အင်္ဂလန်နိုင်ငံမှာ နှစ်စဉ်ကျင်းပနေကျ ဖြစ်တဲ့ The Voice UK ပွဲဟာ ၂၀၁၉ခုနှစ်အတွက် အနိုင်ရသူ ပေါ်ထွက်ခဲ့ပြီပဲ ဖြစ်ပါတယ်။ အနိုင်ရရှိသွားသူကတော့ အသက် ၁၈ နှစ်အရွယ် Molly Hocking ပဲ ဖြစ်ပါတယ်။ Molly Hocking ကို နည်းပြပေးခဲ့သူကတော့ အသက် ၃၄ နှစ်အရွယ် အဆိုတော်၊ ရုပ်သံတင်ဆက်သူ၊ သရုပ်ဆောင် Olly Murs ပဲ ဖြစ်ပါတယ်။
Olly Murs ဟာ ပွဲပြီးလို့ ပါတီ လုပ်ချိန်မှာ အဝတ်ဗလာနဲ့ ဓာတ်ပုံရိုက်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ဓာတ်ပုံဟာ အင်တာနက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့သွားပေမယ့် သူကတော့ “ကျနော်က တခုခုကို အောင်မြင်ရင် အဝတ်တွေ ချွတ်ပစ်ချင်လောက်အော် ပျော်တယ်။ ကျနော့် အဖွဲ့ရဲ့ အောင်မြင်မှုဆိုတာ ကျနော့် အောင်မြင်မှုပဲလေ။ ဒါကြောင့် အဝတ်တွေ အားလုံး ချွတ်ပြီး ကိုယ်လုံးတီးဗလာနဲ့ ဓာတ်ပုံရိုက်ခဲ့တာပါဗျာ။ ကျနော် နည်းနည်းမူးနေတာလည်း ပါတာပေါ့”လို့ ဆိုပါတယ်။
ဒီလို သူ့ရဲ့ အဖွဲ့က အနိုင်ရသွားတဲ့ အတွက် နောင်နှစ်တွေမှာ The Voice UK က သူ့ကို ပိုက်ဆံတိုးမြှင့်ပေးမယ်လို့ ယုံကြည်တယ်ဆိုပြီး ပြောခဲ့ပါသေးတယ်။
အင်တာဗျူးတခုမှာ သူက “အခုလည်း ပိုက်ဆံတိုးပေးဖို့ ညှိနှိုင်းတာတွေ စတင်ပြုလုပ်နေပါပြီ။ နောက်နှစ်လည်း ကျနော် ဒိုင်လုပ်ဖြစ်ဖို့ သေချာပါတယ်။ ဒီနှစ်က ကျနော့်အောင်မြင်မှုပဲလေ။ နောက်နှစ်ကတော့ ပြောစရာကို မလိုပါဘူး။ ကျနော့်ကို ရှိကို ရှိနေမှာပါ” လို့ ဆိုပါတယ်။
သူ့ရဲ့ အဖွဲ့ဝင် ဖြစ်တဲ့ Molly Hocking ဟာ ဧပြီလ ၇ရက်နေ့က ပြုလုပ်တဲ့ ဗိုလ်လုပွဲမှာ Bethzienna Williams, Jimmy Balito နဲ့ Deana Walmsley တို့ကို ဖြတ်ကျော်ပြီး အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။
နောက်ပြီး သူက “ဒီပွဲမှာ အနိုင်ရခဲ့တဲ့ Molly Hocking ကို လုပ်ပေးမယ့် အခွေဟာ ကမ္ဘာ့ နံပါတ် ၁ ဖြစ်မယ် မဖြစ်ဘူးဆိုတာကို အာမခံပေးလို့ မရပေမယ့် သူမလိုအပ်တိုင်း ကျနော်က ကူညီဖို့ ရှိနေမှာကိုတော့ အာမခံပေးလို့ ရပါတယ် ” လို့ ပြောခဲ့ပါတယ်။
Ref; thesun.co