မင်းသားကြီးဇော်ဝမ်းကို လူတွေက သင်္ကြန်မင်းသားကြီးလို့ ခေါ်လေ့ရှိကြပါတယ်။ ဒီလိုခေါ်ရတဲ့အကြောင်းက တော့” သင်္ကြန်မိုး” ရုပ်ရှင်ကြောင့်ဖြစ်သလို သင်္ကြန်သီချင်းတွေအများကြီးဆိုခဲ့တဲ့အတွက်ကြောင့်ပါ ပဲ။
မင်းသားကြီးဇော်ဝမ်းကို ၁၉၄၅ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့မှာ မွေးဖွားခဲ့ပြီး မွေးဖွားရာဇာတိကတော့ မန္တလေးမြို့ ပါ။ ငယ်နာမည်ကတော့ သောင်းဒန်ဖြစ်ပြီး လူတွေကတော့ အတာ ၊ ဖိုးတာကြီး စသဖြင့် ခေါ်လေ့ရှိကြပါတယ်။
ဇော်ဝမ်းဟာ သရုပ်ဆောင်ပညာကို ရှုမဝဦးကျော်ဆီက သင်ကြားခဲ့ပြီး “မိုးကေသီ” အပျော်တမ်း တူရိယာအဖွဲ့ကို တည်ထောင်ခဲ့တဲ့ ဦးဘိုခင်ဆီကနေ အဆိုနဲ့အတီးပညာတွေကိုသင်ကြားခဲ့ပါတယ်။ “မိုးကေသီ”တီးဝိုင်းမှာတော့ ဇော်ဝမ်းကို သန်းလွင်အနေနဲ့ လူတွေကသိကြပါတယ်။
ဇော်ဝမ်း စတင်သရုပ်ဆောင်ခဲ့တော့ ရုပ်ရှင်ကတော့ ရှုမဝဦးကျော်ရိုက်တဲ့ “ချွေးကလေးတစိုစို” ဇာတ်ကားဖြစ်ပြီး ဇာတ်ဝင်ခန်းတခန်းမှာသာပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မိဘတွေရဲ့ ပံ့ပိုးမှု နဲ့ “စေလိုရာစေ”ဇာတ်ကားမှာ မင်းသားအနေနဲ့ ရိုက်ကူးခဲ့ပါတယ်။
ဇော်ဝမ်းဟာ အဆိုကောင်းသလို သရုပ်ဆောင်ဘက်မှာလည်းထူးချွန်သူတယောက်ဖြစ်ပေမယ့် ကွယ်လွန်ချိန်အထိ အကယ်ဒမီဆုကို မရရှိခဲ့ပါဘူး။ ၁၉၇၀ ပြည့်နှစ်ကနေ စတင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားဇော်ဝမ်းဟာ ကွယ်လွန်ချိန်အထိ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်း ၁၅၀ ကျော်ရိုက်ကူးခဲ့ပါတယ်။
ဇော်ဝမ်းဟာရုပ်ရှင်သရုပ်ဆောင်အဖြစ်နဲ့ကျော်ကြားနေချိန်မှာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျခဲ့ပါ တယ်။ ထောင်ကထွက်လာပြီးနောက် ၁၉၈၇ ခုနှစ်မှာတော့ အစ်ကိုဖြစ်သူ မောင်တင်ဦးရိုက်ကူးတဲ့ “သြင်္ကန်မိုး”ဇာတ်ကားရိုက်ကူးခဲ့ပြီး သင်္ကြန်မင်းသားရယ်လို့ လူသိများလာခဲ့ပါတယ်။
မန္တလေးသင်္ကြန်ဟာ အဆိုတော် ၊ သရုပ်ဆောင် ၊ မဂ္ဂဇင်းထုတ်ဝေသူ မင်းသားဝင်းဦး မရှိတော့ တဲ့ နောက်ပိုင်း မှာ ဇော်ဝမ်းရဲ့ သင်္ကြန်သီချင်းတွေက ပိုပြီးခေတ်စားလာခဲ့ပါတယ်။
မင်းသားကြီးဇော်ဝမ်းရဲ့ နာမည်ကြီးသင်္ကြန်သီချင်းတွေကတော့ “နွေမ” ၊ “ရှာပုံတော်မင်းသားကြီး” ၊ “ရွှေမန်းမာလာ” စတဲ့သီချင်း တွေပါပဲ။ ဇော်ဝမ်းဟာ ဆရာကြီးမြို့မငြိမ်းတည်ထောင်ခဲ့တဲ့ “မြို့မ အပျော်တမ်းတူရိယာ”အဖွဲ့နဲ့ လည်း လက်တွဲညီခဲ့ပါတယ်။ ဇော်ဝမ်းသီဆိုခဲ့တဲ့ သီချင်းပုဒ်ရေပေါင်းက ၁၀၀၀ ကျော်ရှိပြီး နောက်ဆုံးသီဆိုခဲ့တဲ့သီချင်းကတော့ “ရတနာပုံ နှစ်၁၅၀” သီချင်းပါ။
နောက်ဆုံးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကတော့ “ဟော့ရှော့ ၃” ဖြစ် ပြီး နောက်ဆုံးရိုက်ကူးခဲ့တဲ့ ဗီဒီယိုကတော့ “မျက်ဝန်းလိပ်ပြာ”ဆိုတဲ့ ဇာတ်ကားပါ။
ဇော်ဝမ်းဟာ ၂၀၀၉ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှာကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်မှာတော့ အသက် ၆၄ နှစ် ရှိခဲ့ပါပြီ။
Ref:my.wikipedia