Entertainment

မင်းသား Rami Malek ပရိသတ်တွေ ကြည့်ရှုသင့်တဲ့ ဇာတ်ကားများ

Bohemian Raphsody ရုပ်ရှင်မှာ Queen အဖွဲ့ရဲ့ ပင်တိုင်အဆိုတော် Freddie Mercury အဖြစ်သရုပ်ဆောင်ခဲ့တဲ့ ဟာ ရုပ်ရှင်ကို အနုပညာအရရော ငွေကြေးအရပါ အောင်မြင်စေခဲ့တဲ့သူတွေထဲမှာ တယောက်အပါအဝင်ပါ။

အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ Rami Malek ဟာ Bohemian Raphsody ရုပ်ရှင် အပြင် တခြားသော ရုပ်ရှင်များစွာကိုလည်း သူ့ရဲ့ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ ဖော်ထုတ်ခဲ့တာဖြစ်တဲ့အတွက် သူ့ပရိသတ်တွေ ကြည့်ရှုသင့်တဲ့ ဇာတ်ကားတချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) Night at the Museum

ဒီရုပ်ရှင်ကတော့ အမေရိကန်ရဲ့ သဘာဝပြတိုက်တခုမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီး Rami က အဲဒီရုပ်ရှင်မှာ Ahkmenrah အဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။ Ahkmenrah ရဲ့ အခန်းကဏ္ဍဟာ ရုပ်ရှင်ရဲ့ တတိယမြောက် နောက်ဆက်တွဲဖြစ်တဲ့ Night at the Museum:Secret of the Tomb ကို ဆက်လက်ရိုက်ကူးရာမှာ အရေးပါခဲ့တာ ဖြစ်ပါတယ်။

(၂) Need For Speed

အောင်မြင်တဲ့ ဗီဒီယိုဂိမ်းစီးရီးကို အခြေခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်မှာတော့ Rami Malek ဟာ Finn အဖြစ် သရုပ်ဆောင်ခဲ့တာပါ။ ဇာတ်လမ်းကတော့ Finn ဟာ သူတင်ရှိနေတဲ့ ပမာဏများလှတဲ့ အကြွေးတွေနဲ့ ချောက်ချခဲ့တဲ့ အပေါင်းအသင်းတချို့ကို လက်စားချေဖို့ အဓိကဇာတ်ကောင် Tobey ရဲ့အဖွဲ့ထဲမှာ ပါဝင်ခဲ့တဲ့အကြောင်း ဖြစ်ပါတယ်။

(၃) Mr.Robot

အောင်မြင်တဲ့ တီဗီစီးရီးတခုဖြစ်ပြီး သိပ္ပံနဲ့နည်းပညာကို စိတ်ဝင်စားသူ ရုပ်ရှင်ပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ရသကို ပေးစွမ်းနိုင်မှာပါ။ ဒီစီးရီးမှာတော့ Rami ဟာ အဓိကဇာတ်ကောင် ကွန်ပျူတာဟက်ကာ Elliot Alderson အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Elliot ဟာ အသိဉာဏ်မြင့်မားတဲ့ လူငယ်တယောက်ဖြစ်ပေမယ့် စိတ်ကျရောဂါ၊ စိုးရိမ်ကြောင့်ကျမှုတွေကို ခံစားနေရသူ၊ သူ့ခေါင်းထဲက တွေးထင်တဲ့အရာတွေနဲ့ တကယ့်အရှိတရားတွေကို ဝေခွဲရခက်နေသူ တဦးဖြစ်ပါတယ်။ ဒီတီဗီစီးရီးကြောင့်ပဲ Rami ဟာ လူသိများလာတာခဲ့တာဖြစ်ပြီး ဒရာမာစီးရီးတွေအတွက် သရုပ်ဆောင် Emmy ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

(၄) Papillon

Papillon ရုပ်ရှင်ဟာ Henri Charrier ဆိုတဲ့ ပြင်သစ်သားတယောက်ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ဒီရုပ်ရှင်မှာတော့ Rami ကို ရဲ့ Papillon သူငယ်ချင်း Louis Dagger အဖြစ် တွေ့မြင်ကြရမှာပါ။

Ref. IMDB

Loading