တောင်ကိုရီးယားနိုင်ငံရဲ့ TvN ရုပ်သံလိုင်းကနေ လက်ရှိမှာထုတ်လွှင့်နေတဲ့ အချစ်ဟာသဇာတ်မြူး “Her Private Life” ဟာ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ ပြသနေတဲ့ဒရာမာတွေထဲမှာ လူကြည့်နှုန်း အားကောင်း လာတာကိုတွေ့ရပါတယ်။
အဲဒီဒရာမာမှာတော့ မင်းသမီး ပတ်မင်ယောင်က နာမည်ကျော် Idol တယောက်ရဲ့ ပရိသတ်တဦးအနေနဲ့ရော အနုပညာပြခန်း စီမံခန့်ခွဲရေးမှူးအနေနဲ့ရော ဘဝနှစ်မျိုးနဲ့ နေထိုင်နေတဲ့ Sung Duk Mi အဖြစ်လည်းကောင်း ပါဝင်ထားပါတယ်။ မင်းသား ကင်ဂျယ်ဝုကတော့ အခုလိုမျိုး Idol တယောက်ကို နှစ်သက်စွဲလမ်းနေတဲ့ Duk Mi ရဲ့ ဝါသနာကို ဖျောက်ပေးမယ့် သူဌေး Ryan Gold အဖြစ် ပါဝင်ထားပါတယ်။
ဧပြီလ ၁၁ ရက်နေ့မှာ အဲဒီဒရာမာရဲ့ ဒုတိယအပိုင်းဟာ ပထမဆုံးအပိုင်း ပြသတုန်းကထက် လူကြည့်နှုန်း နည်းနည်းလေး မြင့်တက်လာတာကိုတွေ့ရပါတယ်။
Nielsen Korea ရဲ့အဆိုအရ အဲဒီအပိုင်းတွေကို နိုင်ငံတဝန်းကနေ ပျှမ်းမျှလူကြည့်နှုန်းဟာ ၂ ဒဿမ ၉၂၁ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။ KBS 2TV ရဲ့ ဆေးပညာလောကအကြောင်းအခြေခံထားတဲ့ ဒရာမာ “Doctor Prisoner” ဟာ လက်ရှိမှာတော့ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တိုင်းထုတ်လွှင့်နေတဲ့ ဒရာမာတွေထဲမှာ လူကြည့်နှုန်းအများဆုံးအဖြစ် ရပ်တည်နေပါတယ်။
ပြီးခဲ့တဲ့ အပိုင်းနှစ်ခုမှာတော့ လူကြည့်နှုန်းဟာ ၁၂ ဒဿမ ၅ ရာခိုင်နှုန်းနဲ့ ၁၄ ဒဿမ ၇ ရာခိုင်နှုန်း အသီးသီးစီရှိခဲ့ပါတယ်။ ဆိုးလ်ပတ်ဝန်းကျင်မှာနေထိုင်ကြတဲ့သူတွေ အများဆုံးကြည့်ရှုကြတဲ့ ဒရာမာအဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။
MBC ရုပ်သံကနေထုတ်လွှင့်နေတဲ့ “The Banker” စီးရီးဟာလည်း နိုင်ငံတဝန်းပျှမ်းမျှလူကြည့်နှုန်း ၄ ဒဿမ ၄ ရာခိုင်နှုန်းနဲ့ ၅ ဒဿမ ၂ ရာခိုင်နှုန်းစီ အသီးသီးရှိခဲ့ပါတယ်။ SBS ရဲ့ “Big Issue” စီးရီးကတော့ ၂ ဒဿမ ၄ ရာခိုင်နှုန်းနဲ့ ၃ ဒဿမ ၃ ရာခိုင်နှုန်းစီ ရှိနေပါတယ်။
Ref:soompi