တေးသီချင်းအမိုက်စားများကို သီဆိုလေ့ရှိတဲ့ အဆိုတော်ဆိုဖီယာကတော့ ချောမောတဲ့ချစ်သူကို ပိုင်ဆိုင်ထားပြီး ချစ်သူကမကြာခင်မှာ နိုင်ငံခြားတွင် ကျောင်းသွားတက်တော့မှာဖြစ်တာကြောင့် Long Distance Relationship လည်း အယုံအကြည်မရှိတဲ့အတွက် ဘာတွေဖြစ်လာမလဲမသိသေးဘူးလို့ ဧရာဝတီကိုပြောပါတယ်။
“သူကကျောင်းသွားတက်ဖို့အတွက် ပြင်ဆင်နေပြီ။ မတ်လအကုန်မဟုတ်ရင် ဧပြီ သင်္ကြန်မတိုင်ခင်တော့ သွားဖြစ်ဖို့များပါတယ်။ ဘယ်လိုဖြစ်မလဲဆိုတာတော့ မစဉ်းစားဘူး။ တခါမှလည်း Long Distance ကိုတခါမှလည်း မထားဖူးဘူး။ ကိုယ်တိုင်လည်း အယုံအကြည်မရှိဘူးပေါ့။ ဘယ်လိုတွေဖြစ်လာမလဲတော့ မသိဘူး” လို့ အဆိုတော် ဆိုဖီယာကပြောပါတယ်။
သူမရဲ့ချစ်သူကတော့ ဆိုဖီယာထက် ၃နှစ်ခန့်ငယ်ပြီး ယခုအချိန်မှာတော့ ၂ယောက်သားလက်တွဲဖြစ်နေတာ ၁နှစ်ကျော်ခန့်ရှိပြီလို့ သိရပါတယ်။
“အရင်ကတော့ ပွဲတွေဆိုရင်လိုက်ပေးတယ်။ အခုနောက်ပိုင်းမှာတော့ လူတွေများရင်ရှက်လာတာလား ဘာဖြစ်လဲတော့မသိဘူး။ နေရထိုင်ရခက်လို့တဲ့ ပွဲတွေသွားရင်လည်း သူမပါတော့ဘူး။ တနှစ်ကျော်ပါပြီ။ အနာဂတ်အစီအစဉ်တွေကတော့ ဆွဲထားပေမယ့် ကြိုပြီးမပြောချင်ဘူး။ ၂ယောက်ကတော့ အခုထိက ဘာပြဿနာမှမရှိဘူး။ အားလုံးအဆင်ပြေတယ်”လို့ အဆိုတော် ဆိုဖီယာက ပြောပါတယ်။
ချစ်သူနဲ့အတူ မဂ္ဂဇင်းများ ၊ ဂျာနယ်များအတွက် စုံတွဲဓာတ်ပုံများကို တွဲရိုက်ဖြစ်ပေမယ့် တခြားသော အနုပညာအလုပ်များကိုတော့ ဝါသနာမပါဘဲ စီးပွားရေးကို အဓိကလုပ်ချင်တဲ့သူတယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

“သူကအနုပညာအလုပ်ကို စိတ်ကိုမဝင်စားတာ။ အနုပညာမလုပ်ချင်ဘူးတဲ့။ အဓိကက စီးပွားရေးပဲ။ အနုပညာက ဒီနိုင်ငံကအနုပညာမှာ မလုပ်ချင်ဘူးလို့ပြောတယ်။ ဟိုဘက်သွားရင်တော့ မပြောတတ်ဘူး ”လို့ဆိုဖီယာက ပြောပါတယ်။
ချစ်သူနဲ့ ၂ယောက်တွဲပြီး သီချင်းဆိုဖို့တောင်းဆိုခဲ့ပေမယ့် အသံပိုင်းမှာအားနည်းတဲ့အတွက် မလုပ်ဖြစ်ဘဲ Music Video ရိုက်ဖို့အတွက်ကိုလည်း ရှက်နေတာကြောင့် မရိုက်ဖြစ်ဘူးလို့ သိရပါတယ်။
“သူနဲ့သီချင်းလုပ်ဖို့အတွက် ဆိုဖီယာကိုယ်တိုင် တောင်းဆိုပါတယ်။ သူကလည်း ဘယ်လိုမှပြောလို့မရဘူး။ ၂ယောက်သီချင်း၁ပုဒ်လောက် လုပ်ရအောင်ဆိုတာကို မလုပ်ဘူးဘဲငြင်းနေတယ်။ အသံပိုင်းကျတော့ အားနည်းတော့ မလုပ်ပါနဲ့တော့ဆိုပြီးပဲ ပြောလိုက်တော့တယ်”
“ ဓာတ်ပုံရိုက်တဲ့အပိုင်းမှာတော့ အားသာတယ်။ MTV တွေရိုက်ဖို့အတွက်ကလည်း သူကရှက်နေတော့ တခြားသူပဲငှားရတော့တာပေါ့။ တခြားသူနဲ့ရိုက်တော့လည်း မကြိုက်ပြန်ဘူး။ မကြိုက်တော့လည်း မတတ်နိုင်ဘူးပေါ့။ သူမှမလုပ်ပေးနိုင်တာ” လို့ ဆိုဖီယာကပြောပါတယ်။
ဆိုဖီယာကတော့ အချစ်ရေးနဲ့ သူမရဲ့အနုပညာအလုပ်နဲ့ကို ညီမျှအောင်လုပ်ဆောင်လျက်ရှိပြီး သီချင်းအသစ်များစွာကိုလည်း အမြဲတမ်းဖန်တီးနေတဲ့သူတယောက်ဖြစ်ပါတယ်။