• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

Sai Sai Birthday Show အတွက် ဝတ်စုံ ၁၀၀ ဖန်တီးချုပ်လုပ်ပေးတဲ့ ဇော်ဝင်းထွဋ်ရဲ့ သမီး ချံချံ

by မန်းသူ
10 April 2019
in Entertainment
A A
သမီးဖြစ်သူ ချံချံနဲ့ အဆိုတော်ဇော်ဝင်းထွဋ်  / Chan Chan's Facebook

သမီးဖြစ်သူ ချံချံနဲ့ အဆိုတော်ဇော်ဝင်းထွဋ် / Chan Chan's Facebook

13.1k
VIEWS
Share on FacebookShare on Twitter

တေးသံရှင် ဇော်ဝင်းထွဋ်ရဲ့သမီး ချံချံက “ZAKH” ဆိုတဲ့ ကိုယ်ပိုင် Brand နဲ့ အမျိုးသားဝတ် အင်္ကျီတွေကို မြန်မာပြည်မှာပဲ ဖန်တီးချုပ်လုပ်ပြီး စတင်လိုက်သလို ဖခင်နဲ့ မောင်ဖြစ်သူ အီတိုးရဲ့ အကြံပြုချက်တွေနဲ့ ထွက်လာတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ချံချံက စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဒီနှစ် ဧပြီ ၁၀ ရက်နေ့၊ Birthday Show အတွက်လည်း ဝတ်စုံ ၁၀၀ ကျော် ဖန်တီးပေးထားတယ်လို့ ဆိုပါတယ်။

“အမျိုးသားဝတ်ကတော့ ချံက နဂိုကတည်းက အဖေနဲ့ မောင်လေးအတွက်ကို ဟိုမှာ ကျောင်းတက်နေတဲ့ တောက်လျှောက် အင်္ကျီတွေ အမြဲရှာဝယ်ပေးရတာဆိုတော့ သတိထားမိတယ်ပေါ့နော်။ ပြီးတော့ ကိုယ်ကိုယ်တိုင်ကလည်း အရမ်း မိန်းမဆန်ဆန် မဝတ်တတ်ဘူးဆိုတော့ နားမလည်လောက်ဘူး ထင်တယ်လေ။ပြီးတော့ ချံတို့ဒီမှာက ရှပိအင်္ကျီ Cutting က အရမ်းကောင်းတယ်။ ဒါကကိုယ့်ရဲ့အားသာချက်ပေါ့။ အာရုံများပြီး လျှောက်ထုတ်မယ့်အစား ကိုယ့်ရဲ့အားသာချက်ကနေ စထုတ်လိုက်တာပေါ့” လို့ ချံချံက ဆိုပါတယ်။

RelatedPosts

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 July 2025
3.5k
အရှေ့ နှင့် အနောက်

အရှေ့ နှင့် အနောက်

6 July 2025
447
မော်စီတုန်း

မော်စီတုန်း

5 July 2025
1.2k

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်အတွက်လည်း Birthday Show မှာဝတ်ဆင်ဖို့ ဖန်တီးပေးရတာကို နှစ်သက်လို့ လုပ်ပေးဖြစ်တယ်”လို့ ချံချံက ဧရာဝတီကိုပြောပါတယ်။ စိုင်းစိုင်းအတွက် ဖန်တီးပေးရတဲ့ ပုံစံနဲ့ ပတ်သက်ပြီးလည်း ချံချံက အခုလိုဆိုပါတယ်။

“ကိုစိုင်းအတွက်က သူပြောတဲ့ Guideline နဲ့ပဲပေါ့။ ချံရေ ပွဲကတော့ဒီလို Theme နဲ့ပေါ့။ဘယ် Round မှာတော့ ဘယ်လို၊ ဘယ်နှစ်ယောက်၊ ဘာသီချင်းနဲ့ ကမှာပေါ့။ ဒါဆို ဘယ်သီချင်းနဲ့ကတော့ ဘယ်လိုပေါ့။ သူတို့က ယိုးဒယား Production နဲ့လည်း အပ်ထားသေးတယ်ဆိုတော့ ဟိုကလည်း Guideline တော့ပေးတယ်။ ဘယ်သီချင်းနဲ့ ဘယ်ပုံစံပေါ့”

“ဒီနှစ် ကိုစိုင်း Birthday Show အတွက်က အင်္ကျီအထည် ၁၀၀ ကျော် ချုပ်ပေးရတယ်။ သူစပြောတုန်းကတော့ တလကျော်ပေါ့။ ဒါပေမယ့် တကယ်တမ်း Confirm လုပ်တော့ ၂ ပတ်ပဲ လိုတော့တယ်။ စပြောတုန်းက ၈ စုံပဲပြောတာ။ အခုက ၁၀၀ ကျော်သွားတယ်”လို့ ချံချံက ပြောပါတယ်။

ချံချံက ကိုယ်ပိုင် Brand အတွက် ကြိုးစားခဲ့ရတဲ့ ကာလတွေနဲ့ ပတ်သက်ပြီးလည်း အခုလို ပြောပါတယ်။

“ကိုယ်ပိုင် Brand အတွက် ယိုးဒယားကစက်ရုံကို အပ်ပေမယ့် အဆင်မပြေလို့ ကိုယ့်ဟာကိုယ်လည်း ချုပ်တတ်တာပဲဆိုပြီး ကိုယ်ပိုင်လုပ်ဖြစ်တာ။ စစချင်းကတော့ အမေတို့ မိတ်ဆွေတွေက ယူနီဖောင်းလေးချုပ်ပေးပါလားဆိုတာနဲ့ ယူနီဖောင်းတွေ စလက်ခံပြီး ချုပ်ဖြစ်တာ။ စစချင်းဆိုတော့ ကိုယ်က Brand ဆိုရင် ပိုက်ဆံက အထည့်ပဲ ရှိတာလေ”

“ဒီတော့ အလကားနေရင်း ငွေပေါ်တာပေါ့ဆိုပြီး စလက်ခံချုပ်ဖြစ်တာ အခုဆို ၇ နှစ်ရှိပါပြီ။ ကိုယ်ပိုင်နာမည်နဲ့ Brand လေးစလုပ်ဖြစ်ဖို့ကတော့ ၆ နှစ်လောက်ကြာသွားတာပေါ့။ ZAKH ဆိုတဲ့ ကိုယ်ပိုင် Brand လေးခုတော့ထုတ်ဖြစ်ပါပြီ။ ၆ လ၊၇ လလောက်ပဲ ရှိပါသေးတယ်”လို့ ဆိုပါတယ်။

အမျိုးသားဝတ်ရှပ်ဝတ်စုံတွေအတွက် ကိုယ်နဲ့အနီးစပ်ဆုံး အဖေနဲ့မောင်ရဲ့အကြုံပြုချက်တွေကိုလည်း အခုလိုပြောပြပါတယ်။

“အိမ်မှာ နားအညီးဆုံးက အဖေနဲ့ အီတိုးပဲ။ အဖေက လည်ပင်းက တုတ်တယ်လေ။ အဲဒီတော့ အင်္ကျီဝတ်ကြည့်ပြီးရင် နင့် XL က လည်ပင်း ဘယ်နှစ်လက်မလဲ။ အီတိုးဆိုရင်လည်း ဝတ်ကြည့်ပြီးရင် အင်္ကျီလက်က ဘယ်လိုကြီးဖြစ်နေတယ်နဲ့။ သူတို့နဲ့ တော်တော်ကို စိတ်တွေကောက်၊ စိတ်တွေဆိုး၊ တော်ပြီ နင်နဲ့ မရိုက်ဘူး။ အဲဒီလိုတွေဖြစ်ပြီးမှ ဖြတ်သန်းလာကတော့ သူများတွေနဲ့ အဆင်ပြေမယ်ထင်ပါတယ်”လို့ ချံချံကပြောပါတယ်။

ဖခင် ဇော်ဝင်းထွဋ်ရဲ့နာမည်အစ စကားလုံး ZA နဲ့ မိခင် ရဲ့နာမည်အစစကားလုံး KH ကိုယူထားတဲ့ ချံချံရဲ့’ ZAKH’ ကိုယ်ပိုင် Brand ကို သရုပ်ဆောင် နိုင်နိုင်းနဲ့ ရိုက်ကူးတာပါ။ ဖခင်ဖြစ်သူ ဇော်ဝင်းထွဋ်နဲ့ ဘာကြောင့်မရိုက်တာလဲဆိုတဲ့ မေးခွန်းကိုတော့ ချံချံက အခုလိုဆိုပါတယ်။

“အကုန်လုံးကလည်း အဖေနဲ့ဘာလို့မရိုက်တာလဲလို့ လူတိုင်းကပြောတယ်။ ဒါပေမယ့် ချံချံအဖေနဲ့ မရိုက်ဘူး။ ဘာလို့်ဆိုတော့ ချံချံထုတ်တဲ့အထဲမှာ အဖေနဲ့လိုက်တဲ့ အမိုက်စား ပုံစံပါရင်တော့ အဖေနဲ့ ရိုက်မှာပေါ့။ ခုကျတော့ ချံရဲ့ဟာက ရုံးသွားတဲ့ပုံစံ၊ ခရီးသွားတဲ့ပုံစံ၊ အဲဒီလိုဆိုတော့ ချံ Target ထားတဲ့ဟာက အဖေနဲ့ မလိုက်ဘူး။ အဖေ့ကိုကျတော့ အဲဒီလိုကြီးဝတ်ပေးပြီးတော့ သူ မဟုတ်တဲ့ ဥစ္စာကြီးကနေ ကွဲထွက်ပြီးတော့ မလုပ်စေချင်ဘူးကွာ”

“တခြားသူနဲ့လည်း ရိုက်လို့ရတယ်။ အဖေ့ကိုတော့ သူမဟုတ်တဲ့ဟာကြီး ဟန်ဆောင်လုပ်ခိုင်းတာတော့ အဆင်မပြေဘူး။ Rocker ကြီးက ရုံးသွားပြနေလို့လည်း အဆင်မပြေဘူး။ အဲဒါကြောင့်လည်း မရိုက်ဘူး။ ပြီးတော့ ချံချံထွက်ရင် အဖေနဲ့ ရိုက်မယ်လို့ လူတိုင်းမျှော်လင့်ထားတာ ဘာလို့လုပ်ပြရမှာလဲနော်”

“နောက်တခုက အဖေနဲ့ အမေက နောက်ကနေ Support လုပ်တယ်ဆိုပေမယ့် ကိုယ်က တသက်လုံး ဇော်ဝင်းထွဋ်သမီး ဖြစ်လာတာလေ။ ဒီတော့ သူ့ကို အရမ်းကြီး တွဲလောင်းခိုပြီး မထွက်ချင်ဘူး။ ကိုယ့်ဟာကိုယ် ကိုယ်တတ်နိုင်တာနဲ့ ကိုယ့်အစွမ်းအစနဲ့ ကိုယ့်ဘောင်ထဲကနေ လုပ်ရင် ဘာဖြစ်မလဲ ဆိုတာလည်း သိချင်တယ်လေ”

“စမ်းသပ်ချင်တာလည်းပါတယ်။ အီတိုးကတော့ မရိုက်ဘူးလို့ တခွန်းမှ မပြောဘူး။ ပါးစပ်ကတော့ ရိုက်နေတာပဲ။ ဒါပေမယ့် သူက အပြင်ပွဲလေးတွေလည်း လျှောက်တီးတယ်။ သူ့သီချင်းတွေလည်း လုပ်နေတယ်။သူက အစီအစဉ်တွေ အမြဲပြည့်နေတယ်။ ခုတော့ သူ့ကိုပြောထားတယ်။ ငါနင်နဲ့ လုံးဝ မရိုက်တော့ဘူး။ တခြားသူနဲ့ပဲ ရိုက်မယ်လို့်လေ”လို့ ချံချံက ဧရာဝတီကို ပြောပါတယ်။

ချံချံရဲ့ “ZAKH” ကို Online ကနေပဲ ရောင်းချပေးနေတာဖြစ်ပြီး ချံချံက အနုပညာသပ်သပ် ဖန်တီးမှုနဲ့ရောင်းချဖို့ မဟုတ်တဲ့ ဝတ်စုံလေးတွေကို ပြပွဲအနေနဲ့ပြသဖို့ စိတ်ကူးလည်း ရှိနေတယ်လို့ ဆိုပါတယ်။ ။

Your Thoughts …
Tags: ချံချံဇော်ဝင်းထွဋ်
မန်းသူ

မန်းသူ

Similar Picks:

အဆိုတော် ဇော်ဝင်းထွဋ် / ချစ်ပိုး / ဧရာဝတီ

“Rock ဂီတကို ထိန်းသိမ်းဖို့ဆိုရင် ရော့ခ်ဂီတ ဘယ်ကလာလဲဆိုတာ သိဖို့လိုတယ်”

by ချစ်ပိုး
18 December 2019
5.1k

ပြိုင်ပွဲတွေရဲ့ သဘောတရားနဲ့ ကျနော်တို့ ဆိုတဲ့ ပုံစံတွေနဲ့တော့ ကိုက်မှာမဟုတ်ဘူး။ ပြိုင်ပွဲကျတော့ အမှတ်ပေးစည်းမျဉ်းတွေ ရှိမှာပေါ့။ Rock ကျတော့ လွတ်လွတ်လပ်လပ်နဲ့ ကိုယ်လုပ်ချင်တာ လုပ်မှာပေါ့။

အဆိုတော် ဇော်ဝင်းထွဋ် / ဧရာဝတီ

အဆိုတော် ဇော်ဝင်းထွဋ်နဲ့ မိသားစုဝင်တဦး Quarantine ဝင်ရောက်နေ

by ယုဖြူဟန်
18 April 2020
49.7k

လှိုင်တက္ကသိုလ်နယ်မြေရှိ Quarantine Center တခုဖြစ်တဲ့ ရာမညဆောင်မှာ Facilities Quarantine ဝင်ရောက်လျက်ရှိပြီး ဇော်ဝင်းထွဋ်နဲ့အတူ မိသားဝင်တဦး ပါရှိတယ်လို့ သိရပါတယ်။

ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ် / ဝေဝေနှင်း / ဧရာဝတီ

“သြင်္ကန်မှာ Rock & Roll နဲ့ပျော်တာ အကောင်းဆုံးပဲ”လို့ ဆိုလိုက်တဲ့ ဇော်ဝင်းထွဋ်

by ယုဖြူဟန်
13 March 2019
5.2k

“ဘယ်လိုပဲပြန်ဆိုပြန်ဆို မရိုးနိုင်တဲ့သီချင်းတွေက အခုထိရှိနေတာကို။ ကောင်းတဲ့အရာတခုကတော့ ဖျတ်ခနဲ အချိန်တိုတခုမှာဖြစ်လာတာမဟုတ်ဘူးလေ။

တေးသံရှင် ထား / ဧရာဝတီ

ဇော်ဝင်းထွဋ်ရဲ့မိခင် တေးသံရှင် ထား COVID -19 ကူးစက်ခံရတဲ့ သတင်း မဟုတ်မှန်

by ယုဖြူဟန်
20 April 2020
15.2k

“ကိုညီထွဋ်မိခင် အန်တီထား သတင်းက ကောလာဟလပါ။ သူ့အိမ်မှာ ကျန်းကျန်းမာမာ ရှိနေပါတယ်။ အစ်ကို ကိုယ်တိုင်လည်း မစစ်ရသေးပါ။ Negative ဆိုတာလည်း ဖွနေတာပါ”

အဆိုတော် လိမ္မော်သီး / Mi Mon Mon Thike's Facebook

တကိုယ်တော် အခွေမှာ ဇော်ဝင်းထွဋ်နဲ့ စုံတွဲသီချင်း သီဆိုမယ့် လိမ္မော်သီး

by ယုဖြူဟန်
16 September 2019
9.6k

“အခွေကို အောက်တိုဘာမှာ မှန်းထားတယ်။ မွေးနေ့ မီရင်မီ၊ မမီရင်တော့ အောက်တိုဘာလကုန်တော့ သေချာတယ်။ အခွေကပြီးနေပြီ။ သီချင်းက အားလုံးပေါင်းက ၁၂ ပုဒ်ပေါ့။

အဆိုတော် ဇော်ဝင်းထွဋ် / ညီညီသူ / ဧရာဝတီ

လူငယ် အဆိုတော် နိုဗန်ထူးနဲ့ ဟန်နေတာကို ချီးကျူးလိုက်တဲ့ ဇော်ဝင်းထွဋ်

by ညီညီသူ
29 October 2019
13.1k

သူတို့သီချင်းတွေ လာလာဆိုပြရင် တခါတခါ ကိုယ်တောင် မျက်ရည်ကျတယ်။ ဟန်နေတာဆို သူရေးထားတဲ့ သီချင်းတွေ ဟော်လို ဂစ်တာနဲ့လာဆိုပြရင် ကိုယ်တောင် မျက်ရည်ကျတယ်။

Next Post
၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်  / David Hla Myint / Facebook

ကျနော်တို့ ပါတီ က ဖက်ဒရယ်နိုင်ငံ စစ်စစ်ကို သွားမှာ

ယနေ့ ရုံးချိန်းမှာ တွေ့ရတဲ့ အစ္စဏီ  / ယုဖြူဟန် / ဧရာဝတီ

"အမှန်တရားကို ရင်ဆိုင်သွားမှာဖြစ်လို့ ဆုတောင်းပေးကြပါ"လို့ အစ္စဏီပြော

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

6 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

4 days ago
3.5k

Most Read

  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0
  • ဒီမိုကရေစီတိုက်ပွဲ ဘာကြောင့် ၃၇ နှစ် ကြာတာလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate