အောင်မြင်တဲ့ အနုပညာရှင်တယောက်ဖြစ်ဖို့ ဆိုတာဟာ လွယ်ကူတဲ့ကိစ္စတခုတော့ မဟုတ်ပါဘူး။ အခက်အခဲနဲ့ ပြိုင်ဆိုင်မှုတွေများလှတဲ့ ဟောလိဝုဒ်လိုနေရာမျိုးမှာ မိမိအောင်မြင်မှုနဲ့ ကျော်ကြားမှုကို ထိန်းထားနိုင်ဖို့ ဆိုတာဟာလည်း ပိုပြီးခက်ခဲတဲ့ ကိစ္စတခုပဲဖြစ်ပါတယ်။
အခုဖော်ပြပေးမယ့် အနုပညာရှင်တွေကတော့ တခေတ်တခါက ရုပ်ရှင်ချစ်ပရိသတ်တွေ ကြိုက်နှစ်သက်ခဲ့ကြပြီး အခုအချိန်မှာ ရုပ်ရှင်ပိတ်ကားထက်မှာ မတွေ့ရတော့တဲ့ အနုပညာရှင်တွေပဲဖြစ်ပါတယ်။
(၁) Demi Morre
လူမှုကွန်ရက်တွေပေါ်က သတင်းတခုမှာတော့ Demi Morre ဟာ Bruce Willis နဲ့ တရားဝင်ကွာရှင်းပြတ်စဲခဲ့ပြီး သူမထက်အသက် ၁၆ နှစ်ငယ်တဲ့ Ashton Kutcher နဲ့ လက်ထပ်ခဲ့တယ် ဆိုတာကို သိရပါတယ်။ Patrick Swayze နဲ့အတူပါဝင်ခဲ့တဲ့ Ghost ရုပ်ရှင်ဇာတ်ကားမှာ Demi Morre ဟာ အောင်မြင်မှုရရှိခဲ့ပြီး Striptease နဲ့ G.I.Jane ရုပ်ရှင်တွေအပြင် တခြားသောရုပ်ရှင်တွေမှာတော့ မထင်မရှားဇာတ်ရုပ်နေရာတွေမှာသာ ပါဝင်ခဲ့တာပဲဖြစ်ပါတယ်။
(၂) Tobey Maguire
Spider Man ရုပ်ရှင်ရဲ့ ပထမဦးဆုံးပွဲဦးထွက်မင်းသားအဖြစ် အဓိကသရုပ်ဆောင်ခဲ့တဲ့ Tobey Maguire ဟာ The Great Gatsby မှာလည်း မင်းသား Leonardo နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။ Christin Dunst နဲ့ Spider Man နမ်းရတဲ့ ဇာတ်ဝင်ခန်းတခုဟာ ရုပ်ရှင်ချစ်သူတွေအတွက် မေ့မရနိုင်တဲ့ အခိုက်အတန့်တခုကို ပုံဖော်ပေးနိုင်ခဲ့ပြီး နောက်ထပ် Spider Man 3 ရုပ်ရှင်အပြီးမှာတော့ သရုပ်ဆောင်ခွင့်မရရှိတော့တာပဲ ဖြစ်ပါတယ်။
(၃) Carrie-Anne Moss
၁၉၉၉ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ The Matrix ရုပ်ရှင်နဲ့အတူ Carrie-Anne Moss ရဲ့အောင်မြင်မှုဟာလည်း တဟုန်ထိုးမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ The Matrix ရဲ့ နောက်ဆက်တွဲရုပ်ရှင်တွေအပြင် ရဲ့ရုပ်ရှင်တွေမှာလည်း သရုပ်ဆောင်ခွင့်ရရှိခဲ့ပေမယ့် အခုနောက်ပိုင်းရုပ်ရှင်တွေမှာတော့ သူမရဲ့ အခန်းကဏ္ဍဟာ ပျောက်ဆုံးနေခဲ့တာလည်း ဖြစ်ပါတယ်။
(၄) Macaulay Culkin
Home Alone ရုပ်ရှင်တွေနဲ့အတူ သူရဲ့သရုပ်ဆောင်မှုတွေကို အမှတ်တရဖြစ်ခဲ့ကြရပေမယ့် တခြားသော ရုပ်ရှင်တွေမှာတော့ Macaulay Culkin ကို မတွေ့ရတော့သလောက်ကို ရှားပါးခဲ့ပါတယ်။ Home alone ရုပ်ရှင်တွေဟာ Christmas အချိန်အခါသမယမှာရောက်တိုင်း ယခုကာလတွေအထိ လွှမ်းမိုးနေနိုင်သေးတဲ့ မှော်တခုဆိုရင်လည်း ငြင်းနိုင်ဖွယ်ရာမရှိပါဘူး။
Ref. Brightside.me