• English
Sunday, June 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဘဝတူ သက်ကြီး ပုဂ္ဂိုလ်များကို ကန်တော့ခဲ့ကြတဲ့ အလှဖန်တီးရှင်များရဲ့ ပီတိစကား

by ချစ်ပိုး
10 March 2019
in Entertainment
A A
ဘဝတူ သက်ကြီးပုဂ္ဂိုလ်များကို ကန်တော့ပွဲမှာ တွေ့ရတဲ့ အလှဖန်တီးရှင်များ  / ချစ်ပိုး / ဧရာဝတီ

ဘဝတူ သက်ကြီးပုဂ္ဂိုလ်များကို ကန်တော့ပွဲမှာ တွေ့ရတဲ့ အလှဖန်တီးရှင်များ / ချစ်ပိုး / ဧရာဝတီ

15.5k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့မှ အလှဖန်တီးရှင်များ ဦးစီးကာ ပထမအကြိမ် ဘဝတူ သက်ကြီး ပုဂ္ဂိုလ်များအား ဂါဝရပြု ပူဇော်ပွဲ အခမ်းအနားကို မတ်လ ၈ ရက်နေ့က ရန်ကုန်မြို့၊ တော်ဝင်ဂါးဒင်း ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဘဝတူ သက်ကြီးရွယ်အိုများကို ဂါရဝပြု လှူဒါန်းရတဲ့ ခံစားချက်တွေကို အလှဖန်တီးရှင်များ ဖြစ်ကြတဲ့ မိတ်ကပ် ခင်စန်းဝင်း၊ လင်းလင်း၊ ညီညီမောင်(စမ်းချောင်း)၊ မထက် (Pop Soul) တို့က အခုလိုပဲ ပြောပြထားပါတယ်။

မိတ်ကပ် ခင်စန်းဝင်း

RelatedPosts

တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
225
သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
317
စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

9 June 2025
5.8k

“သက်ကြီးပူဇော်ပွဲလေး လုပ်ချင်တယ်ပေါ့။ ရှေ့မှာလည်း မိတ်ကပ် ကိုမာတို့၊ မိတ်ကပ် စိုးစိုးတို့ကလည်း လုပ်ချင်တာ အကောင်အထည် မဖော်နိုင်ခဲ့ဘူးဆိုတဲ့ စကားတွေ စုပြီး ပြောကြရင်း အကောင်အထည်ဖော်နိုင်ခဲ့တာပေါ့။ စာရင်းက ပထမ အယောက် ၄၀၊ အခုတော့ အယောက် ၄၀ ကျော်တယ်။ တယောက်ကို ငွေသား ၂ သိန်းနှုန်းနဲ့ ဆေးဝါးတွေနဲ့ ကန်တော့နိုင်တယ်။ ခံစားချက်ကတော့ ကန်တော့နိုင်တယ်။ မတွေ့တာ၊ မမြင်တာကြာတဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာတွေ နောက် အခြားနယ်ပယ်က နတ်နဲ့ ပတ်သက်သူတွေ၊ ဒီဇိုင်နာတွေ ပါတယ်”

“မကြီးတို့ကတော့ အသက်အရွယ် ကြီးရင့်တဲ့သူတွေ၊ ရုပ်လတ်မြတ်မရွေး မည်သူမဆို ဂါရဝတရားနဲ့ ကန်တော့နိုင်အောင် ဒီလိုပွဲလေး လုပ်ဖြစ်တာပါ။ အသက်ကြီးတဲ့သူတွေလည်း အဆင်မပြေသူတွေရှိသလို အဆင်ပြေတဲ့သူတွေလည်း ရှိတယ်။ အားလုံး တွေ့ဖြစ်ကြတယ်၊ ဆုံဖြစ်ကြတယ်။ ကွယ်လွန်သွားတဲ့ မကြီးစန်းရဲ့ ဆရာ မိတ်ကပ် ဆန်နီကိုလည်း ရှိစေချင်တယ်။ ဘာပဲဖြစ်ဖြစ် ဆရာသမားတွေကို စုံစုံလင်လင် ရှိစေချင်တယ်”လို့ မိတ်ကပ် ခင်စန်းဝင်းက ပြောပါတယ်။

ဘဝတူ သက်ကြီးပုဂ္ဂိုလ်များကို ကန်တော့ပွဲမှာ တွေ့ရတဲ့ အလှဖန်တီးရှင်များ (ဓာတ်ပုံ – ချစ်ပိုး/ဧရာဝတီ)

မိတ်ကပ် လင်းလင်း

“နောက်နှစ်တွေလည်း လှူလို့ရအောင် ပိုတဲ့ ပိုက်ဆံတွေကို ဘဏ်အကောင့်မှာ သိမ်းထားမယ်။ အလှဖန်တီးရှင်တွေထဲကမှ နာမကျန်းဖြစ်နေသူတွေကို ဖြည့်ဆည်း ပံ့ပိုးပေးဖို့လည်း ရှိပါတယ်။ ဒီလို သက်ကြီးတွေ ကန်တော့တဲ့ပွဲမှာ သက်ကြီးတွေကို ကန်တော့ခွင့်ရတာ အရမ်းကို ဝမ်းသာပါတယ်။ ကန်တော့တဲ့အချိန် ရင်ထဲမှာ တကယ်ကို စိတ်မကောင်းပါဘူး။ တယောက်တည်းလည်း လုပ်လို့ မရပါဘူး။ အားလုံး ညီညွှတ်ဖို့ လိုတယ်ဆိုတာကို ဒီကန်တော့ပွဲကနေ အလှဖန်တီးရှင်တွေ ဘယ်လောက် ညီညွှတ်တယ်ဆိုတာကို ပြလိုက်တာပါပဲ။ အဲ့အတွက် အရမ်းကို ဝမ်းသာ ကျေနပ်ပါတယ်”လို့ မိတ်ကပ် လင်းလင်းက ပြောပါတယ်။

ဘဝတူ သက်ကြီးပုဂ္ဂိုလ်များကို ကန်တော့ပွဲမှာ တွေ့ရတဲ့ အလှဖန်တီးရှင်များ (ဓာတ်ပုံ – ချစ်ပိုး/ဧရာဝတီ)

မိတ်ကပ် ညီညီမောင်(စမ်းချောင်း)

“ပီတိလည်း ဖြစ်ရတယ်။ သူတို့ ပျော်တာလေးတွေ ကြည့်ပြီး ကလေးလေးတွေလိုပဲ။ ငါတို့လည်း တချိန်မှာ အသက်ကြီးလာရင် နောက်အငယ်တွေ ဒီလိုလေး လုပ်ပေးရင်ဆိုတဲ့ Respect (လေးစားမှု)ကို လက်ဆင့်ကမ်းပေးချင်တာပါ။ သု ကန်တော့ရမယ့် မိတ်ကပ်ဆရာဆိုလည်း မရှိတော့ဘူးပေါ့။ ဒါပေမဲ့ ကိုယ် ဆရာသမားတွေကို ပူဇော်ထိုက်တဲ့ထဲမှာ ရှိစေချင်တာပေါ့။ ဒီလိုလေး ကန်တော့နိုင်တဲ့အတွက် အရမ်း ပီတိဖြစ်ရပါတယ်။ သုတို့ လုပ်ချင်တဲ့ သက်ကြီးပူဇော်ပွဲကို လုပ်တာပါ။ ဘာ အသင်းအဖွဲ့၊ ဘာ အဖွဲ့အစည်းမှနဲ့လည်း မဆိုင်သလို သုတို့ မိန်းမလျာတွေရဲ့ ရိုသေသမှုကို ပြတဲ့ပွဲပါ”လို့ ညီညီမောင် (စမ်းချောင်း) က ပြောပါတယ်။

ဘဝတူ သက်ကြီးပုဂ္ဂိုလ်များကို ကန်တော့ပွဲမှာ တွေ့ရတဲ့ အလှဖန်တီးရှင်များ (ဓာတ်ပုံ – ချစ်ပိုး/ဧရာဝတီ)

မိတ်ကပ် မထက် (Pop Soul)

“ထက်ကတော့ ကိုယ့်အစ်မတွေ အားလုံးရဲ့ စီစဉ်မှုအောက်မှာ ပါဝင်ခဲ့တာပါ။ မထက် ဘာမှ ထွေထွေထူးထူး လုပ်ခဲ့ရတာ မရှိပါဘူး။ ဒီလို စုံစုံညီညီ မတွေ့ခဲ့ဖူးဘူး။ အခုလို တွေ့ရလို့ အရမ်းဝမ်းသာတယ်။ ကိုယ်တွေ အသက်ကြီးလာရင် ဘာတွေ ပြင်ဆင်သင့်တယ်ဆိုတဲ့ စိတ်လေးလည်း ဖြစ်မိတယ်။ ကန်တော့ခွင့် ရတာကိုလည်း ပီတိဖြစ်ပါတယ်”လို့ မိတ်ကပ် မထက် (Pop Soul)က ပြောပါတယ်။

Your Thoughts …
Tags: ခင်စန်းဝင်းညီညီမောင်အလှဖန်တီးရှင်
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

မိတ်ကပ် ခင်စန်းဝင်း  / ယုဖြူဟန် / ဧရာဝတီ

အရင်ခေတ်က မိန်းမလျာများရဲ့ ဘဝကို ပြောပြတဲ့ မိတ်ကပ် ခင်စန်းဝင်း

by ယုဖြူဟန်
28 June 2019
51.9k

“ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့လောက်ထိတော့ သတ္တိ မရှိဘူး။ ကိုယ့်ကိုယ်ကိုယ် ဖြစ်တည်လာတဲ့အပေါ်မှာ အကောင်းဆုံး နေထိုင်သွားမယ်ဆိုတဲ့ စိတ်နဲ့ပဲ ရှင်သန်လာတာ။

"ကျားကျားကြောက်ကြောက်" ဇာတ်ကားမှာ သရုပ်ဆောင်ကြမယ့် မိတ်ကပ်ပညာရှင် များ / ချစ်ပိုး / ဧရာဝတီ

မိတ်ကပ်ဖန်တီးရှင်များကို ပွဲထုတ်ရိုက်ကူးမယ့် “ကျားကျားကြောက်ကြောက်” ရုပ်ရှင်ဇာတ်ကားကြီး

by ချစ်ပိုး
9 January 2019
12.1k

ခေတ်မီပြီးလှတဲ့ ကောင်မလေးပုံစံလေးပါပဲ။ ကိုမင်းမော်ကွန်းဆို ထက်ငယ်ငယ်ကတည်းက အရမ်းကြိုက်တဲ့ မင်းသားတွေနဲ့ သရုပ်ဆောင်ရမယ်ဆိုတော့ အိမ်မက်တခုလိုပါပဲ။

မိတ်ကပ်ခင်စန်းဝင်း  / သက်ပိုင် / ဧရာဝတီ

“လူမှန်းသိတတ်စအရွယ်ကတည်းက ကိုယ့်ကိုယ်ကို မိန်းမလို့ ခံယူထားတယ်”

by ချစ်ပိုး
23 November 2018
12.2k

မကြီးကတော့ လူမှန်းသိတတ်စ ကတည်းက ကိုယ့်ကိုယ်ကို မိန်းမတယောက်လို့ ခံယူထားတယ်။ မိန်းမလျာဆိုတာ မိန်းမစိတ်ပေါက်တဲ့သူကို မိန်းမလျာလို့ခေါ်တယ်။ တချို့ရိုင်းတဲ့ သူတွေက အခြောက်လို့ခေါ်ကြတယ်"

မိတ်ကပ် ခင်စန်းဝင်း  / ချစ်ပိုး / ဧရာဝတီ

“မိန်းမလျာတွေကို အရင်လို မဟုတ်ဘဲ ချစ်ခင်တဲ့စိတ်နဲ့ ကြည့်လာကြတယ်”လို ခင်စန်းဝင်း ပြော

by ချစ်ပိုး
21 February 2019
6k

“နိုင်ငံခြားတိုင်းပြည်တွေကို အသွားအလာ များတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံရေးကို သိမြင်လာကြတဲ့အခါ မကြီးတို့လို လူမျိုးတွေကို ဖယ်ကျဉ်ထားစရာ လူမျိုး မဟုတ်တော့ဘူးလို့ မြင်လာကြတယ်။

မိတ်ကပ် ခင်စန်းဝင်း / ချစ်ပိုး / ဧရာဝတီ

“လျှပ်ပေါ်လော်လီ သိပ်မနေတဲ့သူဆိုတော့ ဟာသတွေ လုပ်ခိုင်းမှာတော့ စိုးရိမ်တယ်”

by ချစ်ပိုး
10 January 2019
17.5k

မြန်မာ့ရုပ်ရှင်မှာ ဂေး လွှမ်းမိုးနေပြီတို့၊ ဘာတို့ပြောကြတယ်။ ဝေဖန်တိုက်ခိုက်ပြီး မကောင်းမြင်တဲ့သူလည်း ရှိရင် ရှိမှာပါ။ အဲ့ဒါက လူနည်းစုပါ။

မိတ်ကပ်ပညာရှင် ခင်စန်းဝင်း / သက်ပိုင် / ဧရာဝတီ

“အချစ်ရေးကတော့ မိဘတယာက်လိုနေရာမျိုးမှာပဲ ရှိနေပါတယ်”

by ချစ်ပိုး
10 December 2018
15.1k

အနေအေးတာက အရင်တည်းက တယာက်တည်းနေတယ်။ အပြင်သိပ်မသွားဘူး။ မိန်းမဆန်လွန်းတယ်။ မိန်းမအစစ်တွေတောင်ပြောကြတယ်။ မကြီးကလျှောက်ကဲတာမကြိုက်ဘူး။

Next Post
ထိုင်ဝမ်နိုင်ငံရဲ့ အထင်ကရ အဆောက်အဦ "Taipei 101"  / သီဟတိုး / ဧရာဝတီ

"အာရှရဲ့ အသည်းနှလုံး"လို့ တင်စားရာ ထိုင်ဝမ်နိုင်ငံမှာ လည်ပတ်စရာ

မြန်မာ စစ်အာဏာရှင်ကြီးများ  / ဧရာဝတီ

စစ်အာဏာရှင် နှင့် ကိုကိုးကျွန်း အကျဉ်းထောင်

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.8k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
5.6k

Most Read

  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate