• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“လှပ်၍လွင့်သော” ရုပ်ရှင်ကားမှာ မို့မိုမြင့်အောင် ငယ်ဘဝအဖြစ် သရုပ်ဆောင်တဲ့ ခင်ဝင့်ဝါ

by ချစ်ပိုး
13 March 2019
in Entertainment
A A
သရုပ်ဆောင်ခင်ဝင့်ဝါ  / RBV

သရုပ်ဆောင်ခင်ဝင့်ဝါ / RBV

7.3k
VIEWS
Share on FacebookShare on Twitter

ခင်ဝင့်ဝါက “လှပ်၍လွင့်သော”ရုပ်ရှင်ကားကြီးမှာ မကြည်ပြာငယ်ဘဝကို သရုပ်ဆောင်တာ အများကြီး လိုအပ်သေးတယ်လို့ ကိုယ့်ကိုယ်ကို ခံစားရသလို မေမွှေးပရိသတ်တွေ မေမွှေးငယ်ဘဝကို သရုပ်ဆောင်တာ ပီပြင်လား မပီပြင်ဘူးလားဆိုတာကို ပြောမှာကြောက်တယ်လို့ ပြောပါတယ်။

“လှပ်၍လွင့်သော မှာ အစ်မတယောက်က ကိုယ်ရပ်တည်နိုင်တဲ့အထိ အနေအထားနဲ့ ကိုယ့်မောင်လေးကို ချစ်တယ်။ မောင်လေးကို ကာကွယ်ပေးတယ်။ မောင်နှမသံဃောဇဉ်နဲ့ မိသားစုချစ်ခြင်းမေတ္တာကို ပုံဖော်ထားတာပေါ့။ ကိုယ့်ကိုယ်ကို ပြန်သုံးသပ် မယ်ဆိုရင်တော့ မကြည်ပြာ(မို့မို့မြင့်အောင်) ငယ်ဘဝကို သရုပ်ဆောင်တာ အများကြီး လိုအပ်သေးတယ် လို့တော့ ကိုယ့်ကိုယ်ကို ခံစား ရတယ်။ အကောင်းဆုံးတော့ ပုံဖော်မယ်ဆိုတဲ့ စိတ်လည်းရှိတယ်။ အရမ်းလည်း ပင်ပန်းခဲ့တယ်”

RelatedPosts

မြိတ်မြို့

မြိတ်မြို့

11 May 2025
539
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
235
ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

7 May 2025
778
ဒါရိုက်တာဝိုင်းနဲ့ ခင်ဝင့်ဝါ / မောင်သိန်း(ဒဿနိက)

“ အချို့ Scene တွေဆို မိုးရွာထဲမှာကို ၂ရက်လောက်ရိုက်ရတယ်။ ပင်ပန်းတယ်လို့တော့ မခံယူထားဘူး။ အခက်အခဲ ဆိုတာထက် လာကမ်းလှမ်းချိန်မှာ မေမွှေး (မို့မို့မြင့်အောင်) ငယ်ဘဝသရုပ်ဆောင် ရမယ်ဆိုတော့ အရမ်းလည်း ကြောက်တယ်။ အရမ်းလည်းတုန်လှုပ်တယ်။ အရမ်းတာဝန်ကြီးတယ်။ မေမွှေးက ညီမတို့ ငယ်ငယ်ကတည်းက အောင်မြင်ထားတဲ့ အကယ်ဒမီများရှင်လေ။ မေမွှေးပရိသတ်တွေ မေမွှေးငယ်ဘဝကို သရုပ်ဆောင်တာ ပီပြင်လား မပီပြင်ဘူးလားဆိုတာကို ပြောမှာကြောက်တယ်”လို့ ခင်ဝင့်ဝါက ပြောပါတယ်။

ဒါရိုက်တာဝိုင်းရဲ့ စိတ်ရှည်လက်ရှည်နဲ့ကို သင်ကြားပေးတာကြောင့် မကြည်ပြာ ငယ်ဘဝက ရုပ်လုံးပေါ်လာတယ်လို့ ခင်ဝင့်ဝါက ဆိုပါတယ်။

“ဒါရိုက်တာဝိုင်းကလည်း အများကြီး သင်ပေးတယ်။ On Scene ပေါ်မှာ မှသင်ပေးတာ မဟုတ်ပါဘူး။ မရိုက်ခင်လည်း ကြိုသင်ကြားပေးထားတယ်။ ကိုဝိုင်း သင်ကြားပေးမှုတွေကြောင့် မကြည်ပြာ ငယ်ဘဝက ရုပ်လုံးပေါ်လာတာပေါ့။ စိတ်ရှည်လက်ရှည်နဲ့ကို သင်ကြားပေးတာပါ။ နေရာ လေးတနေရာ ပေးတဲ့ အတွက် အရမ်းပျော်တယ်။ ညီမအတွက် ပထမဆုံး မဖွေးရယ် မေမွှေးရယ် ကိုနိုင်ရယ် ကိုဝိုင်းရယ်ဆုံတဲ့ ကားဆိုတော့ ညီမအတွက် အမှတ်တရဆိုတာထက် မှတ်တိုင် တခုပါပဲ”

“ ဒီကားက ညီမအတွက် ပညာလည်းရတယ်။ ကိုယ့်အတွက်လည်းနေရာလေးတခုလုပ်ခွင့်ရတယ်။ အဲ့အတွက် ဒီကားက ညီမအတွက် ပြောမပြနိုင်တဲ့ အမှတ်တရတွေ အများကြီးပါ။ ညီမတို့က သရုပ်ဆောင်ဆိုတော့ သရုပ်ဆောင်ရမှာ ပဲလေ။ ကိုယ့်လုပ်ကွက် ရမယ်သင်ကြားပြသပေးမယ်ဆိုရင် ညီမဘယ်ဇာတ်ကားမဆို စဉ်းစားပြီး လက်ခံမှာပါ ”လို့ ခင်ဝင့်ဝါက ပြောပါတယ်။

ခင်ဝင့်ဝါဟာ သရုပ်ဆောင်တယောက်မဖြစ်ခင်က အလှမယ်တယောက်လည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကိုယ်စားပြု Miss Supranational Myanmar တယောက်ဖြစ်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ အလှမယ်တယောက်ပါ။

Your Thoughts …
Tags: ခင်ဝင့်ဝါလှပ်၍လွင့်သော
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

သရုပ်ဆောင် ခင်ဝင့်ဝါ / RBV

“သတိအန္တရာယ်ရှိသည်”ဇာတ်ကားမှာ ငိုရလွန်းလို့ ရင်ဘတ်အောင့်ခဲ့ရတယ်လို့ ခင်ဝင့်ဝါ ပြော

by ချစ်ပိုး
19 June 2019
9.5k

 “ သတိအန္တရာယ်ရှိသည်” ဇာတ်ကားကို အက်ရှင် ကြိုက်တဲ့ ပရိသတ်တွေလည်း ကြိုက်မယ်ထင်တယ်။ ကိုယုန်လေးက ညီမတို့နဲ့ အရမ်းခင်တယ်။

အလှမယ်ခင်ဝင့်ဝါ / Khin Wint Wah's Facebook

“အတ္တမပါဘဲ ချစ်နေရင် အကောင်းဆုံး”လို့ ဆိုလာတဲ့ ခင်ဝင့်ဝါ

by ချစ်ပိုး
30 December 2019
6.1k

အချစ်ကို ထွေထွေထူးထူး နားမလည်ထားဘူး။ အချစ်ဆိုတာ ချစ်နေရရင် ပြီးပြီလေ။ အဲ့လိုပဲ သတ်မှတ်ထားတယ်။ အများကြီး အဓိပ္ပါယ် မဖွဲ့တတ်ဘူး။ ကိုယ်ကသူ့ကို ချစ်နေရရင် ပြီးပြည့်စုံတယ်ပေါ့။

သရုပ်ဆောင် ခင်ဝင့်ဝါ  / Ma Htet's Facebook

ရွှေမှုံရတီ နေရာမှာ သရုပ်ဆောင်မယ့် ခင်ဝင့်ဝါ ဘယ်လိုပြင်ဆင်ထားလဲ

by ချစ်ပိုး
6 November 2018
16.4k

"ဒီဇာတ်ကားအတွက်ကတော့ စိန်ခေါ်မှုဆိုတာထက် ကိုယ့်အနေနဲ့ ဒီကာရိုက်တာကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီး သရုပ်ဆောင်သွားမှာပါ။

၂၀၂၀ ရဲ့ “အလှဆုံး မျက်နှာ ၁၀၀” စာရင်းမှာ ပါဝင်တဲ့ ခင်ဝင့်ဝါ

၂၀၂၀ ပြည့်နှစ်အတွက် အလှဆုံး မျက်နှာ ၁၀၀ စာရင်းမှာ ခင်ဝင့်ဝါ ပါဝင်

by မစ်ကီ
30 December 2020
5.8k

အလှဆုံးမျက်နှာ ၁၀၀ စာရင်းမှာတော့ K-pop စတားတချို့လည်း ပါဝင်နေတာ တွေ့ရပါတယ်။ စာရင်းထဲမှာ Jihyo, Chaeyoung, Momo, Sana နဲ့ Tzuyu တို့လည်း ပါဝင်ပါတယ်။

သရုပ်ဆောင် ခင်ဝင့်ဝါ / Khin Wint Wah's Facebook

“အခုချိန်မှာ အနုပညာအလုပ်တွေကိုပဲ အားစိုက်နေတယ်” လို့ ခင်ဝင့်ဝါ ပြော

by ချစ်ပိုး
17 October 2019
12.8k

အခုလတ်တလော အနုပညာအလုပ်တွေ နဲ့ရှုပ်နေတယ်။ နားတဲ့အချိန်မှာတော့ ဝတ္ထုဖတ်တယ်။ ရုပ်ရှင်ကြည့်တယ်။ သီချင်းနားထောင်တယ်။ အဲ့ဒါတွေနဲ့ပဲ အနားယူဖြစ်ပါတယ်”လို့ ခင်ဝင့်ဝါက ပြောပါတယ်။

သရုပ်ဆောင် ခင်ဝင့်ဝါ  / မန်းသူ

“ညီမမှာ မိန်းကလေးတယောက်အနေနဲ့ ဆွဲဆောင်စရာကောင်းတဲ့ အသံ မရှိသေးဘူး”

by မန်းသူ
13 November 2018
13.1k

ညီမက ကိုယ်လက်ခံထားတဲ့ အလုပ်တခု လုပ်နေချိန်မှာ တချိန်တည်းမှာ တိုက်တိုက်ဆိုင်ဆိုင် ဝင်လာတာမျိုးဆိုတာ ရှားတော့ ရှားပါတယ်။ ကားရိုက်လေးတွေမှာ ကြော်ငြာရိုက် ဝင်လာတာမျိုးဆိုရင်တောင် ဒါရိုက်တာ ခွင့်ပြုမှ လုပ်တယ်။

Next Post
Samsung က  မူပိုင်ခွင့်တင်ထားတဲ့ ခေါက်ချိုးဖုန်းပုံစံ

Samsung က ကိုယ်ထည်အပြင်ဘက် ချိုးကွေးနိုင်သည့် ဖုန်းဒီဇိုင်းအသစ်ကို မူပိုင်ခွင့်တင်

အဆိုတော်ဝေလ /  ဝေဝေနှင်း / ဧရာဝတီ

နာမည်ကြီးခဲ့တဲ့ သြင်္ကန်သီချင်းတွေကို ပြန်ဆိုဖို့ထက် တန်ဖိုးထားပြီးပဲ နားထောင်တဲ့ ဝေလ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate