• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဟာသကားတွေ ရိုက်ရင် မရယ်မိအောင် ကြိုးစားနေရသေးတယ်လို့ ပြောတဲ့ ခြူးလေး

by ယုဖြူဟန်
29 April 2019
in Entertainment
A A
သရုပ်ဆောင် ခြူးလေး  / ဧရာဝတီ

သရုပ်ဆောင် ခြူးလေး / ဧရာဝတီ

13.9k
VIEWS
Share on FacebookShare on Twitter

ဇာတ်လမ်းတွဲများနဲ့ ပရိသတ်သိရှိခဲ့တဲ့ သရုပ်ဆောင် ခြူးလေးကတော့ တခြားသော ဇာတ်လမ်းများမှာ သရုပ်ဆောင်ရတာထက် ဟာသကားတွေကို သရုပ်ဆောင်ရတာ ခက်ခဲတာကြောင့် Tik Tok မှာ Training ဆင်းနေတယ်လို့ ပြောပါတယ်။

“ဟာသကား ရိုက်ဖို့အတွက် အစီအစဉ် ရှိပါတယ်။ နောက်ထပ် ဟာသကား ရုံကြီးကားတွေလည်း ရှိသေးတယ်။ ၂ကားလောက် ရှိသေးတယ်။ အဲဒီအချိန်မှာက မျက်နှာပိုး သေသွားပြီ။ ဒါပေမယ့် ရယ်ချင်နေတုန်းပဲ။ အခုအချိန်ထိ လည်း ရယ်ချင်နေတုန်းပဲ။ နောက်ထပ် ကမ်းလှမ်းလာရင်လည်း ကြိုးစားဦးမှာပါ။ အဲဒီအတွက်လည်း ခြူးလေးက Tik Tok မှာ Training တွေအများကြီး ဆင်းထားတယ်”လို့ ခြူးလေးက ပြောပါတယ်။

RelatedPosts

သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
7
စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

9 June 2025
5.4k
အီလွန်မတ်စ်ပိုင် တက်စ်လာက ယာဉ်တိုက်မှု အချက်အလက်တွေ လူသိရှင်ကြား မထုတ်ဖို့ တောင်းဆို

အီလွန်မတ်စ်ပိုင် တက်စ်လာက ယာဉ်တိုက်မှု အချက်အလက်တွေ လူသိရှင်ကြား မထုတ်ဖို့ တောင်းဆို

8 June 2025
1.8k

သူမ ပထမဆုံး ရိုက်ကူးခွင့်ရခဲ့ပြီး လွန်ခဲ့တဲ့နှစ်များက ရိုက်ကူးထားခဲ့တဲ့ “ဘာညာဘာညာ” ဆိုတဲ့ ဟာသရုပ်ရှင် ဇာတ်ကားကြီးမှာလည်း ပါဝင်ရတဲ့ အခန်းနည်းသော်လည်း သရုပ်ဆောင်ကြီးများနဲ့ ရိုက်ခွင့်ရတာကြောင့် လက်လွတ်မခံဘဲ ရိုက်ကူးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“အဲဒီအချိန်က အဲဒါတွေ မစဉ်းစားဖြစ်ဘူး။ ရုပ်ရှင်ကားကြီး ရိုက်ဖူးချင်တာဆိုတော့လေ။ ဗီဒီယိုတောင် ၂ကားပဲ ရိုက်ဖူးသေးတာ။ အဲဒီလောက်ပဲ ရိုက်ရသေးတဲ့အချိန်မှာ ရုံကြီးကားကမ်းလှမ်းတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် လက်လွတ်မခံဘဲ လက်ခံရမှာပဲ။ အဲဒီအချိန် ခြူးတို့လိုမျိုး တက်သစ်စတွေက ဒီတိုင်းတောင် ရိုက်ပေးနေရတဲ့အချိန်မှာ အနုပညာကြေးလေးနဲ့ တန်းလေးတခု ထားပြီးပေးတယ်ဆိုတော့ အတိုင်းမသိ အရမ်းပျော်တာပေါ့။ လိုအပ်ချက်တွေရှိပေမယ့် အရမ်းပျော်ပါတယ်” လို့ ခြူးလေးကပြောပါတယ်။

သရုပ်ဆောင်အသစ်တယောက်အနေနဲ့ ဟာသဇာတ်ရုပ်က အခက်အခဲရှိတဲ့အကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“ဟာသက အရမ်းခက်ခဲတာပေါ့နော်။ ကိုယ်က ပရိသတ်ကို ရယ်စရာအဖြစ် ရယ်ခိုင်းတဲ့အချိန်မှာ ကိုယ်ကရုပ်တည်ကြီးနဲ့ နေရတယ်။ တကယ်ရယ်စရာကောင်းနေတာကို ကိုယ်ကမရယ်ဘဲနဲ့ နေရတော့ စိတ်ထဲမှာ မျိုသိပ်ထားရတော့ ဗိုက်တွေတောင် အောင့်တယ်။ ကိုယ်ကလည်း အရယ်သန်တော့လေ။ ခြူးလေးက ဒရာမာတွေသာ လုပ်လို့ရတာ။ ဟာသက အခုချိန်ထိ ကြိုးစားနေရတုန်း” လို့ ခြူးလေးကပြောပါတယ်။

လတ်တလောမှာလည်း သရုပ်ဆောင်အတွက် ဖိလစ်ပိုင်ဆရာနဲ့ Training များပြုလုပ်နေပြီး အဆိုသင်တန်းလည်း တက်နေတယ်လို့သိရပါတယ်။

“အခုလောလောဆယ်ကတော့ ဓာတ်ပုံတွေ ရိုက်နေတယ်။ နောက်ပြီး သရုပ်ဆောင်အတွက် Training တွေ တက်နေတယ်။ ဖိလစ်ပိုင်ကဆရာနဲ့။ အဆိုသင်တန်းလည်း တက်နေတယ်။ ဒီလကတော့ သင်တန်းပဲတက်မယ်။ ၆ လပိုင်းကတော့ ရုံကြီးကားရိုက်ဖို့ ရှိပါတယ်။ ခေါင်းဆောင်အနေနဲ့ ပထမဆုံး သရုပ်ဆောင်ရမှာပါ” လို့ ခြူးလေးက ပြောပါတယ်။

ခြူးလေးကတော့ ယခုနှစ်မှာ ကျင်းပပြီးစီးသွားခဲ့တဲ့ အကယ်ဒမီထူးချွန်ဆုပေးပွဲရဲ့ နောက်ဆုံးဆန်ခါတင် အမျိုးသမီးဇာတ်ပို့ ၃ ဦးထဲမှာ “မိုးပန်းပွင့်ရဲ့သင်္ကေတ” ဇာတ်ကားနဲ့ ပါဝင်ခဲ့သူတယောက်ဖြစ်ပါတယ်။ မကြာခင် ဇွန်လအတွင်းမှာလည်း ခေါင်းဆောင်မင်းသမီးတယောက်အနေနဲ့ ရုပ်ရှင်ကားကြီးတကားရိုက်သွားဖို့ရှိတယ်လို့ သိရပါတယ်။

Your Thoughts …
Tags: ခြူးလေးဟာသကား
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

သရုပ်ဆောင် ခြူးလေး / ဧရာဝတီ

Beauty Blogger နေခြည်ဦးလို ယုံကြည်မှု ရှိချင်တဲ့ သရုပ်ဆောင် ခြူးလေး

by ယုဖြူဟန်
21 October 2019
12.8k

သူ့ရဲ့စကားလေးတခွန်းက အားတက်စေတယ်။ အဲဒါကဘာလဲဆိုရင် လူပြောများလေ လူပိုသိလေပဲ။ သူတို့ ပြောလေ အထက်ကို တက်လေပဲဆိုတော့ အေးဆေးပဲ”လို့ ပြောပါတယ်။

သရုပ်ဆောင် ခြူးလေး

“နွေလယ်ညရဲ့လမင်း” ဇာတ်လမ်းတွဲမှာ ဗီလိန်အနေနဲ့ သရုပ်ဆောင်ထားတဲ့ ခြူးလေး

by ယုဖြူဟန်
13 November 2019
9.4k

“ခြူးလေးကတော့ လောလောဆယ် ဒရာမာနဲ့ ပေါက်ကျော် ကာရိုက်တာတွေကတော့ ပရိသတ်ကြိုက်နေတာလေးတွေပေါ့” လို့ သရုပ်ဆောင် ခြူးလေးက ပြောပါတယ်။

သရုပ်ဆောင် အိချောပို  / ဝေဝေနှင်း / ဧရာဝတီ

ဟာသကားရိုက်ရရင် ပျော်တဲ့ သရုပ်ဆောင် အိချောပို

by ယုဖြူဟန်
9 January 2019
7.8k

“ ကိုယ်ရိုက်တဲ့ ဇာတ်အပေါ်မှာလည်း သစ္စာရှိရတယ်။ အိချောကတော့ ကိုယ်ရိုက်တဲ့ ဇာတ်ပေါ်မှာ ငါပိုလုပ်ရမယ်ဆိုတာ မျိုးမရှိဘူး”

၀၁၇ ခုနှစ် မြန်မာ့ ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ တွေ့ရတဲ့ ဖွေးဖွေး / ယုဖြူဟန် /  ဧရာဝတီ

“ဟာသကားတိုင်းကို ပေါကားလို့ မျက်စိမှိတ်၊ နားပိတ် အော်နေရင် မှားသွားလိမ့်မယ်”လို့ ဆိုတဲ့ ဖွေးဖွေး

by ယုဖြူဟန်
20 February 2018
6k

“ဟာသကားတိုင်း ကို ပေါကား လို့ မျက်စိမှိတ် နားပိတ် အော်နေရင်တော့ မောင်မင်းမှားလိမ့်မယ် ကွယ်...Very Good Real Comedy တွေ ဆို အိုင်လဲ သိပ်ကြိုက်တာပဲလေ”

သရုပ်ဆောင် ထွန်းထွန်း  / ဧရာဝတီ

ဟာသကား၊ အက်ရှင်ကားတွေ မျှမျှတတ ရိုက်ကူးထားတဲ့ သရုပ်ဆောင် ထွန်းထွန်း

by ချစ်ပိုး
5 April 2019
5.9k

အဓိကကတော့ ကျနော်ပေါ်မှာ ယုံကြည်ပြီးတော့ ကမ်းလှမ်းလာတဲ့ ဇာတ်ကားတွေထဲမှာ ကျနော်နဲ့ လိုက်ဖက်တဲ့ ဇာတ်ကားတွေကို အဓိကရွေးချယ်တယ်”

ဒါရိုက်တာ ပြည်ဟိန်းသီဟ  / ဧရာဝတီ

“ပရိသတ်ကို ရယ်စေ၊ ပျော်စေချင်လို့ ဟာသကားတွေ အရိုက်များတာ”လို့ ပြည်ဟိန်းသီဟ ပြော

by ချစ်ပိုး
10 January 2020
6.2k

Update နဲ့တော့ သိပ်တော့ မဆိုင်ဘူး။ ဟာသကားဆိုတာ ရယ်စေချင်တာ ပျော်စေချင်တာ။ ရယ်စရာကားကတော့ ဘယ်ချိန်ကြည့်ကြည့် ရယ်ရမယ်၊ ပျော်ရမှာပေါ့”

Next Post
ဗုံးခွဲမှုတွင် သေဆုံးသူများအတွက် ဆုတောင်းနေသည့် သီရိလင်္ကာ ကက်သလစ် ခရစ်ယာန်ဘာသာဝင်များ  / AP

လူမြင်ကွင်း၌ မျက်နှာဖုံးတပ် သွားလာမှုများ သီရိလင်္ကာ အစိုးရ တားမြစ်

၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲ မဲစာရင်း ကြည့်နေသူ တဦး  /  ဧရာဝတီ

မဲစာရင်း မှန်ကန်မှု ရှိရန် UEC အတွက် စိန်ခေါ်မှု တရပ်ဟု ဆို

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.7k
အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

23 hours ago
4k

Most Read

  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate