထွက်ရှိလာမယ့် Angry Birds Movie 2 ကိုလည်း ၎င်းကပဲ ဆက်လက် ရိုက်ကူးထားတာဖြစ်ပါတယ်။ အသံသရုပ်ဆောင်တွေအဖြစ် “Game of Throne” ရဲ့ နာမည်ကျော် သရုပ်ဆောင်တဦးဖြစ်တဲ့ Peter Dinklage နဲ့ နာမည်ကျော် အဆိုတော်တဦးဖြစ်တဲ့ Nicki Minaj တို့က ပါဝင် သရုပ်ဆောင်ထားကြတာလည်း ဖြစ်ပါတယ်။

“Angry Birds Movie 2” မှာတော့ ဇာတ်ကောင်အသစ်အနေနဲ့ Zeta ဆိုတဲ့ ခရမ်းရောင်ငှက်တကောင် ပါဝင်လာခဲ့တဲ့ Official Trailer ဟာလည်း ထွက်ရှိထားတာ ဖြစ်ပါတယ်။ ၂၀၁၆ မှာ ရိုက်ကူးခဲ့တဲ့ Angry Birds Movie မှာတော့ ဂိမ်းထဲမှာ ရင်းနှီးခဲ့ဖူးပြီးသားအတိုင်း ငှက်ဥတွေကို ခိုးယူသွားခဲ့တဲ့ ဝက်တွေနဲ့ ငှက်တွေ တိုက်ပွဲရင်ဆိုင်ခဲ့ကြတာပဲဖြစ်ပြီး အဲဒီတိုက်ပွဲမှာ ငှက်တွေဘက်က အနိုင်ရရှိခဲ့တာနဲ့ ပထမရုပ်ရှင်ကို ဒါရိုက်တာက အဆုံးသတ်ထားတာလည်း ဖြစ်ပါတယ်။

တိုင်းပြည်ကို ဖျက်ဆီးခံခဲ့ရတဲ့ ဝက်တိုင်းပြည်ရဲ့ ဘုရင် Mudbeard က အခုထွက်ရှိလာမယ့် “Angry Birds Movie 2” မှာ ဘယ်လို ပြန်လည် လက်စားချေမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်တဲ့အပြင် ပိုလာကျွန်းမှာ နေထိုင်တဲ့ ခရမ်းရောင် Zeta တကောင်ကလည်း ဝက်တွေနဲ့ ငှက်တွေကြား ဘယ်လို ခလောက်ဆန်မလဲဆိုတာကိုပါ ပေါ့ပေါ့ပါးပါး ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

သြဂုတ်လ ၁၆ ရက်နေ့၊ နိုင်ငံတကာမှာ စတင်ပြသမှာဖြစ်ပြီး ပထမရုပ်ရှင် စတင်ပြသခဲ့တဲ့ အချိန်နဲ့ ၃ နှစ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်တာကြောင့် ဇာတ်လမ်း ဇာတ်ကွက်တွေကို ဘယ်လို တည်ဆောက်ထားမလဲ ဆိုတာကိုပါ စောင့်မျှော်ကြရမှာပါ။ Angry Birds Game ကို စတင်တည်ထောင်ခဲ့ခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ အခုရုပ်ရှင်ကို ထုတ်လုပ်ခဲ့တာလို့ သိရပါတယ်။

Ref: agnrybirds.fandom.com

Your Thoughts …
Tags: Angry BirdAnimationThe Angry Birds Movie 2
ဟယ်လ်သင်

ဟယ်လ်သင်

Similar Picks:

မြေယာအခွင့်အရေး တက်ကြွလှုပ်ရှားသူ ကချင်အမျိုးသမီး ဒေါ်ဘောက်ဂျာ အကြောင်း နော်ဝေနိုင်ငံရှိ Peace Research Institute Oslo (PRIO) အဖွဲ့က ကာတွန်းရုပ်ပုံများနှင့် သရုပ်ပြထားသည့် Animation ဇာတ်လမ်းပါ သရုပ်ဖော် ပုံ

မြေပြန့်က လူတွေထက် တိုင်းရင်းသားတွေက ပိုသာတယ်

by နန်းလွင်နှင်းပွင့်
21 November 2020
24.2k

ကချင်ပြည်နယ်တွင်းမှ မြေယာအခွင့်အရေး လှုပ်ရှားသူ ဒေါ်ဘောက်ဂျာ အကြောင်း ဖန်တီးခဲ့သူ မကေဇင်ဆုဝေကို ဆက်သွယ် မေးမြန်းထားပါသည်။

“Hotel Transylvania 3 : Summer Vacation” ကာတွန်းရုပ်ရှင်

“Hotel Transylvania 3” ကာတွန်းကား နောက်ကွယ်က စိတ်ဝင်စားဖွယ် အချက် ၆ ချက်

by ဟယ်လ်သင်
2 July 2018
22k

Hotel Transylvania ဟာ Sony ရဲ့နောက်ထပ် Trilogy ရုပ်ရှင်ကား တကားအဖြစ် ရိုက်ကူး ထုတ်လုပ်ထားတာဖြစ်ပြီး သူ့အရှေ့မှာ Smurfs Animated ရုပ်ရှင် ၃ ကား ရှိနေခဲ့ပါတယ်။

Animation ရုပ်ရှင်ကားများ

ညွှန်းပေးချင်တဲ့ Animation ဇာတ်ကားကောင်း ၃ ကား

by ကျော်ဆုမွန်
3 June 2018
9.7k

ဇာတ်လမ်းဇာတ်ကွက်အပြင် နောက်ဆုံးပေါ်နည်းပညာတွေကြောင့် တကယ့်လောကထဲက သူတွေရဲ့ ပုံစံအတိုင်း ဖန်တီးထားတဲ့ ဇာတ်လမ်းလေးတွေဟာ ရုပ်ရှင်ကြည့်ပရိတ်သတ်ကို ဆွဲဆောင်သွားမှာပါ။

Next Post
မိတ်ကပ် မေဦးမောင် / ချစ်ပိုး / ဧရာဝတီ

မိန်းမလျာတွေအပေါ် နှိမ့်ချတဲ့ကားတွေ မရိုက်အောင် ဆင်ဆာအဖွဲ့ကို စာတင်မယ့် မေဦးမောင်

သရုပ်ဆောင် ပိုးကြာဖြူခင် / ယုဖြူဟန် / ဧရာဝတီ

"အခွင့်အရေး ရမယ်ဆိုရင် အက်ရှင်ကား ရိုက်ချင်တယ်"လို့ ပြောတဲ့ ပိုးကြာဖြူခင်

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate