ဧပြီလ ၅ ရက်နေ့မှာ ကျင်းပမယ့် Star Awards ဆုပေးပွဲမှာ ပေးအပ်မယ့် ဇာတ်လမ်းတွဲ ဆုတွေအတွက် “ပျားရည်အိုင်” ရုပ်သံဇာတ်လမ်းတွဲလည်း ပါဝင်ပြီး အဲဒီဇာတ်လမ်းတွဲမှာ “ကိုတင်ဖေ” အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ အောင်ရေချမ်းကလည်း ရေပန်းစားနေပါတယ်။ ကိုတင်ဖေ ကာရိုက်တာအတွက်တော့ ရင်ခုန်နေသလို အရမ်းမမျှော်လင့်ထားဘူးလို့ အောင်ရေချမ်းက ဆိုပါတယ်။
“ကျနော်ကတော့ ကိုတင်ဖေ ကာရိုက်တာနဲ့ ရမယ်လို့ အရမ်းမမျှော်လင့်ထားဘူး။ ရင်တော့ ခုန်တယ်။ ဇာတ်လမ်းတွဲ ၂ ခုမှာတခု ပျားရည်အိုင်ပါတော့ ဝမ်းသာပါတယ်။ ကျနော့်ကို ပရိသတ်ခန့်မှန်းပေးကြတာလည်း ကျေးဇူးတင်ပါတယ်။ ရရင်တော့ အတိုင်းမသိဝမ်းသာစရာပေါ့။ ကံပေါ့”လို့ အောင်ရေချမ်းက ပြောပါတယ်။
“ကံဆိုတာလည်း အကယ်ဒမီက နတ်ကြီးသလို Star Awards ကလည်း နတ် ကြီးမှာပါ။ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကိုတင်ဖေလို့ ပရိသတ်က သိတဲ့ဆုကလည်း ကျနော်အတွက် အင်မတန် ဆုလာဘ် အကြီးကြီးလို့ခံစားရပါတယ်။ မင်းမျိုးနွယ် ဇာတ်ရုပ်အတွက်ကတော့ ၂၀၁၉ မှ ရင်ခုန်ရမှာပေါ့”လို့အောင်ရေချမ်းက ပြောပါတယ်။
ရုပ်သံဇာတ်လမ်းတွဲတွေကနေ ပရိသတ်အားပေးမှု ရရှိလာခဲ့တဲ့ အောင်ရေချမ်းကတော့ အခုလိုမျိုး Star Awards ရှိလာတဲ့အပေါ် ဇာတ်လမ်းတွဲတွေ ပိုပြီးကောင်းလာလိမ့်မယ်၊ ပိုပြီးကြိုးစားချင်လာမယ်လို့ ထင်ောကာင်း ပြောပါတယ်။
“နိုင်ငံတကာမှာလည်း ဇာတ်လမ်းတွဲတွေရော Short Story လေးတွေရော ရှိပြီးသားလေ။ အဲ့လို မြန်မာနိုင်ငံမှာရှိလာတော့ ကောင်းတယ်။ ပေးချင်တဲ့ Message တွေကို ဇာတ်လမ်းရှည်ကြီးနဲ့ ပြရင် တထိုင်တည်း မကြည့်နိုင်တဲ့သူတွေ ရှိတာပေါ့။ ဒီဇာတ်လမ်းတိုတွေထဲမှာ ပေးချင်တဲ့ Message တွေ အရမ်းကာင်းတယ်။ အချိန်မပေးနိုင်တဲ့သူတွေ အချိန်တိုတွင်းကြည့် နိုင်တာ ပိုအဆင်ပြေမယ်လို့ထင်ပါတယ်”
“Star Awards ရှိတာ ကျနော်အနေနဲ့ အရမ်းကြိုက်ပါတယ်။ နိုင်ငံတကာမှာလည်း ဒါတွေက ရှိတယ်။ Star Awards ကို အရင်ကတည်းကလည်း ပေးသင့်တယ်၊ ပေးသင့်တာလည်းကြာပြီလို့ ကျနော်ထင်တယ်။ အရင်ကတည်းကလည်း ကျနော်တို့တွေ မျှော်လင့်ခဲ့တယ်။ ရုပ်ရှင်တကား ရိုက်ရင် အကယ်ဒမီ မျှော်လင့်ကြတယ်။ အခုလို Star Awards ရှိလာတော့ ဇာတ်လမ်းတွဲတွေ ပိုပြီးကောင်းလာလိမ့်မယ် ထင်တယ်။ ပိုပြီးကြိုးစားချင်လာမယ်”လို့ အောင်ရေချမ်းက ပြောပါတယ်။
သရုပ်ဆောင် အောင်ရေချမ်းကိုတော့ “ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ “ကိုတင်ဖေ” ကာရိုက်တာနဲ့ ပရိသတ်က အထူး အားပေးခဲ့ကြပြီး လက်ရှိ MRTV-4 ရုပ်သံလိုင်းမှာ ပြသနေတဲ့ “ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲမှာလည်း “မင်းမျိုးနွယ်” အဖြစ် ပရိသတ်များက အထူးအားပေးနေကြပါတယ်။