Entertainment

တီယန်မင် ရင်ပြင်အရေးအခင်းနှင့် ဆက်စပ်နေသော Jacky Cheung ၏ သီချင်း ဖယ်ရှားခံရ

Want create site? Find Free WordPress Themes and plugins.

သီချင်းများရဲ့ ဘုရားသခင်လို့ တင်စားကြတဲ့ နာမည်ကျော် အဆိုတော် Jacky Cheung ရဲ့ သီချင်းတပုဒ်ဟာ တရုတ်နိုင်ငံမှာတော့ ဖယ်ရှားခံလိုက်ရပါတယ်။ ဒါပေမဲ့ အကြောင်းအရင်းက သူ့ရဲ့ သီချင်းဆို စွမ်းရည် ကြောင့် မဟုတ်ဘဲ နိုင်ငံရေးနဲ့ ဆက်နွယ်နေတဲ့ အကြောင်းပြချက်ကြောင့် ဖြစ်ပါတယ်။

Apple Music ဟာ နိုင်ငံရေး အကဲဆတ်မှုတွေနဲ့ ပတ်သက်လို့ တရုတ် Streaming ဝန်ဆောင်မှုကနေ Jacky Cheung ရဲ့ သီချင်းတပုဒ်ကို ဖယ်ရှားဖို့ ဖိအားပေးခံခဲ့ရပါတယ်။

Hong Kong Free Press ရဲ့အဆိုအရ ၁၉၈၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Path Of Man (အမျိုးသားရဲ့ ခရီးလမ်း) လို့ အမည်ရတဲ့အဲဒီသီချင်းထဲမှာတော့ “လူငယ်တွေက စိတ်ဆိုးနေတယ်။ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးက ငိုကြွေးနေတယ်။ ငါတို့ပြည်ဟာ သွေးပင်လယ်ဘယ်လိုဖြစ်လာတလဲ။ အိမ်ပြန်လမ်းဟာ ပြန်လမ်းမရှိတဲ့လမ်း ဘာလို့ ဖြစ်လာတာလဲ” လို့ ပါရှိပါတယ်။

အဲဒီသီချင်းဟာ ပေကျင်းမြို့မှာရှိတဲ့ တီယန်မင်ရင်ပြင်မှာ ကျောင်းသားတွေ ဦးဆောင်တဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို ၁၉၈၉ ခုနှစ်မှာ တရုတ်အစိုးရက ဖြိုခွင်းခဲ့ပြီးတဲ့နောက်ထွက်လာတာပါ။ အခုနှစ်မှာ နှစ် ၃၀ ပြည့်မယ့် အဲဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ ဖော်ပြခြင်း မရှိစေရေး တရုတ်အစိုးရရဲ့ ကြိုးပမ်းမှုကြောင့် Apple Music က အခုလို ဖယ်ရှားလိုက်တာဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

၁၉၈၉ ခုနှစ်က ဖြိုခွင်းမှုအတွင်းမှာ လူတွေဘယ်လောက် သေဆုံးခဲ့တယ် ဆိုတာကို အတိအကျ မသိရပါဘူး။ ဟောင်ကောင် အဆိုတော် Cheung ဟာ တရုတ်နိုင်ငံမှာ နာမည်ကြီးတဲ့ အဆိုတော်တဦးဖြစ်ပြီး သူ့ရဲ့ ဖျော်ဖြေပွဲတွေမှာတောင် တကယ့် လူဆိုး လူမိုက်ဂိုဏ်းတွေက လာကြည့်ကြလို့ ရဲတပ်ဖွဲ့တွေကနေ တာဝန်ယူ ထိန်းသိမ်းပေးရတဲ့အထိ အောင်မြင်တဲ့ အဆိုတော်လည်း ဖြစ်ပါတယ်။

လူဆိုးဂိုဏ်း အဆိုတော်လိုမျိုး နာမည်ကြီးနေတာနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ Cheung က “လူတွေက ဘယ်လို လူတွေပဲဖြစ်ဖြစ် ဖျော်ဖြေရေးဆိုတာ လိုအပ်နေသေးတယ်လို့ ကျနော်ထင်ပါတယ်” လို့ ပြောဆိုခဲ့ဖူးပါတယ်။

Ref : asiaone

Did you find apk for android? You can find new Free Android Games and apps.
Loading