• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ပြန်ဆိုတေးတွေ ပါဝင်တဲ့ ဘီလီလမင်းအေးရဲ့ “Special One” ဒုတိယ တေးစီးရီး ထွက်ရှိ

by မန်းသူ
13 May 2019
in Entertainment
A A
အဆိုတော် ဘီလီလမင်းအေး / မန်းသူ

အဆိုတော် ဘီလီလမင်းအေး / မန်းသူ

5.7k
VIEWS
Share on FacebookShare on Twitter

အဆိုတော် ဘီလီလမင်းအေးက ဒုတိယ တကိုယ်တော် တေးစီးရီးကို မေလ ၁၉ ရက်နေ့မှာ စတင်ဖြန့်ချိတော့မှာပါ။ “Special One” လို့နာမည်ပေးထားတဲ့ ဘီလီလမင်းအေးရဲ့ ဒုတိယ တေးစီးရီးအခွေမှာ ပြန်ဆိုတေး ၉ ပုဒ် ၊အသစ် ၃ ပုဒ်တို့ ပါဝင်ပါတယ်။

“ဒီထဲမှာတော့ သီချင်းအမြူးတွေရော၊ အအေးတွေရော၊ ပုံစံကွဲတွေရော။ တချို့သီချင်းတွေဆိုရင် ဖူးနဲ့ နည်းနည်းစိမ်းတဲ့ သီချင်းတွေ ပြန်ဆိုထားတာပါတယ်”လို့ ဘီလီလမင်းအေးက ဧရာဝတီကို ပြောပါတယ်။ ဒုတိယတေးစီးရီး ထုတ်ဖြစ်တဲ့အကြောင်းကို ဘီလီလမင်းအေးက အခုလို ဆိုပါတယ်။

RelatedPosts

မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
706
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.3k
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
503

“ဖူးကို လှိုင်းတေးသံသွင်းကနေပြီးတော့ Produce လုပ်ပေးတဲ့ သီချင်းခွေလေးပါ။ ဖူးအတွက် Second Album ဆိုတော့ ဒီ Special One သီချင်းခွေလေးကို ၊သီချင်းတွေအားလုံးကို Producer ကိုဉာဏ်လင်းကိုယ်တိုင် စိတ်ကြိုက်ရွေးတဲ့ သီချင်းတွေ ဖြစ်တယ်။ ဖူးကိုယ်တိုင်လည်း ဆရာတို့၊ ဆရာမတို့နဲ တိုင်ပင်ပြီးရွေးထားတဲ့ သီချင်းလေးတွေပေါ့နော်။ သီချင်းပုံစံကတော့ အစုံပဲ။ မျှပါတယ်”လို့ အဆိုတော် ဘီလီလမင်းအေးက ပြောပါတယ်။

ဒီအခွေမှာ သီချင်းဟောင်းတွေ ပါတာနဲ့ ပတ်သက်ပြီးလည်း အခုလိုပြောပါတယ်။ “ဒီသီချင်း ၁၂ ပုဒ် စလုံးက အားလုံးက တိုင်ပင်ပြီးလုပ်ကြတာ။ ပရိုဂျူဆာ ကိုဉာဏ်လင်းကိုယ်တိုင်က ရွေးချယ်ထားပေးတယ်။ ပြီးတော့ ဖူးကိုယ်တိုင်ကလည်း ဒီသီချင်းတွေကို နှစ်သက်လို့ ဆိုဖြစ်တာပါ။ အခွေထဲမှာ ၃ ပုဒ်ပဲ အသစ်ပါတယ်။ ကျန်တဲ့ ၉ ပုဒ်က သီချင်းဟောင်းတွေပါ။ ပြန်ဆိုတေးပုံစံ ဖြစ်နေတာတော့ ထူးခြားချက်လို့ ပြောရမှာပါ” လို့ ဘီလီလမင်းအေးက ဆိုပါတယ်။

ပြန်ဆိုတေး ပြန်ဆိုတဲ့အခါ အမှားအယွင်း မခံတာမျိုး ရှိတာကြောင့် အရင်က နာမည်ကြီး သီချင်းတွေကိုပဲ ဆိုရတဲ့အပေါ် ဖိစီးမှုရှိလားဆိုတဲ့ အမေးကို ဘီလီလမင်းအေးက အခုလို ဆိုပါတယ်။

“ပြိုင်ပွဲတုန်းကဆိုရင်လည်း ဖူးတို့ တခြားအနုပညာရှင်တွေရဲ့ သီချင်းတွေ အများကြီး ဆိုခဲ့ရတယ်။ အားလုံးကလည်း လွယ်ကူတဲ့ သီချင်းတွေ မဟုတ်ခဲ့ဘူး။ ပြိုင်ပွဲတုန်းက အတွေ့အကြုံတွေကလည်း ဖူးတို့မှာ အများကြီး ရှိတာဆိုတော့လေ။ ဘုရားစူး ဆိုရင်လည်း အမှတ်တရအနေနဲ့ ပြန်ထည့်ထားတယ်။ ပြိုင်ပွဲမှာ ဒီသီချင်းလေးနဲ့ ကိုယ့်ကို တွဲပြီး မှတ်မိထားတာဆိုတော့လေ”

“ပရိုဂျူဆာကိုယ်တိုင်က ပြန်ရွေးတော့ ပြန်ထည့်ဖြစ်တယ်။ အရှေ့က စီနီယာအဆိုတော်တွေက အရမ်းကောင်းခဲ့တာဆိုတော့လေ အရမ်းတာဝန်ကြီးတယ်။ အရမ်း Sensitive ဖြစ်တဲ့သီချင်းတွေလည်းပါတယ်။ ဒီသီချင်းတွေဆိုတဲ့အခါ ဆရာကိုယ်တိုင်က Music Arrangement လုပ်ပေးတယ် ဆိုပေမယ့် အရမ်း Music Arrange လုပ်ထားတာ မရှိဘူး။ အန်တီ ထရေစီကလည်း မူရင်းအရသာ မပျောက်သွားအောင်လို့ သီချင်းတွေကို အရင်ကျောရိုးထဲကနေပဲ အကောင်းဆုံးဆိုထားတယ်”

“အရင်တုန်းက အနုပညာရှင်တွေ အရင် Generation မှာ အောင်မြင်ခဲ့သလို အခု Generation မှာလည်းအသစ်ဖြစ်အောင် ကြိုးစားပြီး ဆိုထားပါတယ်”လို့ ဘီလီလမင်းအေးက ဆိုပါတယ်။ အဆိုပြိုင်ပွဲဝင်တွေ ပြိုင်ပွဲမှာ သူများသီချင်းဆိုတာကို ပရိသတ်က လက်ခံနိုင်ပေမယ့် အဆိုတော် ဖြစ်သွားရင်တော့ ဝေဖန်မှုတွေမြင့်လာတာနဲ့ ပတ်သက်ပြီးလည်း အခုလို ဆိုပါတယ်။

“ဒါကအခုမှ မဟုတ်ဘူး။ ဟိုးအရင်ကတည်းကလည်း ပြန်ဆိုတေးတွေ ဆိုကြတာပဲလေ။ အသစ်လုပ်လိုက်မှ အောင်မြင်သွားတာရှိသလို ပျက်သွားတာလည်း ရှိတာပဲ။ ဖူးအနေနဲ့တော့ မူရင်းလည်း မပျက်အောင် အကောင်းဆုံး သီဆိုတယ်။ ကြိုးစား အားထုတ်မှုအပေါ် ဝေဖန်အကြံပေးပါလို့ ပြောချင်ပါတယ်။ ဖူးက ကြိုးစားထားပေမယ့် တချို့ပရိသတ်နဲ့ ထပ်တူမကျမှာလည်း စိုးရိမ်နေပါတယ်”လို့ ဘီလီလမင်းအေးက ဆိုပါတယ်။

“အခုနောက်ပိုင်း မူပိုင်ခွင့်နဲ့ ပတ်သက်လို့ ဥပဒေတွေ ရှိလာတော့ ပြန်ဆိုတေးတွေအတွက် ဘယ်လိုပြင်ဆင်မှုတွေလုပ်ထားလဲ ဆိုတာနဲ့ ပတ်သက်လို့လည်း အခုလိုပြောပါတယ်။

“ဒါတွေနဲ့ ပတ်သက်လို့ ဖူးတို့စကားတွေ ပြောနေတယ်။ စီနီယာတွေ ဆွေးနွေးကြတယ်လို့တော့ ပြောတယ်ပေါ့နော်။ ဖူးက Detail မသိသေးတဲ့အတွက် ပြောစရာ မရှိပါဘူး။ တေးရေးတွေကိုယ်တိုင်က သူတိုဆန္ဒသဘောအတိုင်း ရောင်းထားပြီးသားပေါ့နော်။ ဖူးတို့ပြန်ဆိုတယ်ဆိုတာကလည်း ပရိုဂျူဆာတို့၊ ဆရာတို့၊ ဆရာမတို့ဘက်ကနေ အပြည့်အဝ ကာကွယ်ပေးမယ်လို့ ထင်တယ်။ အားလုံးက တိုင်ပင်ပြီးလုပ်ထားတာပဲလေနော်။အားလုံးနားလည်မယ် ထင်ပါတယ်”လို့ ဘီလီလမင်းအေးက ဆိုပါတယ်။

“ဒီအခွေလေးနဲ့ ပတ်သက်ပြီး အားပေးမှု လိုချင်တယ်။ တီချယ် ထရေစီဆိုရင်လည်း တခွေလုံးကို Guide လုပ်ပေးထားပြီး သေချာပြင်ဆင်ထားတဲ့ အခွေမလို့ အားပေးစေချင်တယ်။ ဖူးကိုတော့ ပရိသတ်တွေက အဆင်ပြေသွားမှာပါလို့ အားပေးကြပေမယ့် ဒီအခွေက အတိုက်အခိုက်တွေ ရှိလာနိုင်တယ်လို့ ဖူးထင်တယ်ပေါ့နော်။ ဒါကြောင့်ဖူးကို ပိုချစ်ပြီးအားပေးကြပါလို့ ပြောချင်ပါတယ်”လို့ ဘီလီလမင်းအေးက ပြောပါတယ်။

အဆိုတော် ဘီလီလမင်းအေးရဲ့ ဒုတိယတေးစီးရီး “Special One”ကို မေလ ၁၉ ရက်နေ့ ဖြန့်ချိမှာဖြစ်ပြီး ၊ ဖြန့်ချိမယ့်နေ့ ညနေ ၃ နာရီ၊ Junction City မှာ ဖျော်ဖြေတင်ဆက်မှုတွေ၊ ပျော်ရွှင်ဖွယ် အစီအစဉ်တွေနဲ့ ပရိသတ်နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

Your Thoughts …
Tags: ဘီလီလမင်းအေး
မန်းသူ

မန်းသူ

Similar Picks:

အဆိုတော် ဘီလီလမင်းအေး  / Billy La Min Aye's Facebook

အဆိုပြိုင်ပွဲဝင်တွေကို ကြံ့ခိုင်အောင် နေကြဖို့ ဘီလီလမင်းအေး အကြံပြု

by ချစ်ပိုး
13 September 2020
24k

“စိတ်ပိုင်းဆိုင်ရာ ကျန်းမာဖို့လည်း လိုတယ်။ ဆိုရှယ်မီဒီယာမှာ တိုက်ခိုက်မှုတွေ အများကြီး ကြုံတွေ့လာနိုင်တယ်။ စိတ်ပိုင်းဆိုင်ရာလည်း အများကြီး ပြင်ဆင်ထားပါ။ ကြံ့ခိုင်ဖို့ လိုပါတယ်”

အဆိုတော် ဘီလီလမင်းအေး / ယုဖြူဟန် / ဧရာဝတီ

“ပြန်ဆိုတေး အခွေထွက်ပြီး ဝေဖန်မှုဒဏ် ခံနိုင်ပါ့မလား”ဆိုတဲ့ စိတ်ဖြစ်မိတဲ့ ဘီလီလမင်းအေး

by ယုဖြူဟန်
12 July 2019
6.8k

“ပြန်ဆိုတေး ဖြစ်တဲ့အတွက် ဝေဖန်မှုကတော့ ရှိပေမယ့် ကျေနပ်ပါတယ်။ ဒီအခွေလေးက ဖူးရဲ့ ဒုတိယမှတ်တိုင် ဖြစ်တဲ့အတွက် ကျေနပ်ပါတယ်။

အဆိုတော် ဘီလီလမင်းအေး  / ချစ်ပိုး / ဧရာဝတီ

“အတွဲသီချင်းတွေ ဆိုရတာ၊ ဖက်ရတာ မိဘတွေရှေ့မှာ မျက်နှာပူတယ်”လို့ ပြောတဲ့ ဘီလီလမင်းအေး

by Chit Su
7 March 2019
9.2k

“ဖူးကို အများစုအား ပေးတာလည်း Tom Boyလေးတွေ။ ပြီးတော့ မိတ်ကပ်လိမ်းတဲ့ မေမေတို့ဆိုလည်း ဖူးကို အရမ်းချစ်တယ်။ ဖူးလည်း အရမ်းချစ်တယ်။

တောင်ကြီးသူဖြစ်လို့ ဘီလီကို မင်းသမီးအဖြစ်ရွေးချယ်ခဲ့တာလို့ ဒါရိုက်တာစတီးလ်ပြော

တောင်ကြီးသူဖြစ်လို့ ဘီလီကို မင်းသမီးအဖြစ်ရွေးချယ်ခဲ့တာလို့ ဒါရိုက်တာစတီးလ်ပြော

by ယုဖြူဟန်
30 March 2017
43.4k

နောက်ထပ် ဇာတ်ကားများကိုတော့ ပရိုဂျူဆာက သဘောကျပါက ဘီလီလမင်းအေးနဲ့ ဆက်လက်ရိုက်သွားဖို့ အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။

အဆိုတော် ဘီလီလမင်းအေး  /  ချစ်ပိုး / ဧရာဝတီ

နားလည်ပေးနိုင်ပြီး ချစ်ခြင်းမေတ္တာ ပေးနိုင်တဲ့သူကို ရွေးချယ်မယ့် ဘီလီလမင်းအေး

by ချစ်ပိုး
30 November 2018
15.8k

ချစ်သူ မရှိသေးတဲ့ ဘီလီလမင်းအေးက အနုပညာရှင်ဖြစ်တာကြောင့် နားလည်ပေးနိုင်ပြီး ချစ်ခြင်းပေးနိုင်သူကို ချစ်သူဖြစ်ရွေးချယ်မယ်လို့ ဆိုပါတယ်။

ဘီလီလမင်းအေး  /  Billy Lamin Aye's Facebook

ဧရာဝတီသတင်းဌာန ၂၅နှစ်ပြည့်အတွက် ဘီလီလမင်းအေးရဲ့ဆုတောင်းစကား

by ယုဖြူဟန်
18 October 2018
4k

“ဧရာဝတီသတင်းဌာနက အခုဆိုရင် ၂၅နှစ်တိုင်ရှိခဲ့ပြီ။ ဆက်လက်ပြီးတော့ အောင်မြင်မှုတွေ အများကြီး ရရှိပါစေလို့ ဖူးအနေနဲ့ ဆုတောင်းပေးပါတယ်” ဘီလီလမင်းအေးက ပြောပါတယ်။

Next Post
ဆေးခြောက်ကို စိုက်ပျိုးခြင်း၊ ဆေးခြောက်ပါဝင်တဲ့ ဆေးဝါးတွေကို ပြုလုပ်ခြင်းနဲ့ လေ့လာခြင်းတွေ ပြုလုပ်မယ်လို့ ဆိုပါတယ်

ဆေးခြောက်နဲ့ သက်ဆိုင်တဲ့ သုသေသနတွေကို ပြုလုပ်တော့မယ့် ထိုင်းတက္ကသိုလ်

ရာသီဥတု ပူပြင်းလွန်းတာကြောင့် ချွေးထွက်များပြီး လက်နဲ့ ခြေမှာ အဆီတွေ ထွက်တတ်ပါတယ်

လက်ဆီ၊ ခြေဆီတွေ ထွက်လွန်းတာကြောင့် စိတ်ညစ်နေသူတွေအတွက် နည်းလမ်းကောင်း ၅ ချက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate