• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

သရဲကားနဲ့ Pikachu ဇာတ်ကား မှားပြမိခဲ့တဲ့ ကနေဒါနိုင်ငံက ရုပ်ရှင်ရုံ

by ဟယ်လ်သင်
20 May 2019
in Entertainment
A A
ရုပ်ရှင်ရုံမှာ Pikachu အစား "La Llorona" သရဲကား မှားပြခဲ့မိတာပဲ ဖြစ်ပါတယ်

ရုပ်ရှင်ရုံမှာ Pikachu အစား "La Llorona" သရဲကား မှားပြခဲ့မိတာပဲ ဖြစ်ပါတယ်

12.3k
VIEWS
Share on FacebookShare on Twitter

ကနေဒါနိုင်ငံ Montreal မြို့က ရုပ်ရှင်ရုံတခုမှာ သရဲကားနဲ့ Pikachu ဇာတ်ကား မှားပြမိခဲ့တာကြောင့် ရုပ်ရှင်ရုံထဲမှာ ကလေးငယ်တွေ အထိတ်တလန့်ဖြစ်ပြီး ငိုကြွေးခဲ့ကြရတဲ့ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါတယ်။ “Pokemon Dectective Pikachu” ဇာတ်ကား ပြသမယ့် ရုပ်ရှင်ရုံမှာ Pikachu အစား “La Llorona” သရဲကား မှားပြခဲ့မိတာပဲ ဖြစ်ပါတယ်။

“Annabelle Comes Home” သရဲကား Trailer ပြသခဲ့ပြီးနောက်မှာ “La Llorona” ကို ပြသခဲ့တာကြောင့် ရုပ်ရှင်ကြည့်ရှုသူတွေဟာ Pikachu ရုပ်ရှင် မပြသခင် အစောပိုင်း Trailer ပြသတယ် အထင်နဲ့ ကြည့်ရှုခဲ့ကြတာပါ။ ကြည့်ရှုနေချိန် မိနစ်ပိုင်းခန့် အကြာမှာတော့ ဒါဟာ Trailer အစား ရုပ်ရှင်ဇာတ်ကားမှားပြီးပြသတာသာ ဖြစ်နေကြောင်းကို ရုပ်ရှင်လာရောက်ကြည့်ရှုသူ၊ နိုင်ငံတကာရုပ်ရှင်ဇာတ်ကား သတင်းဝက်ဘ်ဆိုက် တခုမှာ အလုပ်လုပ်တဲ့ Ryan George ဆိုသူက စတင်သတိထားမိသွားတာ ဖြစ်ပါတယ်။

RelatedPosts

ဟင်္သာတမြို့

ဟင်္သာတမြို့

22 June 2025
300
နတ်ဆား၏ အိပ်မပျော်သောည

နတ်ဆား၏ အိပ်မပျော်သောည

21 June 2025
418
တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
980

အဲဒီအချိန်မှာ ရုပ်ရှင်ရုံတွင်းက ကလေးငယ်တွေဟာ ထိတ်လန့်တကြား အော်ဟစ် ငိုယိုနေကြပြီး ကလေးမိဘတွေကလည်း ရုပ်ရှင်ရုံက တာဝန်ရှိသူတွေကို ခေါ်ယူမေးမြန်းကြည့်ဖို့ တောင်းဆိုနေခဲ့ကြတာပါ။ ရုပ်ရှင်ရုံက ရုပ်ရှင် မှားပြခဲ့တာကို စတင်သတိထားမိသွားတဲ့ Ryan George ကတော့ ဒီအဖြစ်အပျက်ကို သတင်းသမားပီပီ သူရဲ့ Twitter အကောင့်မှာ အချိန်နဲ့ တပြေးညီ ဓာတ်ပုံနဲ့တကွ တင်ခဲ့တာကြောင့် ဒီဖြစ်ရပ်ကို လူတော်တော်များများ သိရှိသွားခဲ့ကြတာလည်း ဖြစ်ပါတယ်။

“Annabelle trailer ပြသပြီးတဲ့အချိန်မှာ ရုပ်ရှင်ရုံထဲက ကလေးငယ်တချို့က ငိုနေကြပါပြီ၊ နောက်ထပ်ဆက်ပြီးပြတဲ့ La Llorona လည်းကျရော ကလေးမိဘတချို့ကရော ကျနော် ကိုယ်တိုင်ပါ နည်းနည်းအူကြောင်ကြောင် ဖြစ်သွားမိတယ်။ တကယ်ဆို Pikachu ဇာတ်ကား စပြရတော့မှာကို ဘာလို့ ဒီသရဲကား ပြရတာလဲ ဆိုပြီးတော့ပေါ့။ သိပ်မကြာလိုက်ဘူး သူတို့ပြနေတာဟာ La Llorona သရဲကားရဲ့ဇာတ်ကားအစဆိုတာလည်း သိလိုက်ရော ရုံထဲကတာဝန်ရှိသူတွေကိုလည်း အသိပေး၊ ကျနော့် Twitter အကောင့်မှာလည်း တင်လိုက်တာပါ” လို့ Ryan က ဆိုပါတယ်။

ဒီလို မှားယွင်းပြသခဲ့မိတာကြောင့် ကလေးတွေကို Pikachu ပြသနေတဲ့ တခြား ရုပ်ရှင်ရုံတရုံကို ပြောင်းပေးခဲ့ရပြီး အဲဒီရုပ်ရှင်ရုံမှာတော့ ဇာတ်လမ်းကို ခဏရပ်ကာ ကလေးတွေကို စောင့်ဆိုင်းပေးခဲ့ရပါတယ်။ ဒီလိုမျိုး ရုပ်ရှင်ဇာတ်ကား မှားပြသမိခဲ့တဲ့ အဖြစ်အပျက်ဟာ ၂၀၁၈ ခုနှစ်တုန်းက သြစတြေးလျက ရုပ်ရှင်ရုံတခုမှာလည်း ဖြစ်ပျက်ခဲ့ဖူးပြီး အဲဒီတုန်းကတော့ “Peter Rabbit” နဲ့ “Hereditary” သရဲကား မှားပြသမိခဲ့တာ ဖြစ်ပါတယ်။

Ref. www.tellerreport.com

You may also like these stories:

မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ စံချိန်တင် ဝင်ငွေရရှိခဲ့တဲ့ “Detective Pikachu” ရုပ်ရှင်

“Game of Thrones” သီးခြား ခွဲထွက်ဇာတ်လမ်း ၃ ခု ရိုက်ကူးရန် ပြင်ဆင်နေပြီလို့ သိရ

Jennifer Aniston ရဲ့ ညစာစားဖို့ ဖိတ်ကြားချက်ကို ငြင်းပယ်လိုက်တဲ့ အင်ဂျလီနာဂျိုလီ

Trailer အစား ရုပ်ရှင်ကား တကားလုံးကို YouTube ပေါ် မှားတင်မိခဲ့တဲ့ Sony

Your Thoughts …
Tags: Pikachuသရဲကား
ဟယ်လ်သင်

ဟယ်လ်သင်

Similar Picks:

နာမည်ကြီး သရဲကားများ

သရဲကားတွေကနေ ပေးတဲ့ လက်တွေ့ဘဝအတွက် အသုံးဝင်တဲ့ သင်ခန်းစာများ

by ဟယ်လ်သင်
1 November 2019
11.1k

ရုပ်ရှင်တွေဟာ ဖျော်ဖြေရေးသက်သက်တင် မဟုတ်ဘဲ လက်တွေ့ဘဝမှာ ကြုံတွေ့ရတဲ့အဖြစ်အပျက်တွေအတွက် ဘဝသင်ခန်းစာတွေကိုပါ ပေးစွမ်းနိုင်ပါတယ်။

သရဲကားကြည့်ရတာ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် အထူးအခွင့်အရေးပါ

ဟောလိုးဝင်းညမှာ သရဲကား ၁၃ ကားကို တယောက်တည်း ကြည့်ရုံနဲ့ ဒေါ်လာ ၁၃၀၀ ရရှိမယ့် အခွင့်အရေး

by ဟယ်လ်သင်
25 September 2019
22.8k

ဒီအခွင့်အရေးမှာ ရွေးချယ်ခံရတဲ့သူတွေအနေနဲ့ ဇာတ်ကားကြည့်ရှုနေစဉ် အသုံးပြုနိုင်မယ့် ခြုံစရာစောင်၊ နှလုံးခုန်နှုန်း တိုင်းကိရိယာ၊ သကြားလုံး၊ ပေါက်ပေါက်ဆုပ်၊ ရေနဲ့ အဆာပြေစားစရာ တချို့ကို ရရှိနိုင်မှာပါ

ဒါရိုက်တာ အောင်မြတ်  / ချစ်ပိုး / ဧရာဝတီ

လူမနေတဲ့ အိမ်အကြီးကြီးမှာ သရဲကား ရိုက်ခဲ့ရတဲ့ ဒါရိုက်တာ အောင်မြတ်

by ချစ်ပိုး
24 November 2019
4.7k

ကျနော်ကိုယ်တိုင်က သရဲကားကြည့်ရင်တောင် တယောက်တည်း မကြည့်ရဲဘူး။ အဲ့အတွက် သရဲကား ရိုက်ရမယ်ဆိုတော့ ကျနော်အတွက် စိန်ခေါ်မှုများတယ်လို့ ပြောရမယ်။

Next Post
အိပ်ရာဘေး အနီးတဝိုက်မှာ သံပရာသီးစိတ် ထားပေးခြင်းက သွေးပေါင်တက်ခြင်းကို သက်သာစေနိုင်ပါတယ်

အိပ်တဲ့အခါ သံပရာသီးစိတ်ကို အိပ်ရာအနီး ထားပေးရုံနဲ့ ရရှိမယ့် ကျန်းမာရေး ကောင်းကျိုးများ 

Princess Juliana အပြည်ပြည်ဆိုင်ရာ လေဆိပ်

ကမ္ဘာအနှံ့က အန္တရာယ်အများဆုံး လေဆိပ်များ

No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

6 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

2 days ago
4.4k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate