Entertainment

မင်းသား Jeremy Renner ပါဝင်မည့် 'Hawkeye' မီနီစီးရီးကို Disney+ တွင် ပြသမည်

“Avengers: Endgame” ရုပ်ရှင်ထဲမှာပါဝင်လာမယ့် မင်းသား Jeremy Renner ရဲ့ Hawkeye ဇာတ်ကောင်ကို မျှော်လင့်နေတဲ့ ပရိသတ်တွေအတွက် သတင်းကောင်းတခုကတော့ မကြာခင်တင်ဆက်တော့မယ့် မီနီစီးရီးမှာ မင်းသားဟာ လေးပစ်ကျွမ်းကျင်သူ Clint Barton အဖြစ်ပြန်လည်ပါဝင်လာတော့မှာဖြစ်ပါတယ်။

The Hollywood Reporter မီဒီယာရဲ့အဆိုအရ အဲဒီ Marvel စီးရီးကို Disney+ ဝန်ဆောင်မှုကနေ ထုတ်လွှင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုမီနီစီးရီးမှာတော့ Barton ရဲ့ငယ်ဘဝကနေ Avengers အဖွဲ့ကြီးထဲကို ဝင်ရောက်ခဲ့ပုံအထိ ဖြစ်ရပ်တွေကို မြင်တွေ့ရမှာပါ။ လူငယ် Avenger အဖွဲ့ထဲက Kate Bishop နဲ့ တွေ့ဆုံခဲ့ပုံကိုလည်း ရှုစားရမှာပါ။

၂၀၁၂ ခုနှစ်က နေထွက်ရှိခဲ့တဲ့ ကာတွန်းစီးရီထဲမှာတော့ Barton နဲ့ Bishop တို့ရဲ့ ဆရာ တပည့်ဆက်ဆံရေးကို မြင်တွေ့ခဲ့ကြရပါတယ်။ အခု “Hawkeye” မီနီစီးရီးဟာ Marvel Cinematic Universe ထဲက သရုပ်ဆောင်တွေ ဖြစ်တဲ့ Tom Hiddleston, Paul Bettany, Elizabeth Olsen, Anthony Mackie နဲ့ Sebastian Stan တို့ပါဝင်မယ့် Disney+ ရဲ့စီးရီးစာရင်းထဲမှာ ပါဝင်လာတာလည်း ဖြစ်ပါတယ်။

Disney+ ဟာ ဇာတ်ညွှန်းမရေးရသေးတဲ့ စီးရီးနှစ်ခုကိုလည်း ဖန်တီးနေပါတယ်။ အဲဒီစီးရီးတွေကတော့ “616” နဲ့ “Hero Project” တို့ဖြစ်ပါတယ်။ အဲဒီအကြောင်းကို ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့မှာ မိတ်ဆက်ခဲ့တာပါပဲ ဖြစ်ပါတယ်။

မူရင်း Hawkeye ဇာတ်ကောင်ကို ဖန်တီးသူတွေကတော့ Stan Lee နဲ့ Don Heck တို့ ဖြစ်ပါတယ်။ မင်းသား Jeremy ကတော့ Hawkeye ဇာတ်ကောင်နေရာကနေ ၂၀၁၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Thor ရုပ်ရှင်က စလို့ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ သူနောက်ဆုံးပါဝင်ထားတဲ့ “Endgame” ရုပ်ရှင်ကိုတော့ လာမယ့် ဧပြီလ ၂၆ ရက်နေ့မှာ ကမ္ဘာတဝန်းဖြန့်ချိပြမှာပါ။

Ref: ptinews

Loading