ဘောလိဝုဒ် စူပါစတား ရှရွတ်ခန်ဟာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့တခုကို ထပ်မံရရှိခဲ့ပြီ ဖြစ်ပါတယ်။ Bedfordshire တက္ကသိုလ်နဲ့ Edinburgh တက္ကသိုလ်ပြီးတဲ့နောက် မင်းသားခန်ဟာ လန်ဒန်မြို့မှာ ရှိတဲ့ Law တက္ကသိုလ်ကနေ ပရဟိတဗေဒမှာ ဒေါက်တာဘွဲ့ကို လက်ခံရရှိခဲ့တာဖြစ်ပါတယ်။
ဘွဲ့နှင်းသဘင်အခမ်း အနားကိုတော့ ဧပြီလ ၄ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး ကျောင်းသား ၃၅၀ ကျော် တက်ရောက်ခဲ့ပါတယ်။ Law တက္ကသိုလ်ဟာ ဘောလိဝုဒ်ဘုရင်ကြီးရဲ့ ဓာတ်ပုံတွေကို Twitter မှာတင်ခဲ့ပြီး “လူ့အခွင့်အရေးကို ဦးစီးဆောင်ရွက်နိုင်ပြီး တရားမျှတမှုရှိဖို့နဲ့ ရာဇဝတ်မှုလျော့ကျဖို့အတွက် သူ့ရဲ့လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုတဲ့သဘောနဲ့ ကျနော်တို့ရဲ့ နောက်ထပ် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ရရှိသူကတော့ မင်းသား၊ ထုတ်လုပ်သူ၊ ပရဟိတပုဂ္ဂိုလ် ရှရွတ်ခန် ဖြစ်ပါတယ်” လို့ရေးသားခဲ့ပါတယ်။
ဘွဲ့ကိုလက်ခံယူခဲ့တဲ့အချိန်မှာ “Zero” မင်းသား ခန်က ချစ်ခြင်းမေတ္တာနဲ့ စိတ်ခံစားချက်ကို ဖော်ပြဖို့ အရေးကြီးတဲ့ အကြောင်းပြောဆိုခဲ့ပါတယ်။ သူက “အက်ဆစ်နဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ အမျိုးသမီးတွေဟာ ကျနော့်ဘဝမှာ တွေ့ခဲ့ဖူးတဲ့အမျိုးသမီးတွေထဲမှာ သတ္တိအရှိဆုံးဖြစ်ပါတယ်။ သူတို့ဟာ တော်တော်လေးကို နာနာကျင်ကျင် ခံစားခဲ့ပါတယ်”လို့ ဆိုပါတယ်။
သူဟာ အက်ဆစ်နဲ့ တိုက်ခိုက်ခဲ့ရမှုကနေ အသက်ရှင် လွတ်မြောက်လာသူတွေကို စိတ်ခွန်အားပေးနေတဲ့ လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ သူ့ရဲ့ Meer ဖောင်ဒေးရှင်းက လုပ်ဆောင်ခဲ့တဲ့ အလုပ်တွေအကြောင်းကို ပြောဆိုခဲ့ပါတယ်။
မင်းသားခန်က Law တက္ကသိုလ်ကိုလည်း ကျေးဇူးတင်တဲ့အကြောင်း Twitter မှာပြောဆိုခဲ့ပါတယ်။ သူက “Law တက္ကသိုလ်ကနေ ဂုဏ်ပြုခံခဲ့ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဘွဲ့ရခဲ့တဲ့ ကျောင်းသားတွေ တွေကို ဆုမွန်ကောင်းတောင်းပေးပါတယ်။ Meer ဖောင်ဒေးရှင်းက ကျနော်တို့ရဲ့ အဖွဲ့ကို အားပေးရာရောက်ပါတယ်”လို့ ဆိုပါတယ်။
“ဒီ ပရဟိတလုပ်ငန်းဟာ သိက္ခာရှိရှိနဲ့ တိတ်တဆိတ် လုပ်ဆောင် သင့်တယ်လို့ ကျနော် ယုံကြည်ပါတယ်။ တယောက်ယောက်က သူတို့ရဲ့ ပရဟိတ လုပ်ရပ်တွေကို ထုတ်မပြောသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ရည်ရွယ်ချက်ပျောက်သွားမှာကြောင့်ပါ”
“ကျနော့် နှလုံးသားနဲ့ အနီးစပ်ဆုံး ကိစ္စတွေ လုပ်ဆောင်ဖို့ ထင်ရှားတဲ့ လူသိများသူ တယောက်အနေနဲ့ ကျနော့်ရဲ့ ဖြစ်တည်မှုကို အသုံးပြုနိုင်တာ ဂုဏ်ယူရပါတယ်။ အမျိုးသမီးတွေကို ခွန်အားပေးတာ၊ အခြေခံလူ့အခွင့်အရေး နဲ့ဆင်းရဲချို့တဲ့သူတွေကို ထူထောင်တဲ့နေရာမှာ တက်တက်ကြွကြွ ပါဝင်ပါတယ်”လို့ ရှရွတ်ခန်က ဆိုပါတယ်။
“ကျနော်အများကြီး ရရှိခဲ့တာတွေကို ကမ္ဘာကြီးဆီပြန်ပေးရမယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ ကျနော်အပေါ်မှာ ရရှိလိုက်ပြီဖြစ်တဲ့ ဒီဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့နဲ့ ကျိုးကျိုးနွံနွံနေမှာပါ။ ပြီးတော့ ကျနော့်ကိုရွေးချယ်ပေးတဲ့နေရာမှာ ပါဝင်တဲ့ လူတိုင်းကို ကျေးဇူးတင်ချင်ပါတယ်”လို့ ရှရွတ်ခန်က ပြောခဲ့ပါတယ်။
Ref. indianexpress.com