Entertainment

မင်းသား Daniel Craig ခြေကျင်းဝတ်ဒဏ်ရာရလို့ "Bond 25" ရိုက်ကူးရေး ခေတ္တ ရပ်နားထားရ

Want create site? Find Free WordPress Themes and plugins.

ဂျိမ်းစ်ဘွန်း ဇာတ်ကားအသစ်အတွက် ထုတ်လုပ်ရေး လုပ်ငန်းတွေဟာ အဓိကမင်းသား Daniel Craig ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့ပြီးတဲ့နောက် ခေတ္တရပ်ဆိုင်းထားရတယ်လို့ ဆိုပါတယ်။

အသက် ၅၁ နှစ်အရွယ် ဗြိတိသျှမင်းသား Daniel ဟာ ဂျမေကာနိုင်ငံမှာရှိတဲ့ “Bond 25” ရိုက်ကွင်းမှာ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ The Sun သတင်းစာရဲ့အဆိုအရ လန်ဒန်မြို့မှာရှိတဲ့ Pinewood စတူဒီယိုမှာ လာမယ့် သီတင်းပတ် ကုန်ပိုင်းမှာ ပြုလုပ်မယ့် ရိုက်ကူးရေးအစီအစဉ်ကို ဖျက်သိမ်းထားလိုက်တယ်လို့ သိရပါတယ်။

သတင်းရင်းမြစ်တခုက “မင်းသားဟာ ရိုက်ကူးနေစဉ်မှာ ပြေးလွှားရင်း ချော်ပြီး လက်လွတ်ခြေလွတ် လဲခဲ့ပါတယ်။ သူဟာတော်တော်လေးကို နာကျင်ခဲ့ရပြီး ခြေကျင်းဝတ်နဲ့ ပတ်သက်လို့ ညည်းတွားနေခဲ့ရပါတယ်။ သူဟာ ဖြစ်ခဲ့တာတွေအတွက် တော်တော်လေးကို ဒေါသထွက်ခဲ့ပါတယ်။ သူ့ရဲ့ ဂျာကင်ကိုတောင် မြေကြီးပေါ်ကို လွှတ်ပစ်လိုက်ပါတယ်” လို့ သတင်းစာကို ပြောခဲ့ပါတယ်။

“Bond 25” ရုပ်ရှင်ဟာ အစကလည်း ရိုက်ကူးရေးနဲ့ ပတ်သက်လို့ ကသောင်းကနင်းကိစ္စတွေ ဖြစ်ခဲ့တာပါ။ ဒီရုပ်ရှင်မှာ မင်းသား Daniel က ပါဝင်လာဖို့ ယတိပြတ်ပြောခဲ့တာမျိုး မရှိခဲ့လို့ သို့လော သို့လော ဖြစ်ခဲ့ရတဲ့ အပြင် ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်တာကနေ နုတ်ထွက်မယ်လို့တောင် ပြောဆိုထားတာပါ။ ရိုက်ကူးရေး ကိုတော့ ပြီးခဲ့တဲ့လမှာ စတင်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးထွက်ရှိထားတဲ့ “Spectre” ရုပ်ရှင်ကိုတော့ လွန်ခဲ့တဲ့ လေးနှစ်တုန်းက ဖြန့်ချိပြသခဲ့တာပါ။

ဒီရုပ်ရှင်မှာပါဝင်တဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသား Daniel, Naomie Harris, Lea Seydoux, Lashana Lynch နဲ့ Ana de Armas တို့ဟာ ဂျမေကာနိုင်ငံမှာ ရိုက်ကူးရေးမှာ ပါဝင်ခဲ့ကြပေမယ့် Rami Malek, Ralph Fiennes နဲ့ Ben Whishaw တို့ကတော့ ဥရောပဆီပြန်သွားကြပြီဖြစ်ပါတယ်။

အဲ့ဒီရုပ်ရှင်ဟာ ထုတ်လုပ်ရေးဆိုင်ရာ ပြဿနာတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ မူရင်းဒါရိုက်တာ Danny Boyle က ဂျိမ်းစ်ဘွန်း ဇာတ်ကောင်ကို သတ်ပစ်မှာဖြစ်တယ်လို့ ဇာတ်ညွှန်းထဲမှာ ထည့်ရေးထားလို့ ဖန်တီးမှုပိုင်းဆိုင်ရာ မတူကွဲပြားမှုတွေကြောင့် နုတ်ထွက်သွားခဲ့ပါတယ်။ သူ့နေရာမှာ ဒါရိုက်တာ Fukunaga ကို အစားထိုးခဲ့တာဖြစ်ပါတယ်။

Ref:DailyMail

You May Also Like These Stories :

ဂျိမ်းစ်ဘွန်း ရုပ်ရှင်သစ် “Bond 25” ကို ၂၀၁၉ ခုနှစ်မှာ ပြသမည် 

ရိုက်ကူးနေတဲ့ ဂျိမ်းစ်ဘွန်းရုပ်ရှင်ရဲ့ ဒါရိုက်တာနုတ်ထွက် 

ဂျိမ်းစ်ဘွန်းမင်းသားသစ်အဖြစ် Tom Hardy ကို သရုပ်ဆောင်စေချင်တဲ့ မင်းသား Pierce Brosnan 

ပျောက်ဆုံးသွားသော အလောင်း “The Body” ရုပ်ရှင် 

Did you find apk for android? You can find new Free Android Games and apps.
Loading