• English
Sunday, May 25, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဟယ်ရီပေါ်တာဝတ္ထုမှ ဇာတ်ကောင် ၂ခုကြား လိင်တူဆက်ဆံရေးရှိကြောင်း ပြောတဲ့ JK Rowling ဝေဖန်ခံရ

by မစ်ကီ
22 March 2019
in Entertainment
A A
ဟယ်ရီပေါ်တာ ဝတ္ထုရေးသားသူ စာရေးဆရာမ J.K. Rowling

ဟယ်ရီပေါ်တာ ဝတ္ထုရေးသားသူ စာရေးဆရာမ J.K. Rowling

7.5k
VIEWS
Share on FacebookShare on Twitter

ဟယ်ရီပေါ်တာဝတ္ထုထဲမှ ဇာတ်ကောင်နှစ်ခုကြား လိင်တူဆက်ဆံရေးရှိတယ်လို့ စာရေးဆရာမ J.K. Rowling ရဲ့ ဖွင့်ချချက်ဟာ ပရိသတ်တွေရဲ့ ဒေါသတကြီးနဲ့ တုံ့ပြန်ချက်တွေကို ရင်ဆိုင်ခဲ့ရပြီး ပရိသတ်တချို့ကတော့ ဒါဟာ ဝတ္ထုရေးဆရာမက အခုလတ်တလော ရေပန်းစားနေတဲ့အကြောင်းအရာတခုဆီ စာအုပ်ကို လမ်းကြောင်း ပြောင်းနေတာဖြစ်တယ်လို့ စွပ်စွဲလိုက်ကြပါတယ်။

၂၀၀၇ ခုနှစ်မှာ ဆရာမ Rowling က သူ့ရဲ့ ကမ္ဘာ့ရောင်းအား အကောင်းဆုံးစာအုပ်ထဲမှ Hogwarts ကျောင်းအုပ်ကြီး ပါမောက္ခ Albus Dumbledore ဟာ သူနဲ့ လုပ်ဖော်ကိုင်ဖက် မှော်ဆရာ Gellert Grindelwald နဲ့ ချစ်ကြိုက်ခဲ့ဖူးတယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

RelatedPosts

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

24 May 2025
214
မျက်တောင်များတောင် မခတ်ဝံ့သလိုပဲ ဆို

မျက်တောင်များတောင် မခတ်ဝံ့သလိုပဲ ဆို

24 May 2025
290
စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
525

ဆယ်စုနှစ်တခုကျော် ကြာခဲ့ပြီးတဲ့နောက် ဆရာမ Rowling က သူတို့နှစ်ဦးရဲ့ ကြားမှာ လိင်ပိုင်းဆိုင်ရာ ဆက်နွယ်မှုတခု ရှိခဲ့တယ်လို့ ပြောကြားခဲ့ရာကနေ ဆိုရှယ်မီဒီယာတွေပေါ်မှာ ဆရာမဟာ LGBT အသိုင်းအဝန်းဆီကနေ အမှတ်ရဖို့ ကြိုးစားနေတယ်၊ မျက်နှာသာရဖို့ကြိုးစားနေတယ်လို့ စွပ်စွဲမှုတွေဆီဦးတည်ခဲ့ကြပါတယ်။ အဲဒီလိုမျိုး ဝေဖန်ပြောကြားချက်တွေကိုတော့ ဆရာမ Rowling ရဲ့ အေးဂျင့်က တုံ့ပြန်ပြောကြားခဲ့တာ မရှိပါဘူး။

အခုလိုမျိုး စာရေးဆရာနဲ့ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်သူတွေဟာ မူရင်းဇာတ်လမ်းကို ခေတ်သစ်အမြင်ပုံစံနဲ့ ပြောင်းလဲတာတွေ လုပ်လာတာဟာ အခုနောက်ပိုင်း တော်တော်လေးတွေ့ရများလာခဲ့ပါပြီ။ Marvel Comics အနေနဲ့လည်း သူတို့နောက်ဆုံး ထုတ်လုပ်ထားတဲ့ရုပ်ရှင် Captain Marvel မှာ မူရင်းကာတွန်း စီးရီးမှာ အမျိုးသားဇာတ်ကောင်ဖြစ်ပေမယ့် ရုပ်ရှင်ပြန်လည်ရိုက်ကူးတဲ့အခါ အဓိကဇာတ်ကောင်ကို အမျိုးသမီးအဖြစ် ဖန်တီးခဲ့တာဟာ ဝေဖန်ခံခဲ့ရပါတယ်။

အရင်တုန်းကလည်း ဆရာမ Rowling ဟာ လူဖြူ လိင်ကွဲချစ်သူ ဇာတ်ကောင်တွေ ကြီးစိုးတဲ့ စီးရီးကို အပြောင်းအလဲ တခုထည့်သွင်းဖို့ ကြိုးပမ်းခဲ့လု့ိ ဝေဖန်ခံခဲ့ရတာမျိုး ရှိခဲ့ပါတယ်။ ဥပမာ Harry Potter and The Cursed Child ပြဇာတ်မှာ Hermione နေရာကို လူမည်း သရုပ်ဆောင်တဦးကို သရုပ်ဆောင်စေဖို့ စိတ်ဆန္ဒရှိခဲ့မျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ပရိသတ်တော်တော်များများကတော့ ဟယ်ရီပေါ်တာ ကမ္ဘာမှာ အခုလိုမျိုး မတူကွဲပြားမှုကို မိတ်ဆက်ပေးလို့ ဘီလီယံနာ စာရေးဆရာမကို ကျေးဇူးတင်ခဲ့ကြပါတယ်။

Ref : asiaone

Your Thoughts …
Tags: JK Rowlingလိင်တူဆက်ဆံရေးဟယ်ရီပေါ်တာဝတ္ထု
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

စာရေးဆရာမ JK Rowling

၂ နှစ်အတွင်း တလကို ဒေါ်လာ ၁ သန်းကျော် ဝင်ငွေရခဲ့တဲ့ JK Rowling

by မစ်ကီ
23 December 2020
3.1k

စာရေးဆရာမ Rowling ဟာ ၂၀၁၈ ခုနှစ်မှာ ပေါင် ၁၂ သန်းကျော်နဲ့ ၂၀၁၉ ခုနှစ်မှာ ပေါင် ၂ သန်းကျော် ဝင်ငွေရှိခဲ့တယ်လို့ The Sun သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

စာရေးဆရာမ J.K. Rowling

မကြာမီ ဟယ်ရီပေါ်တာ ဝတ္ထု E-book ၄ အုပ် ဖြန့်ချိဖို့ရှိနေတဲ့ J.K. Rowling

by မစ်ကီ
4 June 2019
6.7k

အခု အသစ်ထုတ်မယ့် စာအုပ်တွေမှာတော့ စာရေးဆရာမ J.K. Rowling ရဲ့ လက်ရေးမူ စာမျက်နှာတွေ၊ မှတ်စုတွေနဲ့ ပုံကြမ်းတွေ ပါရှိလာမှာပါ။

Next Post
Hua Hin မီးရထားဘူတာ

ထိုင်းနိုင်ငံ ရောက်ရင် မဖြစ်မနေ သွားလည်သင့်တဲ့ နေရာများ

နေပြည်တော်တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ  / ထက်နိုင်ဇော် / ဧရာဝတီ

တိုက်ပွဲများ လျှော့ချရေး တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ သဘောတူ

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.9k
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

16 hours ago
3.2k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate