မင်းသမီး Scarlett Johansson ဟာ လန်ဒန်မှာပြုလုပ်ခဲ့တဲ့ အထူးပွဲတခုရဲ့ ကော်ဇောနီအထက်မှာ Sexy ကျကျ လှပနေခဲ့တာကို တွေ့ရပါတယ်။ ကမ္ဘာကျော် မင်းသမီး Scarlett ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ “Avengers: Endgame” ပရိသတ် တွေ့ဆုံပွဲကို ကော်လံတထပ်တည်း ပါတဲ့ လှပကျော့ရှင်းတဲ့ ဝတ်စုံကို ဆင်မြန်းပြီး တက်ရောက်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
သေသေချာချာ ချုပ်လုပ်ထားတဲ့ အသားကပ်ဘောင်းဘီနဲ့အတူ ခန္ဓာကိုယ်ကောက်ကြောင်းကို ပေါ်လွင်စေတဲ့ အကျီနဲ့ တွဲဖက်လာခဲ့ပြီး စူပါဟီးရိုးတယောက်ရဲ့ ဆွဲဆောင်မှု အားကောင်းပြီး Sexy ကျတဲ့အလှကို ပေါ်လွင်ထင်ရှားစေခဲ့ပါတယ်။
အသက် ၃၄ နှစ်အရွယ် မင်းသမီးဟာ အနီရင့်ရောင်နှုတ်ခမ်းနီ၊ မီးဆိုင်းပုံစံနားကပ်၊ ရိုးရှင်းတဲ့ ဆံပင်ထုံးဖွဲ့မှုကြောင့် နန်းဆန်တဲ့အသွင်မှာရှိပါတယ်။ အဲဒီပွဲကိုတော့ မင်းသမီးနဲ့အတူ “Avengers” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ မင်းသား Paul Rudd နဲ့ မင်းသား Chris Hemsworth တို့ပါ တက်ရောက်ကြတာကို မြင်တွေ့ရပါတယ်။
အဲဒီမင်းသားနှစ်ဦးကတော့ သူတို့တက်နေကျပုံစံအတိုင်း ရိုးရှင်းတဲ့ အနောက်တိုင်းဝတ်စုံနဲ့ တက်ရောက်လာတာ ကိုတွေ့ရပါတယ်။ အခုတခါမှာတော့ ရုပ်ရှင်ထဲမှာ ပါဝင်တဲ့ အခြားသရုပ်ဆောင်တွေ ပါဝင်လာတော့မရှိပါဘူး။
သူတို့ ၃ ယောက်ဟာ Marvel ရုပ်ရှင်တွေထဲက နှစ်သက်ရာ ဇာတ်ကောင်တွေအတိုင်း ဝတ်ဆင်ထားတဲ့ Cosplayer တွေနဲ့အတူ ဓာတ်ပုံရိုက်ခဲ့ပြီးတော့ မင်းသား Chris က အားလုံးကို ကျေးဇူးတင်တဲ့အကြောင်း Instagram မှာ ပြောဆိုခဲ့ပါတယ်။ သူက “ဒီရုပ်ရှင်တွေကို စိတ်အားထက်သန်စွာနဲ့ ထောက်ခံအားပေးတာက ထူးခြားလွန်းပါတယ်။ ကျနော်တို့တွေအားလုံးက အတိုင်းအထက်လွန် ကျေးဇူးတင်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။
“Avengers: Endgame” ရုပ်ရှင်ကိုကြည့်ရဖို့ နောက်ထပ် နှစ်ပတ်တောင် မလိုတော့ပါဘူး။ ဧပြီလ ၂၄ ရက်နေ့ ဆိုရင်ရုံတင်ပြသတော့မှာပဲဖြစ်ပါတယ်။
Ref: accessonline