မြန်မာ့ ရုပ်ရှင်လောကသားတွေအတွက် အကယ်ဒမီဆုပေးပွဲကြီးအပြီးမှာ ပြုလုပ်မယ့် နောက်ထပ် ဆုပေးပွဲတပွဲ ရှိပါသေးတယ်။ အဲဒါကတော့ မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းကနေ ယခုနှစ်မှာ ပထမဆုံး ပြုလုပ်တဲ့ StarAwards ဆုပေးပွဲကြီး ဖြစ်ပါတယ်။
Star Awards ဆုပေးပွဲကြီးမှာ ဆုပေါင်း ၂၃ ဆုအထိ ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ကြောင်း Star Awards ဆုရွေးချယ်ရေး ကော်မတီက မတ်လ၂၅ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ Star Awards က ပေးအပ်မယ့် ဆုတွေအတွက် ရွေးချယ်ထားတဲ့ ဆန်ခါတင် ဇာတ်ကား စုစုပေါင်း၂၁ ကား ရှိပါတယ်။
အဲဒီ ၂၁ ကားကတော့ —
(၁) မုဒြာရဲ့ခေါ်သံ
(၂) ဇာတိမြေ
(၃) ဥပါဒါန်
(၄) ငယ်ကျွန်
(၅) မိုးပန်းပွင့်ရဲ့သင်္ကေတ
(၆) တိုးကျော်မန်းနဲ့ နန်းဆန်တဲ့ရွာ
(၇) ဝိညာဉ်စိမ်း
(၈) Special 9 (အထူးတပ်ဖွဲ့ – ၉)
(၉) ချူဆီ
(၁၀) ရည်းစားတစ်ဝမ်းကွဲ
(၁၁) နောင်တွင်ဥဒါန်း တွင်စေသတည်း
(၁၂) တစ်ခုလပ်
(၁၃) အနမ်းဝိုင်
(၁၄) ရန်သူ
(၁၅) လရောင်ဖြာတဲ့ အင်းလေးမှာ
(၁၆) မီ
(၁၇) ကြတ်ဂူ
(၁၈) ကိုယ်စောင့်နတ်
(၁၉) ရာဇဝင်ရိုင်းခဲ့သည်
(၂၀) ရိုက်စား
(၂၁) ဥပါယ်တံမျဉ် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်ပါတယ်။
အဆိုပါ ဇာတ်ကား ၂၁ ကားထဲကမှ ထူးချွန်ဆု (၁၅) ဆု ပေးအပ်သွားမှာ ဖြစ်ပါတယ်။
Star Awards ဆုပေးပွဲကြီးမှာ ပေးအပ် ချီးမြှင့်မယ့် ဆုများကတော့ —
၁။Honourable Award
၂။Best Story Award
၃။Best Picture Award
၄။Best Director Award
၅။Best Actor In A Leading Role Award
၆။Best Actress In A Leading Role Award
၇။Best Actor In A Supporting Award
၈။Best Actress In A Supporting Award
၉။ Best Theme Song Award
၁၀။Special Award (Costume and Make – Up)
၁၁။Special Award (Setting and Special Effects)
၁၂။Special Award (Performance)
၁၃။Best Cinematography Award
၁၄။Rising Star Award (Male)
၁၅။Rising Star Award (Female) တို့ပဲ ဖြစ်ပါတယ်။
အဆိုပါ ဆုများအပြင် Star Awards ဆုပေးပွဲကြီးမှာ ရုပ်သံဇာတ်လမ်းတွဲများ အတွက်လည်း ဆုများ ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ရုပ်သံဇာတ်လမ်းတွဲဆု (၅) ဆုကတော့ ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ အမျိုးသား သရုပ်ဆောင်ဆု၊ အမျိုးသမီး သရုပ်ဆောင်ဆုနဲ့ အထူးဆုတို့ ဖြစ်ပါတယ်။
ဖက်ရှင်နဲ့ ပတ်သက်ပြီးလည်း ဆု ၃ ဆု ပေးအပ်သွားမှာဖြစ်ပြီး ပွဲကို တက်ရောက်လာတဲ့ အနုပညာရှင်များထဲမှ “Fashion Star (Male) Award” ၊ “Fashion Star (Female) Award” ၊ “Stellar Star (Guest) Award” ဆုတို့ကို ရွေးချယ် ချီးမြှင့်သွားမယ်လို့ သိရပါတယ်။
Star Awards ဆုပေးပွဲမှာတော့ ဆုရရှိသူတွေအတွက် ငွေကျပ် သိန်း ၅၀ နဲ့ ဆုတံဆိပ်တွေ ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ Star Awards ဆုပေးပွဲကြီးကို မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းက ကြီးမှူးကျင်းပတာ ဖြစ်ပြီး Stellar Seven Entertainment က Organizer အဖြစ် ပြုလုပ်သွားမယ်လို့ သိရပါတယ်။
Star Awards 2018 ဆုပေးပွဲကြီးကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပြုလုပ်တဲ့ အကယ်ဒမီ ဆုချီးမြှင့်ပွဲအပြီး ဧပြီလ ၅ ရက်နေ့၊ ရန်ကုန်မြို့၊ သုဝဏ္ဏဘူမိ Event Park မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
Star Awards ဟာ အကယ်ဒမီပွဲ မတိုင်ခင်က Star Awards မှာ ပေးအပ်မယ့် ဆု ၁၅ ဆုထဲက Popular Choice Award နဲ့ People’s Choice Award တို့ရဲ့ Voting စနစ်များနဲ့ ပတ်သက်ပြီး အနုပညာရှင်များ နုတ်ထွက်ခဲ့တဲ့အတွက်ကြောင့် အဆိုပါ SMS Voting စနစ်နဲ့ ပေးတဲ့ ဆုများကိုလည်း ပယ်ဖျယ်ခဲ့ပါတယ်။
ဆက်စပ် သတင်းလင်ခ့်များ
အနုပညာရှင်များစွာ နုတ်ထွက်တဲ့အတွက် Star Awards ရဲ့ Voting စနစ် ရပ်ဆိုင်း
“Star Awards က အသစ်အဆန်းတခု ဖြစ်တာကြောင့် လှုပ်ခတ်မှု ရှိမှာပဲ”လို့ ဦးဝင်းငြိမ်း ပြော