လောင်းကစားမှုတွေနဲ့ ပတ်သက်ခဲ့လို့ အနုပညာလှုပ်ရှားမှုတွေ ရပ်နားလိုက်တဲ့ ချာထယ်ဟွန်း
လက်ရှိကိုရီးယားနိုင်ငံရဲ့ အနုပညာလောကမှာ ဖြစ်ပေါ်နေတဲ့ အမှုအခင်းတွေထဲမှာ ရိုက်ခတ်မှုအများဆုံးလို့ဆိုရ မယ့် အဆိုတော်ဂျောင်ဂျွန်းယောင်းနဲ့တူတူ 2 Days 1 Night အစီအစဉ်ကို တွဲဖက်ရိုက်ကူးခဲ့ကြတဲ့ မင်းသား ချာထယ်ဟွန်းနဲ့ ဟာသသရုပ်ဆောင် ကင်ဂျွန်ဟိုတို့ကို လောင်းကစားမှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
ပြစ်မှုတွေနဲ့ စုံစမ်းစစ်ဆေးမှုခံနေရတဲ့ ဂျောင်ဂျွန်းယောင်းရဲ့ ဖုန်းကို ရဲဌာနက စစ်ဆေးနေစဉ်မှာ လောင်းကစားနဲ့ ပတ်သက်တဲ့ အပြန်အလှန်စာပို့ထားတာကိုတွေ့ခဲ့ရတယ်လို့ KBS 1 သတင်းဌာနရဲ့ ၉ နာရီသတင်းမှာ ဖော်ပြခဲ့ ပါတယ်။ အဆိုပါသတင်းကြောင့် ချာထယ်ဟွန်းကတော့ သူလက်ရှိရိုက်ကူးနေတဲ့ 2 Days 1 Night အစီအစဉ်အပါအဝင် အစီအစဉ်အားလုံးကနေ ရပ်နားလိုက်ပါတယ်။
၂၀၁၆ ခုနှစ်၊ ဇူလိုင် ၁ ရက် 2 Days 1 Night အစီအစဉ် Group Chatroom ထဲမှာ လောင်းကစားနဲ့ပတ်သက်ပြီး ချာထယ်ဟွန်း ပေးပို့ခဲ့တယ်ဆိုတဲ့သက်သေတွေကို ၉ နာရီသတင်းက ဖော်ပြခဲ့တာပါ။
Group Chatroom ထဲမှာ ချာထယ်ဟွန်းက ပိုက်ဆံအထပ်လိုက်ပုံတွေပို့ခဲ့ပြီး လောင်းကစားပွဲနိုင်ခဲ့တဲ့ ပိုက်ဆံတွေလို့ ပြောခဲ့ပါတယ်။ နောက်ရက် ဇူလိုင် ၁၉ မှာလည်း “ကင်ဂျွန်ဟိုက ဝမ် ၂ သန်းခွဲကျော်လိုက်နိုင်လိုက်တယ်။ ငါကတော့ ၂ သန်း ကျော် လောက်နိုင်လိုက်တယ်” လို့ပြောပြီး နောက်ထပ် ပိုက်ဆံအထပ်လိုက်ပုံတွေ ထပ်ပို့ခဲ့ပြန်ပါတယ်။
အဆိုပါသတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် မင်းသားချာထယ်ဟွန်းက ပရိသတ်တွေကို တောင်းပန်စာရေးသားခဲ့ ပြီး သူပါဝင်တင်ဆက်နေတဲ့ 2 Days 1 Night အစီအစဉ်အပါအဝင် အစီအစဉ်အားလုံးကို ရပ်နားလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။
“ကျနော် အခုလိုသတင်းတွေထွက်လာရတဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်။ လောင်းကစားကို နိုင်ငံ ခြားမှာ လုပ်တာမဟုတ်ပါဘူး။ ပြည်တွင်းမှာပဲ လောင်းခဲ့တာပါ။ အပျော်အနေနဲ့ ပိုက်ဆံတွေရတာနဲ့ ချက်ချင်း ပြန်လာခဲ့တာပါ။ ဒါကြောင့်လည်း Group Chatroom ထဲကို ပျော်စေပျက်စေပို့ခဲ့တာပါ။ ခုတော့ဒါတွေက အရှက်ရစ ရာဆိုတာ သိလာပါပြီ။ ပရိသတ်က ချစ်လို့အားပေးခံခဲ့ရသူတယောက်အနေနဲ့ ကျနော့်လုပ်ရပ်က လက်မခံနိုင် စရာကိစ္စပါ”
“ ကျနော့်ပရိသတ်တွေကိုရော 2 Days 1 Night အစီအစဉ်ကိုအားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုပါ စိတ်ပျက်စေတဲ့အတွက် တောင်းပန်ပါတယ်။ ကျနော့်ကြောင့် 2 Days 1 Night အစီအစဉ် မကောင်းမြင်ခံရလို့ တခြားအဖွဲ့ဝင်တွေကိုလည်း တောင်းပန်ပါတယ်။ မိသားစုကို ဦးဆောင်နေတဲ့ ဖခင်တယောက်အနေနဲ့ ကျနော့် လုပ်ရပ်က မိသားစုဝင်တွေနဲ့ ကလေးတွေကိုပါ အရှက်ရစေခဲ့လို့ အနူးညွတ်တောင်းပန်ပါတယ်” လို့ မတ်လ ၁၇ ရက်နေ့မှာပဲ တောင်းပန်စာ ရေးသားလိုက်ပါတယ်။
ချာထယ်ဟွန်းနဲ့အတူတူ သတင်းတွေထွက်ခဲ့တဲ့ ဟာသသရုပ်ဆောင် ကင်ဂျွန်ဟိုကလည်း လောင်းကစားသ တင်းတွေကြောင့် ပရိသတ် အထင်မြင်လွဲမှားစေခဲ့လို့ တောင်းပန်တဲ့အကြောင်း စာတစောင်ရေးသားလိုက် ပါတယ်။ ဒီလိုလက်မခံနိုင်စရာလုပ်ရပ်တွေကြောင့် တာဝန်ယူတဲ့အနေနဲ့ 2 Days 1 Night အစီအစဉ်အပါအဝင် သူပါဝင်နေတဲ့ အစီအစဉ်အားလုံးကနေ နှုတ်ထွက်တဲ့အကြောင်း ရေးသားထားပါတယ်။
2 Days 1 Night အစီအစဉ် တာဝန်ရှိသူတွေကတော့ အဖွဲ့ဝင် သုံးယောက်လောက် လစ်လပ်သွားတာကြောင့် အသေးစိတ်ကို မတ်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာသွားမယ်လို့ဆိုပါတယ်။ လတ်လောမှာတော့ 2 Days 1 Night အစီအစဉ်ကို အဆိုတော် ဂျောင်ဂျွန်ယောင်းကိစ္စရပ်တွေကြောင့် ရက်အကန့်အသတ်မရှိ ရပ်နားထား ပါတယ်။
Ref: Soompi