Entertainment

ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် "Baeksang Arts Awards 2019" ဆုပေးပွဲ

Want create site? Find Free WordPress Themes and plugins.

ကိုရီးယားနိုင်ငံရဲ့ အနုပညာသည်တွေအတွက် အထင်ရှားဆုံး ဆုပေးပွဲတခုဖြစ်တဲ့ “Baeksang Arts Awards” ဆုပေးပွဲကို မေလ ၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ၁၉၆၅ ခုနှစ်တည်းက ချီးမြင့်ခဲ့တဲ့ ဆုပေးပွဲအခမ်းအနားဟာ ဒီနှစ်မှာတော့ ၅၅ ကြိမ် မြောက်တိုင်ခဲ့ပြီဖြစ်ပါတယ်။

တနှစ်တာအတွင်း ရုပ်ရှင်၊ ရုပ်သံဇာတ်လမ်းတွေထဲက ထူးချွန်ပြောင်မြောက်သူတွေကို ချီးမြင့်ပေးအပ်တဲ့ Baeksang Arts Awards မှာ နယ်ပယ်ပေါင်းစုံက ထိတ်ထိတ်ကြဲ အနုပညာရှင်တွေ တက်ရောက်လေ့ ရှိတာမို့ ပရိသတ်တွေရဲ့ အထူးစိတ်ဝင်စားခြင်းကို ခံရပါတယ်။

၂၀၁၉ ခုနှစ်ရဲ့ Baeksang Arts Awards ဆုပေးပွဲမှာ ရှင်ဒုံယော့၊ ဆူဇီနဲ့ မင်းသား ပတ်ဘိုဂမ်တို့က အစီအစဉ် တင်ဆက်သူတွေအဖြစ် ဆောင်ရွက်ပေးခဲ့ကြပြီး စုစုပေါင်း ဆု ၃၀ ကျော် ချီးမြင့်ပေးခဲ့ကြပါတယ်။

ဆုပေးပွဲရဲ့ အမြင့်ဆုံးဆုလို့သတ်မှတ်ထားတဲ့ Grand Prize ဆုနှစ်ဆုကိုတော့ ရုပ်ရှင်နယ်ပယ်မှာ “Innocent Witness” ဇာတ်ကားနဲ့ မင်းသား ဂျွန်ဝူဆောင်းက ရရှိခဲ့ပြီး၊ ဇာတ်လမ်းတွဲဘက်မှာတော့ အမြင့်ဆုံး Grand Prize ဆုကို ဝါရင့်မင်းသမီးကြီး ကင်ဟေးဂျာက JTBC ရုပ်သံကထုတ်လွှင့်ခဲ့တဲ့ “Radiant” ဇာတ်လမ်းတွဲနဲ့ ဆု ရရှိခဲ့ပါတယ်။

တနှစ်တာအတွင်း ရုပ်သံဇာတ်လမ်းတွဲနယ်ပယ်မှာ “အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု”ကို “Mr.Sunshine” ဇာတ်လမ်းတွဲနဲ့ မင်းသား လီဗြောင်ဟွန်းက ရရှိခဲ့သလို “အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု”ကိုတော့ မင်းသမီး ယူဂျွန်အာက “Sky Castel” ဇာတ်လမ်းတွဲနဲ့ ဆုရရှိခဲ့ပါတယ်။

ရုပ်ရှင်နယ်ပယ်မှာတော့ မင်းသား လီဆောင်မင်က “The Spy Gone North” ဇာတ်ကားနဲ့ “အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆု”ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ “အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု”ကိုတော့ “Miss Baek” ဇာတ်ကားနဲ့ မင်းသမီး ဟန်ဂျီမင်က ရရှိခဲ့ပါတယ်။

ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေအပြင် ထပ်ဆောင်းပေးလေ့ရှိတဲ့ ပရိသတ်အကြိုက်ဆုံး V Live popularity ဆုတွေကိုတော့ အဆိုတော် IU နဲ့ အဆိုတော် သရုပ်ဆောင် EXO အဖွဲ့မှ DO က ရရှိခဲ့ပါတယ်။ ဒီဆုဟာ DO အတွက် တတိယအကြိမ်မြောက်ဖြစ်ပြီး ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာလည်း ရရှိခဲ့ဖူးပါတယ်။

ကော်ဇော်နီလျှောက်လမ်းပေါ်မှာ လင်းလက်တောက်ပခဲ့တဲ့ အနုပညာရှင်တွေထဲက စတိုင်အကျဆုံး “Style Icon Award” ကိုတော့ ကင်ဟဲဆူက ရရှိခဲ့ပါတယ်။

Ref: Soompi

Did you find apk for android? You can find new Free Android Games and apps.
Loading