• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ညစ်ညမ်းဗီဒီယို ရိုက်ကူး၊ ဖြန့်ချိမှုတို့နဲ့ အဆိုတော် Jung Joon Young ကို ဖမ်းဆီး

by မစ်ကီ
22 March 2019
in Entertainment
A A
ညစ်ညမ်းဗီဒီယို ရိုက်ကူး၊ ဖြန့်ချိမှုတို့နဲ့ ဖမ်းဆီးခံရတဲ့ အဆိုတော် Jung Joon Young

ညစ်ညမ်းဗီဒီယို ရိုက်ကူး၊ ဖြန့်ချိမှုတို့နဲ့ ဖမ်းဆီးခံရတဲ့ အဆိုတော် Jung Joon Young

30.3k
VIEWS
Share on FacebookShare on Twitter

ကိုရီးယားအဆိုတော် Jung Joon Young ကို အမျိုးသမီးတွေရဲ့ ညစ်ညမ်းဗီဒီယို လျှို့ဝှက် ရိုက်ကူးမှု၊ မိုဘိုင်း Chatroom ပေါ်မှာ အဲဒီဗီဒီယိုတွေကို သူငယ်ချင်းတွေဆီကို မျှဝေပေးမှု စွဲချက်တွေကြောင့် ဖမ်းဆီးဖို့ မတ်လ ၂၁ ရက်နေ့မှာ ဝရမ်း ထုတ်ပြန်ခဲ့ပါတယ်။

အသက် ၃၀ အရွယ် အဆိုတော် Jung ဟာ သူနဲ့အတူ လိင်ဆက်ဆံခဲ့တဲ့ အမျိုးသမီး ၁ဝ ယောက်ကို ညစ်ညမ်းဗီဒီယို လျှို့ဝှက် ရိုက်ကူးမှုနဲ့ BIGBANG အဖွဲ့ဝင် Seungri အပါအဝင် အနုပညာရှင် တချို့နဲ့အတူ KakaoTalk စကားပြောခန်းထဲမှာ မျှဝေခဲ့မှုတို့နဲ့ စွပ်စွဲခံထားရတာပါ။ Seungri ဟာလည်း ညစ်ညမ်းဗီဒီယို ကိစ္စ၊ ရင်းနှီးမြှုပ်နှံသူတွေအတွက် ပြည့်တန်ဆာဝန်ဆောင်မှု လုပ်ပေးခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

RelatedPosts

မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
765
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.4k
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
519

တရားရုံးကထုတ်ပြန်လိုက်တဲ့ ဖမ်းဝရမ်းထဲမှာတော့ အဆိုတော် Jung ရဲ့ စွဲချက်တွေကို သက်သေပြနိုင်ခဲ့ပြီး သက်သေများကို ဖျက်ဆီးနိုင်တဲ့အတွက် ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ မတ်လ ၂၁ ရက် အစောပိုင်းမှာ တရားရုံးမှာ ကြားနာမှုစတင်ခဲ့ပြီး အဲဒါ မတိုင်ခင်မှာတော့ သူ့ရဲ့ အမှားတွေကို Jung က ဝန်ခံခဲ့ပါတယ်။

အဆိုတော် Jung က “ကျနော် တောင်းပန်ပါတယ်။ ကျနော်က ခွင့်လွှတ်လို့ မရနိုင်တဲ့ အမှားကို ပြုလုပ်ခဲ့ပါတယ်။ ကျနော့်ရဲ့ အပြစ်တွေကို ကျနော်ဝန်ခံပါတယ်။ ပြန်လည် ရင်ဆိုင်တာ မရှိဘဲ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကျနော် လက်ခံမှာပါ” လို့ မျက်ရည် အဝိုင်းသား မျက်ဝန်းနဲ့ စာကို ဖတ်ပြခဲ့ပါတယ်။

သူက “ကျနော့်ကြောင့် ခံစားခဲ့ရတဲ့ အမျိုးသမီးတွေကို တောင်းပန်ပါတယ်။ ကျနော့်ရဲ့ အပြစ်တွေကို ပြန်လည်သုံးသပ်ရင်းနဲ့ ကျနော့်ရဲ့ ဘဝကို နေထိုင်သွားမှာပါ”လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ကတော့ အရင်တုန်းက တရားမဝင် လုပ်ရပ်တွေကို ဖုံးကွယ်ပေးဖို့ ရာထူးမြင့် ရဲအရာရှိ တဦးက သူတို့ကို ကူညီးပေးခဲ့တယ်ဆိုတဲ့ သံသယ ရှိနေပြီး ရဲတပ်ဖွဲ့နဲ့ အဲဒီ အနုပညာရှင်တွေအကြား ဆက်ဆံရေး စွဲချက်တွေနဲ့ ပတ်သက်လို့ နိုက်ကလပ် စီးပွားရေးလုပ်ငန်းမှာ အဆိုတော် Jung နဲ့ အခြားပုဂ္ဂိုလ်တို့ ပါဝင်နေတယ်ဆိုတာကို သက်သေပြဖို့ ကြိုးစားနေပါတယ်။

တောင်ကိုရီးယားသမ္မတ Moon Jae-in ကတော့ Seungri အပါအဝင် Kpop စတားတွေ ပါဝင်နေပြီး တဖြည်းဖြည်းချင်း ကြီးထွားလာနေတဲ့ မူူးယစ်ဆေးဝါးနဲ့ လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံတွေကို စုံစမ်းစစ်ဆေးဖို့ မတ်လ ၁၈ ရက်နေ့မှာပဲ အမိန့်ထုတ်ထားပါတယ်။

အသက် ၂၉ နှစ်အရွယ် Seungri ဟာ ဆိုးလ်မြို့တောင်ပိုင်းမှာရှိတဲ့ ကလပ်ဖြစ်တဲ့ Burning Sun အတွက် ပြည်သူ့ ဆက်ဆံရေး ဒါရိုက်တာတဦးဖြစ်ပြီး အဲဒီ ကလပ်မှာ တရားမဝင် မူးယစ်ဆေးဝါး အသုံးပြုမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေရှိခဲ့တယ်လို့ သံသယ ရှိခံထားရပါတယ်။ တရားရုံးကတော့ Chang မျိုးရိုးရှိတဲ့ Burning Sun ရဲ့ အမှုဆောင်ပုဂ္ဂိုလ်တဦးကို ဖမ်ဝရမ်း ထုတ်ပေးဖို့ ကိစ္စ ပယ်ချခဲ့ပါတယ်။

Chang ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ကလပ်မှာ အသက် ၂၆ နှစ်အရွယ် ဖောက်သည်တဦးကို ရိုက်နှက်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ အဲဒီအမျိုးသားရဲ့ အဆိုအရ ကလပ်ဝန်ထမ်းတယောက်ရဲ့ အကြမ်းဖက်မှုကိုခံနေရတဲ့ အမျိုးသမီးတဦးကို ကာကွယ်ဖို့ ကြိုးစားခဲ့ပေမယ့် သူ့ကို တိုက်ခိုက်သူတဦးအနေနဲ့ ကလပ်တာန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ရိုက်နှက်မှုကို ခံခဲ့ရတဲ့အကြောင်း ပြောဆိုထားတာပါ။

အဲဒီ အကြမ်းဖက်မှုကနေ Kpop စတားတွေ ပါဝင်နေတဲ့ Burning Sun နဲ့ လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံတွေမှာ မူးယစ်မှောင်ခိုရောင်းဝယ်မှုနဲ့ လိင်ပိုင်ဆိုင်ရာ အနိုင်ကျင့် စော်ကားမှုတွေ ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

Ref : Yonhap

Your Thoughts …
Tags: Jung Joon Youngညစ်ညမ်းဗီဒီယို
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

ပုဂံမြို့ဟောင်းအတွင်းရှိ ဘုရားများ / သက်နှင်းထွေး / ဧရာဝတီ

ပုဂံဘုရားတွင် ညစ်ညမ်းဗီဒီယို ရိုက်ကူးသူများအား အရေးယူနိုင်ရေး စုံစမ်း

by ဇူးဇူး
13 February 2020
15.9k

ဒုတိယအချက် အနေဖြင့် လူမှုကွန်ရက် စာမျက်နှာပေါ် ပျံ့နေမှုနှင့် ပတ်သက်၍ ပြန်ဖြုတ်ချနိုင်ရန် အိုင်တီပညာရှင်များနှင့် လုပ်ရမည် ဖြစ်ပြီး ရီပို့ဝိုင်းထုကာ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သည် ဟုလည်း ၎င်းက ပြော သည်။

အဆိုတော် နှစ်ယောက်ဖြစ်တဲ့ Seungri နဲ့ Jung Joon Young

ညစ်ညမ်းဗီဒီယို၊ မုဒိမ်းမှု၊ ပြည့်တန်ဆာအမှုများနဲ့ ပတ်သက်ပြီး Kpop စတားနှစ်ဦးကို ရဲတပ်ဖွဲ့စစ်ဆေးနေ

by မစ်ကီ
14 March 2019
27.6k

K-pop လောကမှာကတော့ တောင်ကိုရီးယားရဲ့ နိုင်ငံရေး၊ အားကစားနဲ့ အခြားကဏ္ဍတွေမှာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတိုက်ဖျက်ရေး #MeToo လှုပ်ရှားမှုတွေထဲမှာ ပါဝင်ခဲ့တာတွေ မရှိခဲ့ပါဘူး။

အဆိုတော်နဲ့ ရုပ်သံအစီအစဉ် တင်ဆက်သူ Jung Joon Young

ညစ်ညမ်းဗီဒီယို အမှုကို စစ်ဆေးရန် Jung Joon Young ကို အစိုးရရှေ့နေများထံ လွှဲပြောင်း

by မစ်ကီ
29 March 2019
26.5k

BIGBANG မှ အဖွဲ့ဝင် Seungri အပါအဝင် အခြား အနုပညာရှင်တွေနဲ့အတူ ၂၀၁၅ ခုနှစ် နှောင်းပိုင်းလောက်က KakaoTalk Chatroom မှာ သူနဲ့အတူ အိပ်ခဲ့တဲ့ အမျိုးသမီး ၁၀ ဦးခန့်ရဲ့ ညစ်ညမ်းဗီဒီယိုတွေကို ရိုက်ကူးပြီး...

အဆိုတော် Jung Joon Young

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများ လုပ်ဆောင်ခဲ့ကြောင်း Jung Joon Young ဝန်ခံ

by မစ်ကီ
13 March 2019
22.4k

Chatroom ထဲမှာ သူတို့အချင်းပြောဆိုနေကြတဲ့စကားတွေထဲ သူတို့ကျူးလွန်နေတာ မုဒိန်းမှုမြောက်မှန်း သိပေမယ့်လည်း အပြစ်မရှိလောက်ဘူးလို့ ပြောဆိုချက်တွေ ပါဝင်နေတာကြောင့် ပရိသတ်တွေနဲ့ ဒီသတင်းကို ကြားသိတဲ့သူတွေကတော့ ဒေါသထွက်နေခဲ့ကြတာပါ။

အဆိုတော် Jung Joon Young နဲ့ Choi Jong Hoon

အဆိုတော် Jung Joon Young နဲ့ Choi Jong Hoon တို့ကို ပြစ်ဒဏ် အသီးသီးချမှတ်

by Aurora
24 September 2020
7k

နှစ်ယောက်လုံး အယူခံဝင်ခဲ့တာကြောင့် အမှုကို ၂၀၂၀ ခုနှစ်မှာ ပြန်လည် ကြားနာခဲ့ပါတယ်။

အဆိုတော် Jung Joon Young နဲ့ Choi Jong Hoo

လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် Jung Joon Young နဲ့ Choi Jong Hoon တို့ကို ထောင်ဒဏ် ချမှတ်

by မစ်ကီ
29 November 2019
15.8k

ပြန်လည်ခုခံနိုင်စွမ်း မရှိတဲ့သူကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့တဲ့ အပြစ်တွေ့ရှိတာကြောင့် Jung Joon Young ကို ထောင်ဒဏ် ၆ နှစ်နဲ့ Choi Jong Hoon ကို ထောင်ဒဏ် ၅ နှစ် အသီးသီး...

Next Post
ကမ္ဘာကျော် အဆိုတော် လေဒီဂါဂါ

ကမ္ဘာကျော်တွေရဲ့ ထူးထူးခြားခြား ဝိတ်ချနည်းများ

အသက် ၅၄ နှစ် အရွယ်ရှိပြီဖြစ်တဲ့ မင်းသားကြီး အမီရာခန်း

အသက် ၅၀ ကျော်အထိ ကျန်းမာနုပျိုနေတဲ့ မင်းသား အမီရာခန်းရဲ့ စားသောက် နေထိုင်မှုပုံစံ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate