Entertainment

“ဟစ်တိုင်” ဇာတ်ကားထဲမှာ အိန္ဒြာကျော်ဇင်ရဲ့ သူငယ်ချင်းနေရာက သရုပ်ဆောင်ထားတဲ့ မုဏ်း

Want create site? Find Free WordPress Themes and plugins.

MRTV-4 ဇာတ်လမ်းတွဲများမှတဆင့် ပရိသတ်အားပေးမှုရရှိခဲ့တဲ့ သရုပ်ဆောင် မုဏ်းကတော့ မကြာခင်မှာ ရုံတင်ပြသတော့မယ့် “ဟစ်တိုင်” ရုပ်ရှင်ဇာတ်ကားကြီးမှာ အိန္ဒြာကျော်ဇင်ရဲ့သူငယ်ချင်းနေရာကနေ သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

“အမှတ်တရကတော့ မအူဝဲနဲ့ အဓိက သရုပ်ဆောင်ရတာပေါ့။ မအူဝဲနဲ့က “လေဒီဒိန်းဂျား”မှာ သရုပ်ဆောင်ခဲ့ဖူးတယ်။ အခု ဟစ်တိုင်မှာလည်း သရုပ်ဆောင်ထားတော့ ၂ ကားတူတူ သရုပ်ဆောင်ဖူးတယ်” လို့ မုဏ်းကပြောပါတယ်။ ဟစ်တိုင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ရတာနဲ့ ပတ်သက်ပြီးတော့လည်း မုဏ်းက အခုလိုပြောပြခဲ့ပါတယ်။

“ဟစ်တိုင်ကားကြီး ရိုက်တုန်းကဆိုရင် “အလင်းထဲကလူ” ဆိုတဲ့ ဇာတ်လမ်းတွဲ ရိုက်နေတာ။ ဟစ်တိုင်ကို မကွေးမှာ ရိုက်ဖို့အတွက် ရိုက်ကူးရေးရက်က တော်တော်ကြပ်နေလို့ ဘယ်လိုပေးလို့ မရဘူး။ အဲဒါကို ဒါရိုက်တာဦးဟိန်းစိုးက နင့်ကိုဒီကားမှာ ရိုက်ချင်တာ ထုတ်လုပ်သူကိုလည်းပြောပြီးပြီ”

“ရိုက်ဖို့အတွက် အားတဲ့ရက်ကိုညှိပြီး ရိုက်ကြမယ်ဆိုပြီး ကမ်းလှမ်းပြီး စက်ရုံကကောင်မလေး တယောက်နေရာက သရုပ်ဆောင်ခဲ့ပါတယ်။ ကိုယ်ရိုက်ထားတဲ့ကားကလည်း အနုပညာကျန်ဖို့ ကြိုးစားအားထုတ်ခဲ့ရတဲ့ကားဖြစ်နေတော့ ပျော်ပါတယ်”လို့ မုဏ်းက ပြောပါတယ်။

သရုပ်ဆောင် အိန္ဒြာကျော်ဇင်ကတော့ သူမရဲ့ကြိုက်နှစ်သက်ရတဲ့ မင်းသမီးတဦးဖြစ်ပြီး အတူတွဲဖက်သရုပ်ဆောင် ရတဲ့အတွက် ပညာတွေလည်း အများကြီးရရှိခဲ့တယ်လို့ ဆိုပါတယ်။

“မုဏ်းက မအူဝဲကိုအရမ်းလည်းကြိုက်တယ်။ အရမ်းလည်း ချစ်တယ်။ သူက တအားချစ်ဖို့ကောင်းတယ်။ ရိုက်ကွင်းမှာ ဆိုရင်လည်း မာန မရှိဘူး။ သူသရုပ်ဆောင်တာတွေကို အနီးကပ်မြင်ရတော့ ပိုပြီးတော့သဘောကျတယ်။ ပညာတွေကတော့ အများကြီးပဲ။ သရုပ်ဆောင်တဲ့နေရာမှာလည်း ပညာရတယ်။ နေမှုထိုင်မှုမှာလည်း ပညာတွေရခဲ့တယ်။ စကားပြောဆိုပုံတွေ ရှုတင်မှာဆို ဘယ်လိုလေးနေတာမျိုး လေ့လာခဲ့တယ်” လို့ မုဏ်းကပြောပါတယ်။

အဆိုပါ “ဟစ်တိုင်” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မေလထဲမှာ ရုံတင်ပြသတော့မှာဖြစ်ပြီး မေလ ၂၀ ရက်နေ့မှာတော့ မုဏ်း ပါဝင်သရုပ်ဆောင်ထားတဲ့ “အလင်းထဲကလူ” ဇာတ်လမ်းတွဲ ထုတ်လွှင့်ပြသသွားတော့မှာဖြစ်ပါတယ်။

“ဟစ်တိုင်ကိုကြည့်မယ့် ပရိသတ်တွေကိုတော့ မုဏ်းက ဒီထဲမှာ စက်ရုံမှာအလုပ်လုပ်တဲ့ ကောင်မလေး ဒေါင်းနီရဲ့သူငယ်ချင်းနေရာက သရုပ်ဆောင်ထားပါတယ်။ သေချာကြည့်ပြီးအားပေးပါလို့။ နောက်ပြီး မေလ ၂၀ရက်နေ့ကျရင်လည်း MRTV 4ကနေ မုဏ်းရဲ့အလင်းထဲကလူ ဇာတ်လမ်းတွဲလွှင့်ပါမယ်” လို့ မုဏ်းကပြောပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading