Entertainment

ဂျပန်အပြာမင်းသမီးဟောင်းရဲ့ ကလေးမီးဖွားမှု Live ထုတ်လွှင့်ချက်ကို ကြည့်ရှုသူ သိန်းချီရှိ

Want create site? Find Free WordPress Themes and plugins.

ယခင်က နာမည်ကျော် ဂျပန် အပြာမင်းသမီးဟောင်း ဖြစ်ခဲ့ပြီး ယခုအခါ ပူပူနွေးနွေး မိခင်ဖြစ်လာတဲ့ Sola Aoi ကတော့ သူ့ရဲ့ အမြွှာကလေးနှစ်ဦး မွေးဖွားချိန်မှာ တခြား မိဘ အများစုနဲ့ မတူတဲ့ လုပ်ရပ်တခုကို လုပ်ဆောင်ခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ် အပြာမင်းသမီးဟောင်းဟာ သူ့ရဲ့ ကလေးမီးဖွားပုံ ဗီဒီယိုကို သူ့ခင်ပွန်းကိုတင် ပြသခဲ့တာ မဟုတ်ဘဲ တချိန်တည်းမှာ လူပေါင်း ၂ သိန်းကျော်ကိုပါ တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့ပါတယ်။ အဲ့ဒီ အပြာမင်းသမီးဟာ ဂျပန်အွန်လိုင်းချန်နယ် တခုဖြစ်တဲ့ Abema TV အစီအစဉ်မှာ “Welcome to the World, Sola’s Baby” ဆိုတဲ့ နာမည်နဲ့ မေလ ၁ ရက်နေ့က သူ့ရဲ့ အမြွှာကလေးနှစ်ဦး မွေးဖွားပုံကို မှတ်တမ်းတင် Live လွှင့် ပြသခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ရိုက် Live ထုတ်လွှင့်ချက်ဟာ ဧပြီလ ၃၀ ရက် ည ၉ နာရီကနေ နောက်တနေ့ နံနက် ၁၁ နာရီအထိ ကြာမြင့်ခဲ့ပါတယ်။ Sola ရဲ့ ခင်ပွန်း DJ Non ဟာ Weibo မှ ဇနီးအစား မေလ ၁ ရက်နေ့ နံနက် ၁၁ နာရီ ၁၁ မိနစ်မှာ ပို့စ်တင်ခဲ့ပါတယ်။

အဲဒီ ပို့စ်မှာတော့ အမြွှာသားလေးနှစ်ဦးကို အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့တဲ့ အကြောင်း၊ ၂ ဒဿမ ၂ ကီလိုဂရမ်နဲ့ ၂ ဒဿမ ၅ ကီလိုဂရမ်စီ ရှိတဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ သူ့ဇနီးကိုလည်း ကျေးဇူးတင်ကြောင်း၊ ဒုက္ခများခဲ့ရကြောင်း၊ သူတို့တမိသားစုလုံး ပျော်ရွှင်စွာနေထိုင်နိုင်ဖို့ ဆုတောင်းပါကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အဲဒီ တိုက်ရိုက်ထုတ်လွှင့်ချက်ကို ကြည့်ရှုသူတွေဟာ အမြွှာကလေးနှစ်ဦးရဲ့ မျက်နှာတွေကိုသာမက ကလေးတွေရဲ့ ငိုသံကိုလည်း ထုတ်လွှင့်ချိန်အတွင်းမှာ ကြားခဲ့ရပါတယ်။ မင်းသမီးဟောင်း Sola ကလည်း မီးဖွားပြီးတဲ့နောက် ကျန်းကျန်းမာမာ ရှိတဲ့အကြောင်း အဲဒီထုတ်လွှင့်နေချိန်မှာ စခရင်မှာပေါ်လာပြီး ပြောဆိုခဲ့ပါတယ်။

ဖျော့တော့နေတဲ့ မျက်နှာရှိပေမယ့် စိတ်အနေအထား ကောင်းမွန်နေပုံ ရပါတယ်။ အဲဒီ တိုက်ရိုက် ထုတ်လွှင့်ချက်မှာ သူ့ရဲ့ ခင်ပွန်း က ဇနီးသည် Sola ဟာ အစာအာသီသ ပြင်းပြနေပြီးတော့ ဆေးရုံကနေ ပြင်ဆင်ပေးတဲ့ အစားအစားတွေနဲ့ ဘယ်တော့မှ ဗိုက်မဝတဲ့အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

Sola ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းတွေဖြစ်တဲ့ အပြာမင်းသမီး Yuma Asami နဲ့ Mihiro တို့လည်း တိုက်ရိုက်ထုတ်လွှင့်နေစဉ်အတွင်းမှာ ပါဝင်လာခဲ့တာ တွေ့ရပါတယ်။ Sola ဟာ တရုတ်နိုင်ငံမှာ နာမည်ကျော်ကြားတာကြောင့် အခြား တိုက်ရိုက်ထုတ်လွှင့်တဲ့ ချန်နယ်တခုကလည်း တရုတ်ဘာသာပြန်နဲ့တကွ ပြန်တင်ပေးခဲ့ပါတယ်။

အဲဒီထုတ်လွှင့်မှု အချိန် ၃၀ မိနစ်အတွင်းမှာ တရုတ်နဲ့ ဂျပန်ချန်နယ် နှစ်ခုလုံးမှာ ကြည့်ရှုမှု အကြိမ်အရေအတွက် ၁ သိန်းကျော်စီရှိခဲ့တာ တွေ့ရပါတယ်။ ယခုအချိန်အထိ Sola ရဲ့ ကလေးမီးဖွားမှု ဗီဒီယိုကို ကြည့်ရှုသူ ၂ သန်း ကျော် ရှိသွားပြီဖြစ်ပါတယ်။ သူဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ ဂီတပညာရှင် DJ Non နဲ့လက်ထပ်ခဲ့ပြီး အဲဒီနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ကိုယ်ဝန်လွယ်ထားရပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Ref:asiaone

Did you find apk for android? You can find new Free Android Games and apps.
Loading