Entertainment

ကိုငြိမ်းမောင် တဖြစ်လဲ နေအောင် ပြောပြတဲ့ သင်္ကြန်မိုးရုပ်ရှင်ကားအကြောင်း

Want create site? Find Free WordPress Themes and plugins.

“သင်္ကြန်မိုး” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ် အားပေးမှုရရှိခဲ့တဲ့ မင်းသားကြီး နေအောင်က သင်္ကြန်မိုးကားဟာ အခုချိန်ထိ အောင်မြင်တဲ့ ကားတကားဖြစ်နေတာ ဒါရိုက်တာ အပါအဝင် အားလုံးတော်ကြတာဖြစ်တဲ့အတွက်လို့ ဆိုပါတယ်။

“ကျနော် သင်္ကြန်မှာ သီချင်းတွေ ဆိုမယ်။ သြင်္ကန်မိုး အခုချိန်ထိ အောင်မြင်တဲ့ ကားတကားဖြစ်နေတာ ကျနော့် ဆရာကလည်း တော်တယ်။ ထုတ်လုပ်ရေးကလည်း ပိုက်ဆံကို မကြည့်ဘဲ ရိုက်တယ်။ ကျနော်တို့ အားလုံးကလည်း ကြိုးစားခဲ့ကြတယ်။ ကျနော်ပါမှတော့ မဟုတ်ပါဘူး။ တခြားမင်းသားတွေဆိုလည်း အောင်မြင်မှာပါ။ ဇာတ်က ရိုးရိုးလေးပါ”

“အခုခေတ်ဇာတ်တွေကမှ ဆန်းနေသေးတယ်။ သီချင်းချည်းပဲ ၁၈ ပုဒ်လည်း ပါတယ်။ ဇာတ်ကားထဲမှာ ကျနော့်သား အိမ်ထောင်ကျမယ့် အချိန်ထိ ထိထိမိမိ ရိုက်ပြသွားတယ်။ ကျနော့် ဆရာ ဒါရိုက်တာမောင်တင်ဦးကို ချီးကျူးရမှာပါ။ သြင်္ကန်မိုးကို အခုခေတ် လူငယ်တွေ ဘယ်သူနဲ့ ပိုလိုက်ဖက်မလဲ ဆိုတာ မပြောရဲဘူး။ ကျနော်တို့ရှေ့က ဇာတ်ကားတွေကို ပြန်ရိုက်ဖို့ ဆိုရင် ကျနော်တော်တော် စဉ်းစားရတယ်”လို့ မင်းသားကြီး နေအောင်က ပြောပါတယ်။

“One ဟာ One ပါပဲ။ One ကို တုရင် အတုပဲဖြစ်မှာလေ။ ရိုက်ချင်လည်းရိုက်ပေါ့။ ကျနော်တို့နဲ့တော့ မဆိုင်ပါဘူး။ ထုတ်လုပ်သူက ပြန်ရိုက်ရင် ရိုက်မှာပေါ့”လို့ နေအောင်က ဆိုပါတယ်။ မြန်မာ့ရုပ်ရှင်လောကနဲ့ ပတ်သက်ပြီး အမြင်များကိုလည်း နေအောင်က အခုလို ပြောပါတယ်။

“ရုပ်ရှင်လောကကတော့ အရမ်းတိုးတက်နေပြီ၊ သတိတော့ ရှိကြရမယ်။ အရမ်းကောင်းတယ်ဆိုရင် အရမ်းကောင်းတာရဲ့နောက်မှာ ဆိုးတာတွေ ပါတယ်။ ဒါကို မြင်တတ်မှ၊ မမြင်တတ်ရင် အဆိုးထဲ လိုက်သွားရင် ပက်လက်လန်ပြီပဲ။ အကယ်ဒမီပေးပွဲ မတက်ဖြစ်တာက ကျနော်တို့ မြေးလေး ကျန်းမာရေးကြောင့် ဘန်ကောက်မှာ ရောက်နေတာပါ။ ကျနော်လည်း တော်တော် ပိန်သွားတယ်”

“ကျနော် ကျန်းမာရေးကတော့ ကောင်းပါတယ်။ ကျနော် အကယ်ဒမီပေးပွဲကို ဘန်ကောက်က မြင်လိုက်တယ်။ ဆဲလိုက်ကြတာ။ မောင်ဌေးပြောတဲ့ စည်းမျဉ်းစည်းကမ်းတွေ ချပေးထားပြီး အဲ့ထဲက ပေးကြတာပဲလို့ ပြောတယ်လေ။ အဲ့ဒါကို ဘာတွေ မကျေနပ်လဲတော့ မသိဘူး။ စည်းမျဉ်းစည်းကမ်းချ ပေးထားရင် စည်းမျဉ်းစည်းကမ်းအတိုင်း ဘောင်ထဲမှာ နေရင် စည်းကမ်းလိုက်နာဘေးရန်ကင်းကွာ လွတ်ချမ်းသာတဲ့”လို့ နေအောင်ကပြောပါတယ်။

နေအောင်ဟာ တခေတ်တခါက အရမ်းအောင်မြင်ခဲ့တဲ့ မင်းသားကြီးတယောက်ဖြစ်ပြီး အကယ်ဒမီ ၃ ဆု ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ “သင်္ကြန်မိုး” ရုပ်ရှင်ဟာ အကောင်းဆုံး ရုပ်ရှင်ဆု ရရှိထားတဲ့ ဇာတ်ကား တကား ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading