• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

မြန်မာ့ရိုးရာ လက်ဝှေ့အကြောင်း ဇာတ်လမ်းတွဲ ရိုက်ကူးထားတဲ့ ရဲနောင်

by ချစ်ပိုး
28 April 2019
in Entertainment
A A
သရုပ်ဆောင် ရဲနောင် / ချစ်ပိုး / ဧရာဝတီ

သရုပ်ဆောင် ရဲနောင် / ချစ်ပိုး / ဧရာဝတီ

5.4k
VIEWS
Share on FacebookShare on Twitter

Canel+ ရုပ်သံလိုင်းကနေမကြာခင်ပြသမယ့် “လောကကြိုးဝိုင်း” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ရဲနောင်က ဒီကားက သူ့အတွက် စိန်ခေါ်မှုရှိခဲ့တယ်လို့ ဆိုပြီး မြန်မာ့လက်ဝှေ့ကို သေချာလေ့လာပြီး သင်ယူခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်လက်ဝှေ့သမားတယာက်အဖြစ်သရုပ်ဆောင်ဖို့ ဘာအတွေ့အကြုံတွေရခဲ့သလဲဆို အတွေ့အကြုံက အများကြီးပါပဲ။ ကျနော်တို့က မြန်မာ့လက်ဝှေ့ကို သေချာလေ့လာရတယ်။ ဒီ ကာရိုက်တာကို သရုပ်ဆောင်ဖို့ မြန်မာ့လက်ဝှေ့ကို သေချာသင်ခဲ့ရပါတယ်။ မြန်မာ့ရိုးရာလက်ဝှေ့ရဲ့ သမိုင်းကြောင်း၊ သတ်ကိုးသတ် မောင်းကိုးမောင်းအနုပညာကိုလည်း ပုံစံကျအောင် မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က ဆရာဦးဇဗ္ဗူကျော်နဲ့ လက်ထောက်ဆရာ ဦးကျော်ဆန်းတို့က အချိန်ပေးသင်ကြားပေးခဲ့ပါတယ်”

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
209
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
789
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.5k

” ဘာကြောင့် ကျနော်တို့ ရိုးရာလက်ဝှေ့ဟာ ဆိုင်းဝိုင်းကို အသုံးပြုတာလဲဆိုတာကအစ နောက်ဆုံး မထိုးသတ်ခင်နဲ့ ထိုးသတ်ပြီးချိန် တဦးပေါ်တဦး ဘယ်လိုဂါရဝ တရားထားရလဲဆိုတာအဆုံး အားလုံးကိုသေချာသင်ယူလေ့လာပြီးမှ ရိုက်ကူးရေးစခဲ့တာပါ။ ဇာတ်လမ်းရဲ့ သဘော သဘာဝအရ မိုက်တိမိုက်ကန်း လူငယ်တယာက်ဖြစ်ပေမယ့် အဆုံးသတ်မှာ ဘယ်လိုဖြစ်မလဲဆိုတာ စောင့်ကြည့်ပြီး အားပေးကြပါဦးခင်ဗျာ”

” ကျနော့်ဒီကားအမှတ်တရက အဆုတ်အအေးပတ်တယ်။ လက်ဆစ်ပြတ်ပါတယ်။ ဒဏ်ရာတွေလည်းရပါတယ်။ ကျနော့်အတွက် ဒီကားက စိန်ခေါ်မှုရှိပါတယ် ”လို့ ရဲနောင် ကဆိုပါတယ်။

တခြားနိုင်ငံက ဇာတ်ကားကို ကူးချရိုက်ကူးထားတယ်လို့ ဝေဖန်နေကြတဲ့အပေါ် မြန်မာ့ရိုးရာလက်ဝှေ့ကို ရိုက်ချိန်မှာ နိုင်ငံသိက္ခာ မချချင်တာဖြစ်တဲ့အတွက် ကူးချတာကို လုပ်တာမျိုးမရှိပါဘူးလို့ ရဲနောင်ကဆိုပါတယ်။

“ကျနော့်အနေနဲ့ ကျနော့်သရုပ်ဆောင်မှုကို အားကျကျေနပ်တယ်လို့ မရှိပါဘူး။ ကျနော့်ပရိသတ်တွေ ပြန်လည် သုံးသပ်ကြတဲ့ အပေါ်ကျနော်ကျေနပ်ဝမ်းသာမှာပါ။ ကျနော့်ဒီကားလေးက မြန်မာ့ရိုးရာ လက်ဝှေ့ကားပါ” လို့ ရဲနောင်က ဆိုပါတယ်။

ဒီဇာတ်ကားကို အိန္ဒိယဇာတ်ကား ကော်ပီယူပြီး ပြန်ရိုက်ထားတယ်လို့ ပြောနေကျတဲ့အပေါ်ကိုလည်း ရဲနောင်က ” ဒီကားလေးကို အိန္ဒိယကားကို ကော်ပီပြန်ယူထားတယ်လို့ပြောနေကြတာတွေ ကျနော်တွေ့ပါတယ်။ ကျနော်လက်ဝှေ့ကားတွေ အများကြီး ရွတ်ပြလိုက်လို့ရပါတယ်။ ကျနော်တို့ မြန်မာ့ရိုးရာ လက်ဝှေ့ကို ရိုက်ချိန်မှာ လုံးဝကူးချခြင်းမရှိပါဘူး”

” ကူးချလိုက်ရင် ကျနော်တို့ တသက်လုံးအရှက်ရစေမှာ ဖြစ်တဲ့အတွက် ကျနော်ကူးမချဘူး။ အပိုင်းတပိုင်းမှမကြည့်ရသေးပဲ ပိုစတာကြည့်ပြီး ဝေဖန်တာ စောပါသေးတယ်။ ရုပ်ရှင်နဲ့စီးရီး တော်တော်ကွာပါတယ်။ သူတို့ပြောနေတာက ရုပ်ရှင်ပါ။ ကျနော်တို့က စီးရီးပါ။ ကျနော်မြန်မာ့ရိုးရာ လက်ဝှေ့ကို ရိုက်ချိန်မှာ နိုင်ငံသိက္ခာ မချချင်တာဖြစ်တဲ့အတွက် ကူးချတာကို လုပ်တာမျိုးမရှိပါဘူး”လို့ ရဲနောင် ကဆိုပါတယ်။

ရဲနောင်ကိုတော့ Hip Hop အဆိုတော် တယောက်အနေနဲ့ လူအများက စတင်သိရှိခဲ့ပြီးနောက် ယခုအခါဇာတ်ညွှန်း ရေးသားသူ တယောက်အနေနဲ့ပါ လုပ်ကိုင်နေပြီး သီချင်းအခွေ ထွက်ဖို့အတွက်လည်း လုပ်နေတယ်လို့ သိရပါတယ်။

ရဲနောင်ပါဝင်ထားတဲ့ “လောကကြိုးဝိုင်း”ဇာတ်ကားထဲမှာတော့ သရုပ်ဆောင် ဇင်ဝိုင်း၊ နေအောင်၊ ရဲနောင်၊ ခါရာ၊ မေမြတ်နိုးနှင့် သရုပ်ဆောင်များစွာပါဝင်ထားပြီး ဇာတ်ကားကိုတော့ ဧပြီ၂၈ရက်နေ့မှာ canal+ကထုတ်လွှင့်ပြသွားမှာ ဖြစ်ပါတယ်။

Your Thoughts …
Tags: ရဲနောင်လက်ဝှေ့လောကကြိုးဝိုင်း
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

သရုပ်ဆောင် ခါရာ   / ချစ်ပိုး / ဧရာဝတီ

“လောကကြိုးဝိုင်း” ဇာတ်လမ်းတွဲက ကော်ပီကား မဟုတ်ပါဘူးလို့ ပြောတဲ့ ခါရာ

by ချစ်ပိုး
2 May 2019
129.6k

“ကျနော်တို့တွေ ပရိသတ်ကို ငြီးငွေ့အောင် မလုပ်သင့်ဘူး။ ကျနော်က သရုပ်ဆောင်ကောင်းတယောက် ဖြစ်အောင် လုပ်ချင်တယ်။ မင်းသားပဲဖြစ်ဖြစ် ဗီလိန်ပဲဖြစ်ဖြစ် ကျနော်ပီပြင်အောင် လုပ်မယ်။

သရုပ်ဆောင် ခါရာ  / Khar Ra's Facebook

“Asian Academy Creative Awards” Grand Final ပွဲမှာ ထပ်မံ ယှဉ်ပြိုင်ရမယ့် ခါရာ

by ချစ်ပိုး
18 October 2020
6.5k

“ကျနော် အရမ်းတော့ မမျှော်လင့်ထားပါဘူး။ ကျနော်တို့နဲ့ ယှဉ်ပြိုင်မယ့် နိုင်ငံတွေမှာက အရမ်းကောင်းတဲ့ မင်းသားတွေလည်း ပါတော့ သူတို့နဲ့ ယှဉ်ပြိုင်ရတာကိုတင် ပီတီဖြစ်နေရပါပြီ”

ဖိုက်တင်မင်းသမီး ယဉ်လက်  / Yin Let's Facebook

လက်ဝှေ့ထိုးဖို့ စိတ်ဝင်စားနေတဲ့ ဖိုက်တင်မင်းသမီး ယဉ်လက်

by ချစ်ပိုး
29 April 2019
8.4k

ငယ်ငယ်ကတည်းက လက်ဝှေ့ပွဲကြည့်ပြီး ငိုတာ။ ရင်ထဲမှာ တမျိုးခံစားရတယ်။ သူတို့စိတ်ဓာတ်တွေက စင်ပေါ်ရောက်လို့သာ တမျိုးမြင်ရတာ သူတို့စိတ်ဓာတ်တွေက အရမ်းနူးညံ့တယ်။

အဆိုတော် ရဲနောင်  / ချစ်ပိုး / ဧရာဝတီ

တကိုယ်တော်တေးစီးရီးကို မအူပင်မြို့မှာ ပရိုမိုးရှင်းအရင်လုပ်ရောင်းချမယ့် ရဲနောင်

by ချစ်ပိုး
30 September 2018
4.2k

“သီချင်းခွေထဲမှာ သီချင်းပုဒ်ရေ ၁၀ပုဒ်ပါပါတယ်။ CD ပဲထွက်တာပါ။ ကျနော်က ၈ပုဒ်ရေးထားတယ်။ အပြင်က တေးရေးဆရာ နှစ်ယောက်ဆီက သီချင်း၂ပုဒ် ထည့်ထားတယ်။

Myanmar Idol Season 2 ရဲ့ ပြိုင်ပွဲဝင်တဦးဖြစ်ခဲ့တဲ့ အဆိုတော်ရဲနောင်  / ထက်ဝေ / ဧရာဝတီ

“ဇာတိမြေမှာ ဇာတ်ဝင်တေး အင်္ဂလိပ်သီချင်းဆိုရတာ လျှာခလုတ် တိုက်တယ်”

by ယုဖြူဟန်
2 August 2018
22.3k

ပြိုင်ပွဲပြိုင်စဉ် အချိန်ကလည်း အင်္ဂလိပ်သီချင်း တခါမှ မဆိုဖူးဘဲ အဆိုပါ ဇာတ်ဝင်တေးသီချင်း ဆိုတာက သူ့အတွက် ပထမဆုံးအကြိမ် အင်္ဂလိပ်လို သီဆိုခြင်းဖြစ်တယ်လို့ ပြောပါတယ်။

Next Post
ရာသီဥတုဆိုးဝါးလာတဲ့အတွက် ပင်ဂွင်းငှက်တို့ပေါက်ဖွားနှုန်းကျဆင်းလာတာလည်း ဖြစ်ပါတယ်

ရာသီဥတုဖောက်ပြန်မှုကြောင့် ပင်ဂွင်းငှက်တို့နယ်မြေ ပျောက်ကွယ်မယ့်အခြေအနေနဲ့ ရင်ဆိုင်နေရ

"Avengers: Endgame" ရုပ်ရှင်

အဖွင့် သီတင်းပတ်မှာတင် ဒေါ်လာ ၁ ဒဿမ ၂ ဘီလီယံ ရရှိခဲ့တဲ့ "Avengers: Endgame" ရုပ်ရှင်

No Result
View All Result

Recommended

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate