• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“ပိုက်ဆံ”ဇာတ်ကား ရုံမတင်ဖြစ်တဲ့အတွက် စိတ်မကောင်းဖြစ်တယ်လို့ သင်ဇာဝင့်ကျော် ပြော

by ချစ်ပိုး
29 March 2019
in Entertainment
A A
သရုပ်ဆောင် သင်ဇာဝင့်ကျော်  /  ဝေဝေနှင်း / ဧရာဝတီ

သရုပ်ဆောင် သင်ဇာဝင့်ကျော် / ဝေဝေနှင်း / ဧရာဝတီ

33.9k
VIEWS
Share on FacebookShare on Twitter

သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ သူကိုယ်တိုင် ကြိုးကြိုးစားစား သဘာဝကျကျ ပြင်ဆင်ခဲ့ရတဲ့ “ပိုက်ဆံ” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးစဉ်က ပင်ပင်ပန်းပန်းနဲ့ ရိုက်ကူးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားကို ရုံတင် မပြသတော့ဘဲ ရုံတင်ဇာတ်ကားကြီးကနေ ဇာတ်လမ်းတွဲအဖြစ် ပြသသွားမှာ ဖြစ်ပြီး ဒီလို ရုံမတင်တော့တဲ့အတွက် ဝမ်းနည်းပြီး စိတ်မကောင်းဖြစ်ရတယ်လို့ သင်ဇာဝင့်ကျော်က ဆိုပါတယ်။

“အဲ့ကားရိုက်တုန်းက အရမ်းပင်ပန်းခဲ့တာ သင်ဇာတောင် ဝမ်းလျှောပြီးတော့ ရိုက်ကူးရေးကတောင် နားပြီး ဆေးကုလိုက်ရတယ်။ သွားပြီး ရိုက်ရတဲ့နေရာနဲ့ တည်းရတဲ့ နေရာ အရမ်းဝေးတယ်။ ခရီးကလည်း အရမ်းဝေး ရိုက်တာကလည်း မြစ်နားမှာ ဆိုတော့ ညဘက်တွေ ရိုက်ရင် အရမ်းအေးတာ။ တကယ်ကို အရမ်းပင်ပန်းတဲ့ ကားတကားလို့ ပြောလို့ရတယ်”

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.7k
မြိတ်မြို့

မြိတ်မြို့

11 May 2025
601
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
263

“တခါတလေကျရင် မိတ်ကပ်အမည်းတွေ လိမ်းပြီး တနေကုန် ဖုန်တွေထဲမှာ ပင်ပင်ပန်းပန်း သရုပ်ဆောင် ပြန်လာရင် ရေတောင် မချိုးနိုင်ဘဲ အိပ်ပျော်သွားတဲ့နေ့တွေ၊ ညတွေလည်း အများကြီးပဲ။ တကယ် အရမ်းပင်ပန်းတဲ့ ကားတကားလို့ ပြောလို့ရတယ်”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

“ကိုယ်ကတော့ ရုပ်ရှင်ကားကြီးဖြစ်လို့ အားစိုက်ပြီးတော့ ကြိုးစားခဲ့တယ်။ အပင်ပန်းခံခဲ့တယ်။ ဘယ်အလုပ်ပဲလုပ်လုပ် သင်ဇာ အကောင်းဆုံးကြိုးစားပြီးတော့ အပင်ပန်းခံခဲ့တယ်။ ကိုယ်လည်း ရုပ်ရှင်ကားကြီးဆိုတော့ မျှော်တော့ မျှော်မှန်းခဲ့တာပေါ့။ ဒါပေမဲ့လည်း ဒီလိုမျိုးဖြစ်သွားတဲ့ အခါကျတော့ စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းတာပေါ့”လို့ သင်ဇာဝင့်ကျော်ကဆိုပါတယ်။

သင်ဇာဝင့်ကျော်က ဒီဇာတ်ကားမှာ ကျော်သူ၊ မို့မို့မြင့်အောင်၊ အောင်ရဲလင်းတို့နဲ့ အတူ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး အတူပါဝင်ကြတဲ့ သရုပ်ဆောင်များအနေနဲ့လည်း နစ်နာမှုရှိတယ်လို့ ဆိုပါတယ်။

“အောက်ခြေလူတန်းစားတွေရဲ့ ဘဝကို ရိုက်ပြထားလို့ ဆင်ဆာ မရတာလားတော့ မသိဘူး။ ဆင်ဆာပိုင်း မသိဘူး။ ဒါပေမဲ့ ကားကောင်းတကား ဖြစ်တယ်။ ရုံတင်စေချင်တယ်။ ရုံမတင်ဘဲနဲ့ ဒီလိုမျိုး ဖျက်လိုက်တဲ့အခါကျတော့ ဆုံးရှုံးနစ်နာမှုကြီးတခုလို့ သင်ဇာထင်ပါတယ်။ မေမွှေးလည်း အဲ့ထဲမှာ အရမ်းကြိုးစားတယ်။ ဦးကျော်သူကကလည်း ပထမဆုံးပြန်ရိုက်တဲ့ ကားဆိုတော့ သူ့အတွက်လည်း နစ်နာမှုဖြစ်နိုင်မယ်လို့ ထင်တယ်”

“ဦးကျော်သူဆိုလည်း အရမ်းအားထည့်ပြီးသရုပ်ဆောင်ရင်းနဲ့ လဲကျတဲ့အထိ ဖြစ်သွားတယ်။ ဆေးရုံတွေ ဘာတွေလည်း တက်လိုက်ရတယ်။ အဲ့လောက်ထိ အကုန်လုံးက ကြိုးစားပြီးတော့မှ ဒီလိုဖြစ်သွားတာ စိတ်မကောင်းပါဘူး”လို့ သင်ဇာဝင့်ကျော်က ဆိုပါတယ်။

အဆိုပါ ဇာတ်ကားဟာ ရုံတင်ရန် ကြာမြင့်နေတဲ့အတွက် ပရိသတ်တွေဆီကို မြန်မြန်ရောက်အောင် Sky Net ရုပ်သံလိုင်းကနေ ပြသသွားမှာဖြစ်ပြီး ၅ လပိုင်းလောက်မှာ ပြသသွားမယ်လို့ “ပိုက်ဆံ”ဇာတ်ကား ထုတ်လုပ်သူ ကိုဝေမင်းအောင်က ဧရာဝတီကို ပြောပါတယ်။

“ပိုက်ဆံ” ရုပ်ရှင်ဇာတ်ကားကြီးဟာ အောက်ခြေ လူတန်းစားတွေရဲ့ နေထိုင်စားသောက်ပုံတွေကို တင်ပြထားတဲ့ ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ နေပိုင် ရိုက်ကူးထားပြီး ဇာတ်ကားမှာသရုပ်ဆောင် ကျော်သူ၊ အောင်ရဲလင်း၊ မို့မို့မြင့်အောင်နဲ့ သင်ဇာဝင့်ကျော်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Your Thoughts …
Tags: "ပိုက်ဆံ"ဇာတ်ကားသင်ဇာဝင့်ကျော်
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

သင်ဇာဝင့်ကျော်နှင့် နန်းမွေစံ ပြန်မလွတ်သေး

သင်ဇာဝင့်ကျော်နှင့် နန်းမွေစံ ပြန်မလွတ်သေး

by ဧရာဝတီ
10 January 2024
8.6k

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၅ ရက်က သရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် မော်ဒယ် နန်းမွေစံတို့အား လိင်အသား ပေးဓာတ်ပုံနှင့် ဗီဒီယိုများကို လူမှုကွန်ရက်ပေါ်တွင် အခကြေးငွေယူကာ ဖြန့်ဝေသည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်း

Social Influencer ဒီးဒီး (Burmese Vlog)  / ချစ်ပိုး / ဧရာဝတီ

“မြမြ ရုပ်ရှင်က ထင်ထားသလို မုဒိမ်းကား မဟုတ်ပါဘူး”လို့ ဒီးဒီး ပြော

by ချစ်ပိုး
3 February 2020
29.9k

ကိုယ်နဲ့ ပိုလိုက်မယ့် ကာရိုက်တာကတော့ တိုင်းရင်းသား ဇာတ်ဝင်ခန်းတွေဆိုရင် ကျနော်နဲ့ ပိုလိုက်မယ်လို့ ထင်ပါတယ်”လို့ ဒီးဒီးက ပြောပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော် / ချစ်ပိုး / ဧရာဝတီ

အဝတ်ဗလာနဲ့ ကြော်ငြာကြောင့် အမေ စိတ်ဆိုးနေတယ်လို့ သင်ဇာဝင့်ကျော် ပြော 

by ချစ်ပိုး
30 August 2019
50.1k

ကြော်ငြာတခုအတွက် ခန္ဓာကိုယ် အဝတ်ဗလာနဲ့ ပုံတွေကို Facebook မှာ တင်ခဲ့ရာ မိခင်ဖြစ်သူက စိတ်ဆိုးနေတယ်လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / ဧရာဝတီ

ထင်မထားတဲ့ ဇာတ်မျိုး ဖြစ်တာကြောင့် “မြမြ” ကာရိုက်တာကို လက်ခံခဲ့တဲ့ သင်ဇာဝင့်ကျော်

by ချစ်ပိုး
9 September 2019
20.1k

"သင်ဇာကိုယ်တိုင်လည်း ဇာတ်ဖတ်ချိန်မှာ အရမ်းကို မိုက်တယ်။ ထင်မထားတဲ့ ဇာတ်မျိုးဖြစ်နေတာကြောင့် အရမ်းကိုကြိုက်ပြီး လက်ခံဖြစ်တာပါ"လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော် / ဝေဝေနှင်း / ဧရာဝတီ

ရေခဲတောင်မှာ ရုပ်ရှင်သွားရိုက်မယ့်အကြောင်း ပြောပြတဲ့ သင်ဇာဝင့်ကျော်

by ယုဖြူဟန်
15 February 2019
42.2k

“အေးမှာဆိုတော့ လုံလုံခြုံခြုံတွေ့ရမှာပါ။ ဒီကားရိုက်ဖို့အတွက် သင်ဇာ သိပ်ဝိတ်မချရဲသေးဘူး။ အဲဒီမှာက ဖျားလို့ မဖြစ်ဘူးလေ။ ဖျားမယ်ဆိုရင် လူကြီးသူမလည်း မပါဘူး။

မော်ဒယ် နန်းမွေစံနှင့် သရုပ်ဆောင် သင်ဇာဝင့်ကျော်

စစ်တပ်ရဲ့ တရားဝင်မှုနဲ့ အမျိုး ဘာသာ သာသနာ

by ဥသြ
30 December 2022
11.8k

စစ်ကောင်စီတပ်က စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်တာ မရှိတဲ့ သရုပ်ဆောင်နဲ့ မော်ဒယ်တွေကို ဘာကြောင့် ပစ်မှတ်ထားပြီး ကြီးလေးတဲ့ ထောင်ဒဏ်တွေ ချမှတ်ရတာပါလဲ။

Next Post
ဥရောက လှပတဲ့မြို့များ

ဥရောပမှာ လူသိနည်းသေးတဲ့ လှပတဲ့မြို့များ

Gentle Monster နဲ့ ပူးပေါင်း ထုတ်လုပ်ထားတဲ့ Huawei စမတ် နေကာမျက်မှန်

Gentle Monster နဲ့ ပူးပေါင်း ထုတ်လုပ်ထားတဲ့ Huawei စမတ် နေကာမျက်မှန်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate